မင်္ဂလာ နှစ်သစ်ပါခင်ဗျာ ....
company အနေနဲ့ကလဲ နှစ်သစ်မှာ ပုံစံအသစ်လေးတွေ၊ product အသစ်တွေ၊ service အသစ်တွေပေးနိုင်အောင် ကြိုးစားနေပါတယ်။ လက်ရှိပေးနေတဲ့ service တွေကိုလဲ အားနည်းချက်တွေကို ပြုပြင်ဖာထေးပြီး ဒီထက်ပိုကောင်းတဲ့ ၀န်ဆောင်မှုတွေ ပေးနိုင်အောင် အားသစ်လောင်းပြီး ကြိုးစားတော့မှာ ဖြစ်ပါတယ်။
အားသစ်လောင်းတဲ့ အနေနဲ့
လာမယ့် ၃ ရက်နေ့ ညနေ ကစလို့ ၄-၅ နှစ်ရက် ကျိုက်ထီးရိုး ဘုရားဖူး သွားကြမှာပါ။ လူ အားလုံးပေါင်း ၁၅-၁၆ လောက်တော့ ရှိမယ်။ ပျော်စရာကြီးဖြစ်မှာပဲဗျ။ ရုံးရဲ့ ပထမဦးဆုံး trip လဲဖြစ်တယ်လေ။ ခု သွားရမယ့် ရက်ကလဲ နီးနေဘီ ဆိုတော့ ၀ယ်စရာရှိတာဝယ်၊ ပြင်စရာရှိတာပြင် နဲ့ စိတ်လှုပ်ရှားစရာကောင်းနေပါပြီ။ ၃ ရက်နေ့ ညဖက် ကားစီးသွားပီး .. မနက်စောစော ကစလို့ တောင်ခြေ၊ ကင်မွန်း စခန်းကနေ လမ်းလျှောက်တက်ကြမှာလေ။ အပန်းဖြေ သွားတာကလဲ ပင်ပန်းလိုက်တာလို့တော့ မပြောနဲ့။ အဲဒီလို ညီညီညာညာနဲ့ တစုတဝေးထဲ သွားရတာ စည်းလုံးမှုကို ပိုရစေတယ်မလား။ (မိန်းခလေးတချို့ဆို ဒီဇင်ဘာ လဆန်းထဲက တောင်တက်ဖို့ စောစောထ လေ့ကျင့်ခန်းလုပ်တဲ့လူနဲ့၊ အပြေးလေ့ကျင့်တဲ့လူနဲ့ဗျ။) တောင်ပေါ်ရောက်ရင်လဲ သွားလို့ရတဲ့နေရာမှန်သမျှ သွားဖို့ရှိတယ်၊ ဥပမာ - ရေတံခွန်တို့၊ ကျောက်ထပ်ကြီးတို့ထိပေါ့။ ပြန်လာမှပဲ ပုံတွေပြတော့မယ်ဗျာ .. နော်။
No comments:
Post a Comment