Saturday, January 26, 2008

အဲဒိနေ့က ... သူမ ... ကျနော် ... ဘာဖြစ်လို့ ? (၃)

သူမ

သူမနဲ့ မဆုံတာ ကြာပြီ .. ဒီနေ့ဆို ၅ ရက် တင်းတင်းပြည့်တာပဲ ...
ဘာဖြစ်နေပါလိမ့် ..
နေများမကောင်းလို့လား ...
တက်နေတဲ့ သင်တန်းပီးသွားလို့လား ..
ငါနဲ့ပဲ လွဲနေတာလား ...
ငါ့ကို တမင်များ ရှောင်နေတာလား .. ဘာဆိုင်လို့လဲ .. ငါမှ ဘာမှတောင်မလုပ်ရသေးပဲနဲ့ ... ကြည့်ရုံလေးကြည့်တာကို
ဒုက္ခပဲ

ကျနော်

အရင်က ပုံမှန်ဆို
၈ နာရီတိတိမှာ အိပ်ယာထလေ့ရှိတယ်။ ၅ မိနစ်လောက် အိပ်ယာထဲမှာ နှပ်၊ အမေက ကန်ပြီး လာခေါ်တော့မှ အပျင်းဆန့်ပြီး အိပ်ယာက ထ၊ အိပ်ယာသိမ်း၊ မျက်နှာမသစ်သေးပဲ ရုံး ထမင်းချိုင့်ပြင်ပေးနေတဲ့ အမေ့ကို အတင်းလိုက် နမ်း၊ ရေချိုးခန်းဝင် မျက်နှာသစ်၊ ရေချိုး၊ အမေအဆင်သင့် လုပ်ပေးထားတဲ့ ကုတင်ပေါ်က အ၀တ်တွေကို ယူဝတ်၊ မနက်စာကို အမြန်စား၊ ၈ နာရီခွဲ၊ ထမင်းချိုင့်ဆွဲ၊ မုန့်ဖိုးတောင်းပြီး ကားဂိတ်ကို ၅ မိနစ်နဲ့ အမြန် သုတ်ခြေတင်၊ ၁၀၀ တန် ပဲခူးကားကို စောင့်၊ ၉ နာရီ ရုံးရှိရာ လမ်းထိပ်ကို ရောက်၊ ၅ မိနစ်နဲ့ ရုံးကို အမြန်ပြေး၊ လက်မှတ်ကို နောက်ဆုံးမှ ထိုး၊ ကော်ဖီ တစ်ခွက်ဖျော်ပြီး တစ်နေ့တာ ရုံး အလုပ်တွေကို စတင်။

ဒီလို နေလာခဲ့တာ ...
သူမ ကြောင့်ပေါ့၊
အဲဒိ နှုပ်ခမ်းလေးကြောင့်ပေါ့ ...
မနက်ဆို ၇ ခွဲထဲက နိုးနေပြီ၊ ၈ နာရီ ၁၅ လောက်ဆို အိမ်ကထွက်ပြီ၊
ကားဂိတ်မှာ လာတဲ့ ကားတွေပေါ်မှာ သူမ များပါမလား စောင့်ကြည့် .. ဖြစ်နေပြီလေ ...
(သူမက ၄၃ နဲ့ ၁၀၀ တန် ပဲခူးကားတွေကို စီးလေ့ရှိတယ်လေ)
အမေက တော့ .. နင်အစထဲက ဒီလိုပုံမှန် ဖြစ်နေရမှာတဲ့ .. လိမ္မာလာပြီ ထင်ရှာတာပေါ့ ...

... သူမကြောင့်ပါ အမေ ... အဲဒိ နှုပ်ခမ်းလေးကြောင့်ပါ ...

အဲဒိနေ့က ...

မှတ်မှတ်ရရ .. ကျနော် နယ်ကို ခရီးထွက်ရမယ့်နေ့
အ၀တ်အစားတွေထည့်ပြီး အားလုံး အဆင်သင့်ဖြစ်ပြီးသား
အဖေက အထုတ်အပိုးတွေနဲ့ ရုံးကို လိုက်ပို့မယ်တဲ့ ...
ဟာ ... မဖြစ်ဖူး .. သူမကို စောင့်ရဦးမယ် .. ဒီနေ့တွေ့ချင်တွေ့မှာ ...
... ညနေမှ ပြန်လာယူမယ် ဖေကြီး ... သား ခုတနေရာ ၀င်စရာရှိလို့ ... (လိမ်ရပြန်ပြီ)

ကားဂိတ်မှာ လူတွေ ထုံးစံအတိုင်းလာပုံနေတယ်

ပထမ ၄၃ တစ်စီးလာတယ် .. ချောင်နေသားပဲ ..သူမကိုတော့ မတွေ့ဘူး
နောက် ၁၀၀ တန်ကား တစ်စီး .. အပြည့်ပဲ .. ခေါင်မိုးပေါ်တောင် တင်ထားသေးတယ်
နောက် တစ်စီး ..
နောက် တစ်စီး ..
အင်း .. မဖြစ်တော့ပါဘူး .. ဒီတစ်စီးလာရင်တော့ လိုက်သွားမှပါ မတွေ့တော့ဘူး ထင်ပါရဲ့ ..

ဟော .. လာပြီ
ကြပ်နေပြီဖြစ်တဲ့ နောက်တန်းမှာပဲ တွယ်လိုက်ဖြစ်တယ် .. အထဲကိုလဲ အတင်းချောင်းကြည့်တာ သူမ ကိုမတွေ့ဘူး ..

အဝေပြေး မှတ်တိုင်ရောက်လာတယ် ..
ဟင် ခုဏက ၄၃ ကဒီမှာပဲ ရှိသေးတယ် .. ကျောက်ချနေပြီထင်တယ် .. ဟားဟား
...
...
ဟား .. သူမပါလား ၄၃ ပေါ်မှာ ..
"ဟိုး .. ဆရာ .. အဝေးပြေးပါတယ် .. ဆင်းမယ် ဆင်းမယ် ..."
"ခင်ဗျားက စောစောပြောပါလားဗျ .. အိပ်ပျော်နေတယ်ထင်တယ် ဟုတ်လား .."
" ...."

၄၃ ပေါ်တက်လိုက်တယ် ..
ကြပ်နေတာပဲ ..
လှည်းတန်းဈေးရောက်မှ သူမကို မြင်ရတဲ့နေရာရောက်တယ် ..

အိုး .. လှလိုက်တာလေ ..
အရင်လိုပါပဲလား .. တည်တည်ငြိမ်ငြိမ် .. မျက်လွှာလေးချလို့
ဒီနေ့တော့ .. အနီရောင် အပေါ်အကျီင်္လေးနဲ့ .. (ဘာအမျိုးအစားလဲ ကျနော်မသိဘူး)
အောက်ကတော့ ထုံးစံအတိုင်း .. levis Jean အနက်ရောင်၊
UNICEF လွယ်အိတ်၊ အဆီလေးပဲ ဆိုးထားတဲ့ နှုပ်ခမ်းဖူးဖူး၊
ထူးထူးခြားခြား ဒီနေ့မှ တွေ့တဲ့ ညာဖက်လက်ကောက်ဝတ်က ပန်းရောင် လက်ပတ်လေး (Think Before You Pink)
(လှည်းတန်းမီးပွိုင့်ကို ဒီတစ်ခါ အရမ်းကျေးဇူးတင်မိတယ်၊ ကြာကြာစောင့်နေရလို့သာ သူမကို ကျနော် သေခြာ မြင်တွေ့ခွင့်ရတာလေ)

မီးပွိုင့်စိမ်းခါနီးတော့
သူမ .. ဆင်းဖို့ပြင်တယ် ..
တါံခါးပေါက်နားရောက်နေတဲ့ ကျနော့ရှေ့လာရပ်တယ် ..
ဟား ...
...
...
အချိန်တွေရယ် မကုန်ပါနဲ့ဦး
မီးပွိုင့်ရယ် မြန်မြန်ပြန်နီပါတော့ ...

ဟော ..
သူမ ကျနော့ကို တွေ့သွားတယ် ...
...
ဲပြုံးပြတယ် .. ကျနော် ပြန်ပြုံးပြလိုက်တယ် ..
"မတွေ့တာ ကြာပြီနော် ..."
"အင်း .. ဟုတ်တယ် .. နေမကောင်းလို့ .. "
ဗယ်ဖက် လက်ကောက်ဝတ်ကို ပြတယ်
"ဟာ .. ဆေးသွင်းထားရတာလား .. ဘယ်လိုဖြစ်တာလဲဟင်"
ကျနော် အသံမှာ စိုးရိမ်တဲ့အသံတွေ အရမ်းပါသွားတယ်ထင်တယ် .. သူမ နဲနဲတွန့်သွားတယ် ..
"အဟမ်း .. "
"ရိုးရိုးဖျားတာပါ ... အားနည်းနေလို့ ဆေးသွင်းထားတာ"
"သြော် ... ဟို .."

ပွိုင့်လွှတ်လိုက်ပြီ ..
ကားက အရှိန်နဲ့ ဆောင့်ထွက်လိုက်သည် ..
သူမ လက်ထဲက ပစ္စည်းတွေ အကုန်အောက်ကျကုန်သည် ..
"German" ပဲဖတ်လိုက်ရတဲ့ Directory တစ်ခု၊ ဘောပင်တွေထည့်ထားတဲ့ အိတ်၊ Diary စာအုပ်တစ်ခု ...

ကျနော် ပစ္စည်းတွေ လိုက်ကောက်ပေးရင်း .. ပွင့်နေတဲ့ Diary စာအုပ်ရှေ့ဆုံး မျက်နှာကို ဖတ်လိုက်မိသည်၊
name လို့ရေးထားတဲ့နေရာမှာ ကျနော် မသိတဲ့ စာလုံးတွေရေးထားသည်
address :???
Phone : 52XXXX

ကျနော် ဖုန်းနံပါတ်ကို အမြန်မှတ်လိုက်ပြီး ပစ္စည်းတွေပြန်ပေးလိုက်သည်။
"ကျေးဇူးနော် .. သွားတော့မယ်"
"..."

သူမ ဆင်းတော့မည် ...
လှေခါးတစ်ထစ် ..
နှစ်ထစ် ...
..
"ခဏ .. "
သူမ ရပ်သွားပြီး မော့ကြည့်သည် .. အိုး လှရက်လိုက်တာ
"ကျနော် ဒီနေ့ပဲ ခရီးထွက်ရတော့မှာ ၁လလောက် ကြာလိမ့်မယ်၊ ဖုန်းဆက်လို့ရတယ် မဟုတ်လားဟင် ... ညဖက်ဆက်လိုက်မယ်နော် ... ရတယ်မဟုတ်လားဟင် ..."
"အင် .. ဟုတ် .. ရပါတယ်... ဟို ..."
"ဒါနဲ့ နာမည်လေး ..."

"ဟာ ဟိုအစ်မ ဘာလုပ်မှာလဲ ဆင်းမှာဖြင့်ဆင်း၊ တက်မှာဖြင့်တက်၊ ကိုးလို့ကန့်လန့်နဲ့ .. ဟိုမှာ နောက်ကားပါလာပြီ"
ကားဘုရင် ကားစပါယ်ယာရဲ့ အသံကြောင့် သူမ ခပ်သုတ်သုတ် ပြေးဆင်းသွားသည်။
သူမ အောက်တောင် မရောက်တတ်သေး .. ကားက ဆောင့်ထွက်ပြန်သည်
ဟာ .. သွားပါပြီကွာ..
ကျနော် ဆင်းဖို့ အချိန်မမှီတော့ ...
ခုချိန် ဆင်းမယ် ပြောရင် အဆဲခံရဖို့ သေခြာသည်။

လှမ်းကြည့်လိုက်တော့ သူမ .. ကားကို လှမ်းကြည့်နေတာ မြင်ရသည်။
ဟား ပျော်လိုက်တာဗျာ ..
ရင်တွေကို တဒိန်းဒိန်းခုန်လို့ ..
အံမယ် .. ဘယ်ဆိုးလို့လဲ ဒီလိုကျတော့ ငါက နှုတ်သွက်သားဟ .. ဟားဟား
...
အဲ နေဦး ဖုန်းနံပါတ် ပြန်မှတ်ဦးမှ ..
52XXXX ဟုတ်ပြီ ...
...

အဲဒိအချိန်ကစပြီး ကျနော် ကားအမြန်မောင်းတာကိုလဲ မသိတော့ .. ဘယ်ကားမှတ်တိုင်ရောက်နေလဲ မသိတော့ ...
ဆင်းရမည့် မှတ်တိုင် ၃ မှတ်တိုင်လောက်ကျော်ပြီးမှ သတိရသည် ...
ဘာမှမဖြစ်တော့ ...
ရုံးရှိရာ လမ်းလျှောက်သာ ပြန်လာလိုက်သည် ..

မိုးတွေရွာလာလေပြီ ..
ဘာမှမဖြစ်တော့ ...

မိုးရွာထဲမှာ လမ်းလျှောက်ရတာ နဂိုထဲက ကြိုက်ပေမယ့် .. ခုချိန်လောက် လျှောက်လို့ကောင်းတာ မရှိတော့ ..
ပြုံးဖြီးဖြီးကြီးနှင့် ကျနော် လမ်းလျှောက်လာလေသည် ...

အသြော် .. အချစ်ဆိုတာ ဒါပဲလား ...

ကျနော်

ရုံးရောက်တော့ ကြွက်စုတ်ရေနစ်ဖြစ်နေသော ကျနော့ကို ၀ိုင်းပြီး ထောပနာပေးကြသည်။
"ဟဲ့ နင်ရူးနေသလား ... ဘယ်လိုဖြစ်လာတာလဲ ... ထီးမဆောင်းပဲ ဘယ်လိုဖြစ်လာတာလဲ"
"ဗျာ .. ထီးမပါဘူးလေ"
"ဘာလို့မပါရမှာလဲ နင့်ဘောင်းဘီနောက်မှာ ထိုးထားတယ်လေ .. ဟယ် .. ဖြစ်မှဖြစ်ရလေဟယ် ... ယောင်းမခါးကြားထိုးပြီး ရှာနေတာပဲ ကြားဖူးပါတယ် .. နင့်ဟာက "
"ဟားဟားဟား... ဟားဟားဟား"
"ဟားဟားဟား... ဟားဟားဟား"

ရှပ်ကိုးရှပ်ကမ်းဖြစ်နေသော ကျနော့ကို ၀ိုင်ရယ်ကြသည် .. ကျနော်လဲ အားရပါးရ ပြန်ရယ်ဖြစ်ခဲ့ပါသည်။
ရင်ထဲက အပျော်တွေကို ဘယ်သူသိနိုင်မှာလဲ နော် ..

............................

(အဖေ လာပို့ထား၍ ရောက်နှင့်နေသော အ၀တ်အိတ်မှ အ၀တ်တွေယူလဲလိုက်ရသည်)

------------------------------------------to be continue ------------------------------------------------

မကြာခင် ... တကယ့်ကို မကြာခင် ပြီးအောင်တင်ပေးပါမယ်ဗျာ



Powered by ScribeFire.

Thursday, January 10, 2008

အဲဒိနေ့က … သူမ … ကျနော် … ဘာဖြစ်လို့ (၂)


အဲဒိနေ့က


ကျနော် အိပ်ယာထ နောက်ကျလို့ ကားမှတ်တိုင်ကို ခပ်သွက်သွက်လေး လျှောက်လာလိုက်တယ်။

"8:31am"

၄၃ ကားတစ်စီးလာတယ်။ မဖြစ်ပါဘူး … ဒီကားတွေနဲ့ လှည်းတန်းမှာ အကြာကြီးရပ်ဦးမှာ။ …. ။ ထောက်ကြံ့၊ ပဲခူးသွားတဲ့ Hilux ကားလေးတွေပဲ ၁၀၀ ပေးပီစီးသွားလိုက်တော့မယ်။

ဟော !! လာပြီ… ထောက်ကြံ့ကားတစ်စီး …

"အင်းစိန်၊ ထောက်ကြံ့ … အင်းစိန်၊ ထောက်ကြံ့ …"

ကားနောက်မှာ လှမ်းတွယ်လိုက်တယ်။ ကားထဲမှာ ထိုင်စရာပြည့်နေတယ်။ နောက်ဆုံးက အလယ်ထုင်ခံပုလေးကတော့ လွတ်နေတယ်။ ထိုင်ရရင် ကောင်းမလား။ တွယ်တဲ့လူက ကျနော်ပါမှ ၂ နှစ်ယောက်ထဲ။

"အင်း .. မဆိုးပါဘူး၊ တွယ်ပဲတွယ်လိုက်တော့မယ်"

ကားခပေးပြီး ရုပ်တရက် ကားထဲကို လှမ်းကြည့်လိုက်မိတယ် … ဘယ်ဘက် ခုံတန်းအလယ်လောက်မှာ ထိုင်နေတဲ့ နှုပ်ခမ်းတစုံကို လှမ်းတွေ့လိုက်တယ်။

"ဟင် … "

"သူမ … သူမ ပါလား"

ရှေ့ကလူတွေ ကြည့်နေတာ သတိထားမိတော့မှ ကိုယ့်ပုံစံကို ပြန်သတိရတယ်။ ကားနောက်မှီးကနေ ဒူးညှတ်ပြီး အထဲကို ခပ်ကုန်းကုန်း ကြည့်နေမိတာလေ။ ပြန်ရပ်လိုက်တယ်။ ကားခေါင်မိုးကို ကျော်ပြီး ဟိုးရှေ့ကို လှမ်းကြည့်နေမိတယ်။ လေတဖြူးဖြူးနဲ့။ အရာရာတိုင်းမှာ နှုပ်ခမ်းနီရာတွေကို တွေ့နေရတယ်။ ခပ်ဖြော့ဖြော့လေးတွေလေ။

အဝေးပြေး မှတ်တိုင်မှာ လူတွေဆင်းသွားတော့ ညာဖက်ခြမ်းက ခုံတွေအားသွားတယ်။ နောက်ဆုံးနားမှာ ၀င်ထိုင်လိုက်တယ်။


သူမ


သူမက အ၀ါနုရောင် T-Shirt လေးဝတ်ထားတယ်။ HandTen တံဆိပ်သေးသေးလေးကလွဲရင် ဘာစာ ဘာပုံမှ မပါဘူး။ ဂျင်းဘောင်းဘီနဲ့ပဲ။ ဒါပေမယ့် မတိုဘူး … ပုံမှန်ပဲ။ Lavigne လဲပါတယ်။ Giodano မဟုတ်တော့ဘူး။ UNICEF တံဆိပ်လေးပါတဲ့ ချည်သား လွယ်အိတ်လေး။ လက်ထဲမှာ ခပ်ထူထူ စာအုပ်တစ်အုပ် ကိုင်ထားတယ်။ ဘာစာအုပ်ပါလိမ့်။ စာအုပ်ပေါ်မှာ ကွန်ပါဘူးလေးတစ်ခုကို ရောကိုင်ထားတယ်။ ကျူရှင်တက်နေတာလား။ ၁၀ တန်းတော့ မဖြစ်နိုင်ဘူး။ တက္ကသိုလ် ပဲဖြစ်မယ်။ ဒါမှမဟုတ် … အာ ... မသိဘူး…

"8:47am"

သူမကတော့ တည်တည်ငြိမ်ငြိမ်လေးပါပဲ။ မျက်လုံးလဲ မကစားဘူး။ အရမ်းလဲ မတည်၊ အရမ်းလဲ မပြုံး၊ ပုံမှန်လေးနေနေတယ်။ သူ့ဗယ်ဘက်ကနေ အပြင်ကို လှမ်းကြည့်နေတော့ … ကျနော် ကြည့်နေတာ သူမ မသိဘူး။ (ထင်ရတာပဲ … မိန်းခလေးတွေက ဒါမျိုးမှာ သိပ်သွက်တယ်လို့ ကြားဖူးတယ်)

"လှည်းတန်းဈေးပါလား? လှည်းတန်းဈေးပါလား? … မှတ်တိုင်ကို မောင်း … ဆရာ"

လှည်းတန်းပွိုင့်မှာ စောင့်နေရတယ်။ ကားပေါ်မှာ ၄ ၅ ယောက်ပဲ ကျန်တော့တယ်။ သူမ ကျနော့ကို မြင်သွားတယ်။ သူမ မျက်လုံးလေး အရည်လဲ့သွားတယ်လို့ထင်လိုက်ရတယ်။


"ကိုယ့်ကို မှတ်မိနေတာလား .. မဟုတ်လောက်ပါဘူး"

သူမ ဘေးဘီဝဲယာကို ကြည့်တယ်။ လမ်းဆင်းလျှောက်တော့မယ်ထင်တယ်။ ဟုတ်တယ်။ သူမ ကားပေါ်က ဆင်းသွားတယ်။ ကျနော် ဘာလုပ်ရမလဲ … ဘာလုပ်ရမလဲ …

၁ စက္ကန့်

၂ စက္ကန့်

၃ စက္ကန့်

အနီ

အ၀ါ

ကျနော်ကားပေါ်က ဆင်းဖို့ကြိုးစားတယ် .. နောက်မှီးက လှေခါးကို နင်းမိချိန်မှာ ကားလီဗာ နင်းသံကို ကြားလိုက်ရတယ်။

"စိမ်းသွားဘီ ဆရာ"

ကျနော် ခုန်ချလိုက်တယ်။

"ကျီ … "

ပွိုင့်လွှတ်လို့ စထွက်တဲ့ နောက်ကကား တုန့်ခနဲရပ်သွားတယ်။

!@#!!$%%^& !!!
$&&##^^@!!!

"Sorry ..!"

ခပ်သွက်သွက်လေး လမ်းကူးလာခဲ့တယ်။ ကားတွေပေါ်ကလှမ်း မေတ္တာ ပို့သံတွေ ဆူသွားတယ်။

"Sorry ..!"


ကျနော်


လှည်းတန်းမှတ်တိုင်ရောက်တဲ့အထိ ဟိုဖက်ရော ဒီဖက်ရော သူ့ကို ရှာမတွေ့တော့ဘူး။

လူကူးမြင်းကြား ကနေ ဟိုဖက်လမ်းကို ကူးသွားလိုက်တယ်။ လမ်းလယ်က ပလက်ဖောင်းပေါ် ရပ်ပြီး ကားတွေ ရှင်းတဲ့အထိစောင့်ရင်း ကျနော် စိတ်တွေ လှုပ်ရှားလာတယ်။ သူဘယ်ရောက်သွားတာလဲ။ ဒီဖက်မှာ ကားပြောင်းစီးတာလား။ လှည်းတန်းမှာပဲ သင်တန်းတက်တာလား။

ပါတ်ဝန်းကျင်တစ်ခုလုံး ခြာခြာလည်နေတယ်။ အသံတွေဆူညံလာတယ်။ ကားတွေရှုပ်လာတယ်။ အရမ်းပူလာတယ်။ အာခေါင်တွေခြောက်ပြီး ရေဆာလာတယ်။ ရေ … ရေ …


ဟူး … ရင်ထဲကလေပူတွေကို မှုတ်ထုတ်လိုက်မိတယ် … ရင်မောရပါလား … နှုပ်ခမ်းလေးရယ်


စိတ်ညစ်ညစ်နဲ့ ၄၈ mini bus ကိုတွယ်ပြီး စီးလာလိုက်မိတယ်။ ကားပေါ်မှာ ခုံအလွတ်တွေ အများကြီး …။ လမ်းဘေးကို ငေးမောရင်းနဲ့လေ။
အလုပ်ရှိရာ … သံလမ်းဘက်သို့ …

"9:05"

"9:05"

ကားစထွက်ပြီး ခဏ၊ ဓါတ်ပုံဆိုင်ရှေ့နားအရောက် ….

လမ်းဘေးမှာ

စာအုပ်လေးကို ရင်ခွင်ထဲ ပိုက်ပြီး လမ်းလျှောက်နေတဲ့

နှုပ်ခမ်းလေး …

ဟား………..


သူမ ရုတ်တရက် လှပ်ခနဲ လှမ်းကြည့်လိုက်တယ် …

အရောင်လက် သွားတဲ့ မျက်ဝန်းတစ်စုံက ...

အပြုံးလေးတစ်ပွင့် နဲ့ ကျနော့ကို လှမ်းပစ်တယ် …


ကျနော် ပြန်ပြုံးပြလိုက်မိသလား … မမှတ်မိလိုက်ဘူး

ကျနော် နောက်တစ်ခါ လေထဲကို မြှောက်တက်သွားတယ် …


ဘာကြောင့်များ

"9:25am"

"လိပ်မိဘီနော် .. လိပ်စာအုပ်မှာသာ ထိုးတော့မောင်လေး …"

“ဟဲဟဲ …”
“စတာပါဟာ … ဟဲ့ နင်ဘာဖြစ်နေတာလဲ စပ်ဖြီးဖြီးနဲ့ ဘာတွေအူမြူးနေတာလဲ …”

“ဟဲဟဲ …”
“… အဲန်”
“ဟဲဟဲ”

...


(ဆက်ပါဦးမည်)

Wednesday, January 9, 2008

အဲဒိနေ့က … သူမ … ကျနော် .. ဘာဖြစ်လို့ … (၁)

ဘ၀မှာ ပထမဦးဆုံးရေးဖူးတဲ့ … မတောက်တစ်ခေါက်နဲ့ ရေးထားတဲ့ ခပ်ကြောင်ကြောင်အချစ်ဇာတ်လမ်းလေးပါ။ အားပေးကြနော်.. ဟီး


အဲဒိနေ့က …

နောက်နေ့ ပေးရမယ့် အလုပ်အတွက် ကျနော် ခေါင်းရှုပ်နေတယ်ဗျာ … ရုံးဆင်းချိန်ဆိုတော့ ကားတွေကလဲ အရမ်းကြပ်ပြီး ရှုပ်နေတယ်။ ဒီတော့ လူရှင်းလောက်မယ် ထင်တဲ့အထိ ၄၅ မိနစ်လောက် စောင့်ပြီးမှ လာတဲ့ ကားပေါ်တက်လာလိုက်တယ်။ သိပ် မထူးခြားပါဘူး။ ကားပေါ်က ဆူညံရှုပ်ထွေးနေတဲ့ လူတွေကြားထဲ ကျနော် ခေါင်းတွေကိုက်လာတယ်။ အိပ်ထဲက MP3 player ကိုထုတ်၊ Linkinpark ရဲ့ သီချင်းကို အကျယ်ကြီးဖွင့် နားထောင်ပြီး ပါတ်ဝန်းကျင်နဲ့ စည်းခြားထားလိုက်တယ်။ ပုံမှန်ဆို ကြည့်မြင်တိုင်ဘက် သွားမယ့် ကားက လှည်းတန်းဒီဖက်ထိပ်မှာ သိပ်ကြာကြာရပ်လေ့ မရှိဘူးလေ။ ဥချင်ရင် ဟိုဖက် ဈေးဖက်မှာသာ ကြာကြာ စောင့်တက်တာ။ ခု ဘာဖြစ်လို့ ဒီလောက်ကြာနေရတာလဲ ….

နားထဲက နားကြပ်ကို ဖြုတ်လိုက်တယ်။ ကားပေါ်က လူတွေရဲ့ တစ်ယောက်တစ်ပေါက် ပြောဆိုနေသံတွေကြားမှာ ကားစပယ်ယာရဲ့ “မြေနီကုန်း … ဆူးလေ … မြေနီကုန်း … ဆူးလေ …” ဆိုတဲ့ အသံက ကျနော့ နားကို ပြေးစောင့်တယ်။ ဟာ … ငါ မြို့ထဲသွားမှာမှ မဟုတ်တာ။ ကားမှားပြီဟ !!

ဂမန်းကတန်း ကားပေါ်က ပြေးဆင်း၊ ထပ်မမှားအောင် လှည်းတန်းဈေးဖက်ကပဲ သွားစီးတော့မယ့်လို့ ဆုံးဖြတ်၊ နားကြပ်ပြန်တပ်ပြီး ဦးထွန်းလင်းခြံလမ်းဖက် ဦးတည် လမ်းလျှောက်လာလိုက်တယ်။

သူမ …

ကျနော့် ရှေ့မှာ ကောင်မလေးတစ်ယောက် လမ်းလျှောက်နေတယ်။ မှတ်မှတ်ရရပဲ။ အနီရောင် ဆွယ်တာလေးဝတ်ထားတယ်။ လက်စကလေးနဲ့။ ဂျင်းဘောင်းဘီ 3 Quarter လေးနဲ့။ အနက်ရောင် Giodano ကျောပိုးအိပ်မှာ Avril Lavigne အ၀ိုင်းပြားလေးတစ်ခု ချိတ်ထားတယ်။ လှည်းတန်းလို နေရာမျိုးမှာ သူမရဲ့ အလှက ကျနော့ကို ထူးထူးခြားခြား မဖြစ်စေခဲ့ပါဘူး။

သူလဲ ဦးထွန်းလင်း ခြံလမ်းဖက်ကို ကွေ့ဝင်သွားတယ်။

မိန်းခလေးတစ်ယောက်အနောက်က လျှောက်နေရတာ စိတ်မသန့်တာနဲ့ ကျော်တက်ဖို့ ကြိုးစားရင်း ခြေလှမ်းကို အရှိန်မြှင့်လိုက်တယ်။

သူ့ခြေလှမ်းတွေလည်း ပိုသွက်လာတယ်။ ကျနော် ထက်မြန်လိုက်တယ်။ သူမလဲ အရှိန်တင်လိုက်တယ်။ လူတွေကြားထဲ တိုးဝှေ့ရင်း။ အင်း .. ဒုက္ခပဲ။

လှည်းတန်းဈေးထဲ ရောက်လာတယ်။

လမ်းလျှောက်ပြိုင်နေကြသူ နှစ်ယောက်…

ကွေ့တစ်ခုရောက်တော့ ရှေ့က လာနေသူတွေကြားထဲ အတင်းတိုးဝင်ရင်း သူမကို ကျော်တက်လိုက်တယ်။

(ဟားဟား … ဘယ်ရမလဲ .. ငါကွ.. )

ဟော .. ရှေ့မှာ ၄၃ ကားတောင် အဆင်သင့် ရောက်နေပါရောလား ..

ကားပေါ်တက်ပြီး နေရာယူလိုက်တယ်။ မှတ်တိုင်မကျော်သွားရအောင် နားကြပ်ကို တစ်ဖက် ချွတ်လိုက်တယ်။

“ကြည့်မြင်တိုင် … ညဈေး … တစ်ယောက်”

အလုပ်ကိစ္စက ခေါင်းထဲပြန်ရောက်လာတယ်။ အင်း … ဘယ်လို လုပ်ရပ…

ကျနော်

ကားစပယ်ယာ ရဲ့ ညင်ညင်သာသာ တွန်းတိုက်ချက်ကြောင့် ရှေ့ဖက်ကို ဟန်ချက်ပျက်သွားတယ်။

“ဘာလဲဟ”

ဒီတော့မှ ဘေးနားက မျက်မှောင်ကျံ့နေတဲ့ကောင်မလေးတစ်ယောက်ကို သတိထားမိသွားတယ်။
ဟင် … အနီရောင်၊ ဆွယ်တာ၊ Giodano၊ Jean၊
အို … သူမပါလား။

“စိတ်ညစ်ပါတယ်နော် ” ဆိုတဲ့ အကြည့်နဲ့ ကျနော့်ကို ကြည့်တယ်။
ကျနော် ခပ်ယဲ့ယဲ့လေးသာ ပြုံးပြလိုက်နိုင်တယ်။
“အင်း ဟုတ်တယ်”

သူမ ပြန်ပြုံးပြတယ် …



Linkinpark သီချင်းသံတွေ တိတ်သွားတယ်။ ယိုင်ထိုးနေတဲ့ ကားက ညိမ်သွားတယ်။ ဆူညံနေတဲ့ ကားပေါ်ကလူတွေ မရှိတော့ဘူး။
ကျနော် … လေထဲမြောက်နေသလိုခံစားရတယ် … ရင်ထဲမှာ တလှပ်လှပ်နဲ့။

“အိုး …. လှလိုက်တဲ့ အပြုံးလေးပါလား”


“ညဈေးပါလား? ညဈေးပါလား? ပြောနေတုန်း နားထောင်ကြနော် … နောက်မှ လာပြောရင် ရပ်မပေးဘူး”

ဟင် မြန်လိုက်တာ …
ဆင်းရမှာလား …
ဆက်လိုက်သွားရမှာလား …
သူမ များတစ်မျိုးထင်သွားမလား …

တံခါးပေါက်နားမှာ ရပ်လိုက်တယ်။ နောက်ကို တစ်ချက်လှည့်ကြည့်မိတယ်။ အပြုံးလေးများ ထပ်မြင်ရဦးမလား …

အနီရောင်၊ Giodano, Jean, Avril Lavigne…

ဘာဖြစ်လို့…

ဘာဖြစ်လို့…
ဘာဖြစ်လို့…
ဘာဖြစ်လို့…


(ဆက်ပါဦးမည်)

Wednesday, January 2, 2008

ရောက်တက်ရာရာ ခရီးသွားမှတ်တမ်း အပိုင်းအစလေးများ (၁) [ပုဂံ၊ ညောင်ဦး]


ထူးထူးဆန်းဆန်း ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ နက်ဖြန်ခါ ကျိုက်ထီးရိုးကို ခရီးသွားမယ်ဆိုတော့ ခရီးစဉ်အကြောင်း blog လေးရေးမယ်လို့ စဉ်းစားဖြစ်ပါတယ်။ ဒီလိုနဲ့ အရင်က သွားဖြစ်ခဲ့တဲ့

ဟိုးအရင် ၂၀၀၆ ခုနှစ် ၈ လပိုင်းလောက်က ကျနော် အလုပ်ကိစ္စနဲ့ မန္တလေးတိုင်းက ခရိုင်မြို့တွေအားလုံး နီးပါးကို သွားဖြစ်ခဲ့ပါတယ်။ အလုပ်လဲဖြစ် ဒေသံဒယ ဗဟုသုတလဲ ရရင်းပေါ့လေ။ နဂိုထဲက ကျနော်က ခရီးသွားရတာကို အရမ်းကြိုက်ပါတယ်။ အသက် ၂၃ နှစ်မတိုင်ခင်အထိ ကျနော် ရန်ကုန် ကလွဲရင် ရောက်ဖူးတဲ့ နယ်မြို့တွေက လက်တဖက်တောင် မရှိပါဘူး။ အဲဒိ အလုပ်ရောက်မှပဲ ခဏခဏ ခရီးထွက်ဖြစ်ခဲ့တာပါ။ အကြိမ်ရေအများဆုံးကတော့ IT Company တွေရဲ့ ထုံးစံအတိုင်း နေပြည်တော် ရွှေမြို့တော်ကြီးပဲပေါ့။ တလကို အနဲဆုံး ၁ ခေါက်လောက်ကို ရောက်ဖြစ်ခဲ့တာပါ။

အဲ .. ခုဏက စကားကို ပြန်ဆက်ရရင် ကျနော် မန်းလေးတိုင်းကို ခရီးသွားရမယ်ဆိုတော့ စိတ်အလှုပ်ရှားဆုံးက ညောင်ဦးခရိုင် ပါလာတာပါပဲ။ ညောင်ဦးရောက်ရင် ပုဂံကို ရောက်ပြီပေါ့။ ကျနော့ ဘ၀မှာ အသွားချင်ဆုံး နေရာတစ်ခုပေါ့။ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ် ဆိုတဲ့ ဆိုစကားကလဲ ရှိတယ်မှတ်လား။ ဒီလိုနဲ့ အခက်အခဲတွေ ကြားထဲကပဲ ညောင်ဦးကို ရထားတတန်၊ ကားတတန်နဲ့ ရောက်သွားရော ဆိုပါတော့ဗျာ။ ရောက်စ ၃ ရက်လောက်ကို အလုပ်တွေပဲ ဖိလုပ်ဖြစ်ခဲ့တယ်။ ညဖက်မှသာ နီးနီးနားနား မှာ ရှိတဲ့ ရွှေစည်းခုံ ဘုရားကို ရောက်ဖြစ်ပါတယ်။ ကျနော်နဲ့ အတူသွားတဲ့ ကြေးတိုင်နဲ့ မြေစာရင်းဌာနက အရာရှိက စာပေကို အရမ်း နှံစပ်တာဗျ၊ သမိုင်းကိုလဲ သေခြာလေ့လာတယ်၊ တစ်လမ်းလုံး သူ့နဲ့ စကားတွေ အများကြီးပြောဖြစ်တယ်။ ဗဟုသုတတွေလဲ အများကြီးရခဲ့တာပေါ့။ ဘာသာတရားနဲ့ ပါတ်သတ်လို့လဲ သေသေခြာခြာ စာပေအထောက်အထားနဲ့ ပြောပြတတ်တယ်သေးတယ်။ အလုပ်မှာတင် ထူးချွန်ယုံမက ပြင်က ဗဟုသုတ နဲ့ပါ အများကြီးပည့်စုံတဲ့ မြန်မာ ပညာရှင်တစ်ယောက်ပါပဲဗျာ။


ဒီလိုနဲ့ ပထမဦးဆုံး ရွှေစည်းခုံ ဘုရားကို သွားတဲ့လမ်းမှာ သူက ဘုရားရဲ့ ရာဇ၀င် အကြဉ်းကို ရှင်းပြတယ်။ ဘုရားကိုလဲ ရောက်ရော ကြည်ညိုလွန်းလို့ မျက်ရည်တောင်လည်မိတယ်ဗျာ။ ရှေးမြန်မာတွေရဲ့ ကြီးကျယ် ခန်းနားမှုနဲ့ အသေးစိတ်လွန်းတဲ့ ဗိသုကာ လက်ရာတွေကိုလဲ အေးအေးဆေးဆေး လေ့လာဖြစ်တယ်။ ကျနော် အကြိုက်ဆုံးကတော့ ဘုရားပေါ်ကို တက်သွားတဲ့ လှေခါးကြီးကိုပါပဲ တကယ့် ရှုမညီးဖွယ်ဆိုတာ ဒါကို ပြောတာနေလိမ့်မယ်။ ကျနော် လှေခါးကို သေခြာစိုက်ကြည့်နေတာ ဘယ်လောက်ကြာသွားလဲ မသိဘူး ခြေထောက်တွေတောင် ကျင်လာတဲ့အထိပဲ။ စိတ်ထဲမှာလဲ အဲဒိလှေခါးကြီးပေါ်ကို အနော်ရထာမင်းကြီးက အဆောင်အယောင်တွေနဲ့ ကြွချီလာပြီး ဘယ်လိုမျိုးများ လာရှိခိုးလေမလဲလို့ စိတ်ကူးယဉ်ကြည့်မိနေသေးတယ်။ (ရုပ်ရှင်ထဲမှာ ဆိုရင်တော့ flash back လေးနဲ့ ပြချင်ပြမှာပေါ့ဗျာ.. ဟီးဟီး)

Tiny StatueStairwayShwezigon Pagoda

ဘုရားရဲ့ ထီးတော်ကိုသာ မြင်ရတယ်ဆိုတဲ့ ရေခွက်လောက်သာသာရှိတဲ့ ကျောက်ပြားပေါ်က ရေအိုင်လေးကိုလဲ ကြည့်ခဲ့တယ်။ ဘုရားရဲ့ ထီးတော်ကို ရေအိုင်လေးထဲကနေမြင်ရတာ က မှန်ရဲ့ သဘောတရားပါပဲ။ ကျနော်ထင်တာလေ။ တခြားနေရာတွေလဲ မြင်နေရတာပဲဟာကို။ နောက် နေရာရွှေ့ကြည့်ရင်း ကြည့်ရင်းနဲ့ နောက်ဆုံး နေရာမှန်သွားတော့မှ ဟော.. တွေ့လား ဘုရားထီးတော်ကို မြင်ရတယ်။ အင်း ... ဒီရေအိုင်လေးဟာ ဗိသုကာ လက်ရာသဘောနဲ့ ကြည့်မယ်ဆိုရင် ရှေးမြန်မာတွေ ဘုရားတည်တဲ့ အခါ လေးဖက်လေးတန်မှာ ဘုရားရဲ့ alignment ကိုချိန်ညှိဖို့ တိုင်တွေစိုက်လေ့ရှိတယ်တဲ့။ ခုတွေရတဲ့ ကျင်းနေရာက အဲဒိတိုင်တွေစိုက်ခဲ့တဲ့ နေရာလေးတွေပေါ့။ အဲလို မြေကျင်းမာမာလေးတွေကို ဘုရားတိုင်းလိုလိုမှာ တွေ့ရတတ်တယ်တဲ့။ ခုကျင်းကတော့ ဗဟိုနေရာပေါ့။ သူက မြေတိုင်းသဘော သဘာဝ တွေကို သေခြာရှင်းပြပါသေးတယ်။ ခုတော့ မမှတ်မိတော့ ဘူး။ သူပြောတာလဲ ဖြစ်နိုင်တယ်ဗျ နောက်နေ့ ပုဂံက ဘုရားတွေကို ရောက်တော့ သေသေခြာခြာ လိုက်ရှာကြည့်တာ တွေ့ရတယ်ဗျ။ အင်း မြန်မာတွေရဲ့ ပါးစပ်ရာဇ၀င်ကလဲ တယ်များတာကလား။ ဒီလို ပါးစပ်ရာဇ၀င်တွေကနေ တကယ်ပဲ ရှိသလိုလို သမိုင်းမှာပါ ရေးသားရတဲ့အထိ ဖြစ်လာတာတွေ အများကြီးရှိပါတယ်။ ( အဓိကကတော့ နတ်နဲ့ ပါတ်သတ်တာတွေပေါ့.. ကျနော်က သေခြာသိတာလဲ မဟုတ်တော့ ပြန်မရှင်းနိုင်မှာနဲ့ အတူ ပြောမနေတော့ပါဘူး ဟီးဟီး)


ဆက်ရန်... တူဘီကိုတင်ညွှန့်
ဒီနေရာမှာပဲ တိုးလို့တန်းလန်းလေး ရပ်ထားပါရစေဗျာ .. နက်ဖြန်ခရီးသွားဖို့ ပြင်ရဆင်ရဦးမှာမို့ပါ။ ခွင့်လွှတ်ကြပါနော်။ ပြန်လာမှ ကျိုက်ထီးရိုးခရီးစဉ်အကြောင်းလေး ပြောရင်းနဲ့ ဆက်ရေးပါဦးမယ်။

Tuesday, January 1, 2008

မော်စကိုက ကမ္ဘာ့အကြီးဆုံးဖြစ်လာမယ့် အဆောက်အဦး Crystal Island

Norman Foster Tallest Skyscraper in the World, Crystal Island by Foster and Partners, Crystal Island, The Christmas Tree building, Foster and Partners, Gigantic Crystal Island Building in Moscow, Moscow gears up for world’s tallest building, Foster + Partners, Tallest Building in the World, Tallest

လျှင်လျှင်မြန်မြန်ကြီးတိုးတက်လာနေတဲ့ မော်စကိုမြို့ ကောင်းကင်ယံမှာ ငေးမောကြည့်စရာ အဆောက်အအုံကြီးတစ်ခု ကို မကြာခင်မြင်တွေရဖို့ ရှိနေပါတယ်။ ဆောက်လုပ်ပြီးစီးခဲ့ရင် အမ္ဘာ့အကြီးဆုံးဖြစ်လာမယ့် ဒီ Crystal Island လို့ခေါ်တဲ့ အဆောက်အဦးကြီးဟာ 27 မီလီယံ ကုဗပေ ရှိပြီး ဒေါ်လာ ၄ ဘီလီယမ်လောက်ကုန်ကြမှာဖြစ်ပါတယ်။ နောက် ၅ နှစ်အတွင်းမှာ ဆောက်လုပ်ဖို့ ရာထားပြီး “city within a building” အဆောက်အအုံထဲက မြို့လို့လဲခေါ်ပါတယ်။

ဒီ project ရဲ့ အချက်အလက်တွေကလဲ စိတ်ဝင်စားဖို့ကောင်းလှပါတယ် - ကြမ်းပြင်အကျယ်အ၀န်းဟာ ၀ါရှင်တန်မှာရှိတဲ့ ပန်ဒါဂွန်စစ်ဌာနချုပ်ရဲ့ လေးဆရှိပါတယ်။ ပေပေါင်း ၁၅၀၀ ရှိမယ့် ဒီအဆောင်အဦးမှာ အိမ်ခန်းပေါင်း ၉၀၀၊ ဟိုတယ်အခန်းပေါင်း ၃၀၀၀၊ ကျောင်းသားပေါင်း ၅၀၀ လောက်ဆံ့မယ့် နိုင်ငံတကာကျောင်းတခု၊ ရုပ်ရှင်ရုံတွေ၊ ပြဇာတ်ရုံတစ်ခု၊ အားကစားရုံ တစ်ခုနဲ့ ကျန်တာတွေလဲ အများကြီးရှိပါသေးသတဲ့။ နောက်ပြီး လာလည်တဲ့လူတွေအတွက် ကားပေါင်း ၁၆၅၀၀ ရပ်နားနိုင်မယ့် မြေအောက် ကားပါကင်တစ်ခုလဲ ပါရှိဦးမှာဖြစ်ပါတယ်။ ဒီ crystal island ကိုလာလည်တဲ့လူတွေ မော်စကိုမြိုကို ပေပေါင်း ၉၈၀ မြင့်တဲ့ မျှော်စင်ပေါ်ကနေလဲ ကြည့်ရှုနိုင်မှာပါ။

ကျနော်တို့ မျှော်လင့်ထားသလိုပဲ ကမ္ဘာ့အကြီးဆုံး ဖြစ်လာတော့မယ့် ဒီအဆောင်အအုံကြီးမှာ သဘာဝပါတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဒီဇိုင်းတွေနဲ့ တည်ဆောင်မှာပါ။ အပြင်ဘက်မှာ နေရောင်ခြည်စွမ်းအင်ကို ရယူနိုင်ဖို့ solar ပြားတွေတပ်ဆင်ထားမှာ ဖြစ်ပြီး တာဝါကြီးတစ်ခုလုံးကို မီးပေးနိုင်ဖို့ လေအားကနေ လျှပ်စစ်ထုတ်ယူဦးမှာ ဖြစ်ပါတယ်။ အဆောက်အဦးကြီးမှာတပ်ဆင်ထားတဲ့ တံခါးရွက်တွေကနေ လတ်ဆတ်တဲ့ သဘာဝလေတွေကို အဆောင်အဦး အတွင်းပိုင်းအထိ လိုအပ်ချက်နဲ့အညီ ရယူမှာဖြစ်ပါတယ်။ ဆောင်းတွင်းမှာ နွေးထွေးစေဖို့ တံခါးရွက်တွေကို ပိတ်မှာဖြစ်ပြီး၊ နွေရာသီမှာတော့ သဘာဝလေတွေရရှိစေဖို့ ဖွင့်ထားမှာ ဖြစ်ပါတယ်။ စွမ်းအင်စီမံခန့်ခွဲမှုကလဲ အရေးပါလှပါတယ်။ ပြန်လည်အသုံးချနိုင်သော စွမ်းအင် ထုတ်လုပ်တဲ့စက်ကြီးတွေနဲ့ ကာဗွန်ထုတ်လုပ်မှုနည်းတဲ့ စက်ကြီးတွေလဲ အများအပြားပါရှိဦးမှာပါ။


Norman Foster Tallest Skyscraper in the World, Crystal Island by Foster and Partners, Crystal Island, The Christmas Tree building, Foster and Partners, Gigantic Crystal Island Building in Moscow, Moscow gears up for world’s tallest building, Foster + Partners, Tallest Building in the World, Tallest

Norman Foster Tallest Skyscraper in the World, Crystal Island by Foster and Partners, Crystal Island, The Christmas Tree building, Foster and Partners, Gigantic Crystal Island Building in Moscow, Moscow gears up for world’s tallest building, Foster + Partners, Tallest Building in the World, Tallest

David Beckham Temple, Thailand

အင်း .. ယိုးဒယားတွေကတော့ ထူးထူးဆန်းဆန်းတွေ လုပ်လိုက်ပြန်ပြီ၊ လုပ်သင့်လား မလုပ်သင့်လားမစဉ်းစားကြဘူးလားမသိဘူး။ ကြည့်ရတာ တော်တော် စိတ်ညစ်သွားတယ်ဗျာ။ ယိုးဒယားက ဘုန်းကြီးကျောင်းတစ်ခုရဲ့ ပုလင်မှာ ဘက်ခမ်းပုံကို တခြား ဇာတ်နိပါတ်တော်လာ ပုံတွေနဲ့ တွဲပြီး ထည့်ထားသဗျာ။ အံမယ် .. ဘက်ခမ်းက England အသင်းအကျီတောင်ဝတ်လို့။ ဆံပင်ပုံကလဲ လွန်ခဲ့တဲ့ ၁၀ နှစ် 98 ကမ္ဘာ့ဖလားပွဲတုန်းကပုံနဲ့လေ။ (ပုံတွင်ရှု)။ David Beckham Temple လို့ တောင် အမည်တွင်သဗျာ။

ဒီရုပ်ထုကို ယိုးဒယား ပန်းပုဆရာ
Thongruang Haemhod က 1998 ကမ္ဘာဖလား တုန်းက ထုလုပ်ထားသတဲ့။ BBC News ရဲ့ ပြောပြချက်အရတော့ ဘောလုံးအားကစားဟာ ကိုးကွယ်မှုအသစ်တစ်ခု ဖြစ်လာနေပြီဖြစ်လို့ ဒီလို ထုလုပ်ချင်တာပါတဲ့၊ ဘုရား ဂေါပကအဖွဲ့ကလဲ ခွင့်ပြုပါတယ် လို့ ပန်းပုဆရာက ပြောသတဲ့။

ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဘယ်လိုနေမယ် မသိဘူး။ စိတ်ညစ်သွားတာတော့ အမှန်ပဲ။
ကဲ ဘက်ခမ်း ဘုရားကို သွားလည်လိုက်ကြပါဦး။ သေခြာဖတ်ချင်ရင်

Wat Pariwas temple doors
အ၀င်ဝ

David Beckham statue in garuda pose
David Beckham statue in garuda pose
David Beckham statue
David Beckham - the golden boy
David Beckham statue close up
David Beckham - close up

နှစ်သစ် ဆုတောင်း


မင်္ဂလာ နှစ်သစ်ပါခင်ဗျာ ....

၂၀၀၈ လို့ ဒီနေ့မှာ ပထမဦးဆုံး တရားဝင် စရေးလို့ရဘီပေါ့။ ခုတလော အလုပ်တွေရှုပ်၊ အရှုပ်တွေလုပ်နေတာနဲ့ post တွေ ကောင်းကောင်း မတင်ဖြစ်ဖူး။ cbox မှာ ချန်ထားခဲ့တဲ့ စကားလေးတွေတောင် ပုံမှန်ပြန်မဖတ်ဖြစ်ဖူးလေ။ ဒီနှစ်သစ်မှာတော့ သေခြာ ပုံမှန်ရေးဖို့ကြိုးစားပမယ်။

company အနေနဲ့ကလဲ နှစ်သစ်မှာ ပုံစံအသစ်လေးတွေ၊ product အသစ်တွေ၊ service အသစ်တွေပေးနိုင်အောင် ကြိုးစားနေပါတယ်။ လက်ရှိပေးနေတဲ့ service တွေကိုလဲ အားနည်းချက်တွေကို ပြုပြင်ဖာထေးပြီး ဒီထက်ပိုကောင်းတဲ့ ၀န်ဆောင်မှုတွေ ပေးနိုင်အောင် အားသစ်လောင်းပြီး ကြိုးစားတော့မှာ ဖြစ်ပါတယ်။


အားသစ်လောင်းတဲ့ အနေနဲ့

လာမယ့် ၃ ရက်နေ့ ညနေ ကစလို့ ၄-၅ နှစ်ရက် ကျိုက်ထီးရိုး ဘုရားဖူး သွားကြမှာပါ။ လူ အားလုံးပေါင်း ၁၅-၁၆ လောက်တော့ ရှိမယ်။ ပျော်စရာကြီးဖြစ်မှာပဲဗျ။ ရုံးရဲ့ ပထမဦးဆုံး trip လဲဖြစ်တယ်လေ။ ခု သွားရမယ့် ရက်ကလဲ နီးနေဘီ ဆိုတော့ ၀ယ်စရာရှိတာဝယ်၊ ပြင်စရာရှိတာပြင် နဲ့ စိတ်လှုပ်ရှားစရာကောင်းနေပါပြီ။ ၃ ရက်နေ့ ညဖက် ကားစီးသွားပီး .. မနက်စောစော ကစလို့ တောင်ခြေ၊ ကင်မွန်း စခန်းကနေ လမ်းလျှောက်တက်ကြမှာလေ။ အပန်းဖြေ သွားတာကလဲ ပင်ပန်းလိုက်တာလို့တော့ မပြောနဲ့။ အဲဒီလို ညီညီညာညာနဲ့ တစုတဝေးထဲ သွားရတာ စည်းလုံးမှုကို ပိုရစေတယ်မလား။ (မိန်းခလေးတချို့ဆို ဒီဇင်ဘာ လဆန်းထဲက တောင်တက်ဖို့ စောစောထ လေ့ကျင့်ခန်းလုပ်တဲ့လူနဲ့၊ အပြေးလေ့ကျင့်တဲ့လူနဲ့ဗျ။) တောင်ပေါ်ရောက်ရင်လဲ သွားလို့ရတဲ့နေရာမှန်သမျှ သွားဖို့ရှိတယ်၊ ဥပမာ - ရေတံခွန်တို့၊ ကျောက်ထပ်ကြီးတို့ထိပေါ့။ ပြန်လာမှပဲ ပုံတွေပြတော့မယ်ဗျာ .. နော်။

ကဲ.. နှစ်သစ်အတွက် post အသစ်လေးကတော့ဖြင့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေနော်..