Sunday, December 23, 2007
Saturday, December 22, 2007
ကြော်ငြာ (၁)
တက်လာဖို့ ကြာနိုင်ပါတယ် .. ဖွင့်ထားပြီး တခြားအလုပ်တွေလုပ်နေပေါ့ .. တော်တော်ကြာမှ ပြန်လာကြည့် နော် ... :D
ကဲ စဘီ
ဒီလို ပြောင်အောင် ရိတ်လို့ရတဲ့ နှုပ်ခမ်းမွှေးရိတ်ဓါးပါတဲ့
ဖုန်းပြောနေရင်း လိုင်းခဏခဏ ကျသွားတာကို မုန်းသလားတဲ့ ...
အကောင်းဆုံး ကြည့် ...
ဖုန်စုပ်စက်က အဲလောက်တောင် ပြင်းသတဲ့ ...
လေယာဉ်နောက်ကျလေ့ရှိသလား? နောက်ဘယ်တော့မှ မကျစေရဘူး ...
(image credit: Kuteev)
ကောင်းလိုက်တဲ့ ဘရိတ်
levis ကြော်ငြာထဲက ...
ဆံပင်ညှပ်ဆရာတွေရဲ့ ကြော်ငြာတွေ
ဘယ်မှာ ရှိနေမှာလဲ ?

တကယ်လို့ … သင့်မှာ သင့်စိတ်ထဲက စိတ်ကူးသမျှ ပိုက်ဆံတွေရှိနေမယ် ဆိုရင် …
တကယ်လို့ … သင့်မှာ အရမ်းကောင်းမွန်တဲ့ ပါတ်ဝန်းကျင်လည်းရှိတဲ့ ချစ်စရာ အိမ်တစ်လုံးရှိနေမယ် ဆိုရင် …
တကယ်လို့ … သင့်မှာ ပူပင်စရာ ဘာမှမရှိဘူး ဆိုရင် …
တကယ်လို့ … သင်အိမ်ပြန်လာတဲ့အခါ အရသာရှိဆုံး စားသောက်ဖွယ်ရာတွေ အဆင်သင့် စောင့်နေခဲ့မယ် ဆိုရင် …
တကယ်လို့ … သင် ရေချိုးမယ်ဆို ရေချိုးကန်ထဲမှာ ရေအဆင်သင့် ဖြစ်ပြီးသား ဖြစ်နေမယ် ဆိုရင် …
တကယ်လို့ … သင့်မှာ ချစ်စရာအကောင်းဆုံး ကလေးတွေလည်းရှိမယ် ဆိုရင်…
တကယ်လို့ … သင့်ချစ်သူက သင်ပြန်လာရင် ချစ်စရာ အနမ်းပွင့်တွေနဲ့ အဆင်သင့် လက်ကမ်းကြိုနေခဲ့မယ် ဆိုရင် …
….
ကဲ … ဒီလိုဆို သင်ဘယ်မှာ ရှိနေမှာလဲ … ?
Tuesday, December 18, 2007
အချစ်ရဲ့ လှေခါးထစ်လေးများ
ခုခေတ်မှာ အချစ်စစ်စစ်တွေဟာ တကယ့်ကို ရှားပါးလာပါပြီ။ မင်းအတွက်နဲ့ ပင်လယ်ပြင်ကို ဖြတ်ကူး ပြမယ်။ ကောင်းကင်က ဒူဝန်ကြယ်ကို စွတ်ပေးပမယ်... စသည် စသည် ဖြင့် ပြောကြတာဟာ ခုခေတ်မှာ ခေတ်မရှိတော့ သလို .. တကယ်လဲ မလုပ်ပေးနိုင်တော့ပါဘူး။ ယောင်္ကျားလေး .. မိန်းခလေး အားလုံး တူတူပါပဲ။ (ချွင်းချက်တော့ ရှိသပေါ့လေ) ကိုယ့်ကိုကိုယ်ထက် ဘယ်သူ့ကိုမှ သိပ်မချစ်ကြတော့ တဲ့ ဒီခေတ်ကြီးထဲမှာ ရှေးတုန်းက လူတွေရဲ့ အချစ်ကို အောက်က story လေးကို ဖတ်ပြီး ခံစားကြည့်လိုက်ကြပါဦး။ ...
လွန်ခဲ့တဲ့ နှစ်ပေါင်း ငါဆယ်လောက်က … လှူ (Liu) လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် တရုတ်ကောင်လေးတစ်ယောင်ရှိသတဲ့။ တနေ့တော့ … သူ့ထက် ၁၀ နှစ်ကြီးတဲ့ Xu (ကျူ လို့ အသံထွက်မယ်ထင်တယ်) လို့ခေါ်တဲ့ မုဆိုးမ တစ်ယောက်နဲ့ ချစ်ကြိုက်မိပါရောတဲ့။
အဲဒိအချိန်တုန်းက ယောင်္ကျားတစ်ယောက်ဟာ သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးကို လက်ထပ်တာကို လက်မခံခဲ့ကြပါဘူး။ ပါတ်ဝန်းကျင်က လူတွေကလဲ အတင်းတွေ ပြောကြသပေါ့လေ။ ဒီတော့ သူတို့ လင်မယား နှစ်ယောက်ဟာ … တောင်ပေါ်က ဂူလေးတစ်ခုမှာ သွားနေကြရပါတယ်တဲ့။
တောင်ပေါ်မှာ နေကြတယ်ဆိုတော့ … တောင်ပေါ်ကို အတက်အဆင်းလုပ်ရတာ အတော့ကို ပင်ပန်းပါတယ်။ အဲဒါကြောင့် Liu ဟာ သူ့မိန်းမ လွယ်ကွယ်ကူကူ အတက်အဆင်း ပြုလုပ်နိုင်ဖို့ လှေခါးထစ်ပေါင်း ခြောက်ထောင်ကျော်ကို လက်ချည်းသက်သက်နဲ့ နောင် နှစ်ပေါင်း ငါးဆယ်ကြာအောင် ပြုလုပ်ပေးခဲ့ပါတယ်။ နောက်ပြီး .. တောင်ပေါ်မှာပဲ သူချစ်တဲ့ သူ့ မိန်းမကို ပြုစုရင်း ချစ်ချစ်ခင်ခင် နေထိုင်လာခဲ့ကြတာ ခုချိန်ထိပါပဲ။
နောက် ရာစုနှစ်ဝက် အကြာ ၂၀၀၁ ခုနှစ်အရောက်မှတော့ … တောတွင်း စွန့်စားမှုခရီးသွားကြတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အဖိုးအဖွား လင်မယား နှစ်ယောက်ကို လက်နဲ့ လုပ်ထားတဲ့ လေခါးထစ်ပေါင်း ခြောက်ထောင်ရှိတဲ့ တောင်ပေါ်မှာ ထူးထူးဆန်းဆန်း ရှာတွေ့ခဲ့ကြပါတယ်။
“ကျနော်တို့ မိဘတွေက တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပါတယ်။ အဲဒိ နေရာမှာ နေနေတာ နှစ်ပေါင်း ၅၀ ကျော်ပြီ၊ တစ်ရက်မှတောင် မခွဲဖူးကြသေးပါဘူး” လို့ Liu MingSheng လို့ခေါ်တဲ့ သူတို့ရဲ့ သားသမီး ၇ ယောက်ထဲက တစ်ယောက်က ပြောပါတယ်။ “အဖေက လှေခါးထစ်ပေါင်း ခြောက်ထောင်ကျော် ကို အမေသွားရလာရအဆင်ပြေ ရအောင် လုပ်ပေးခဲ့တာပါ။ ဒါတောင် အမေက သိပ်ပြီး အောက်ဆင်းတာ မဟုတ်ပါဘူး”
Weird Asia မှာ ဆက်ဖတ်ပါ Link။ video လဲပါတယ်။
Monday, December 17, 2007
Saturday, December 15, 2007
Google Earth ကောင်းကင်ပေါ်မှာ ဖမ်းမိတဲ့ ဒုံးကျည်တစ်စင်း
ကျနော်ဟာ အားလပ်ချိန်ရရင် Google Earth ကြည့်တတ်ပါတယ်။ ကမ္ဘာတ၀န်းလှည့်လည် လေ့လာတာပေါ့။ ကြည့်ရင်း အလွန်ပဲ စိတ်ဝင်စားစရာတွေကို တွေ့ရတတ်ပါတယ်။ ဒီတစ်ခါ Christopher Wagner ဆိုတဲ့လူတွေ့တာကတော့ ပိုထူးဆန်းပါတယ်။ Utah ပေါ်မှာ ပျံသန်းသွားနေတဲ့ ဒုံးကျည်တစ်လုံးကို တွေ့ခဲ့ရတာပါ။ (Google Earth ရှိရင် ဒါကို download လုပ်ပီးကြည့်)
သူတို့ပြောချက်အရတော့ Tomahawk cruise missile ဖြစ်ဖို့များပါတယ်တဲ့၊ ပုံပန်းသဏ္ဍန်အရ သူ့ Profile နဲ့လဲ တိုက်ဆိုင်မှုရှိပါတယ်တဲ့။ စိတ်ဝင်စားဖို့ကောင်းတာက ဒီဒုံးကျည်က ဘယ်ကို ပစ်နေတာလဲဆိုတာပဲ။ မဟုတ်ဖူးလား။
ပျောက်ကွယ်ခါနီး ဖြစ်နေတဲ့ ဘာသာစကားတွေ
ကမ္ဘာပေါ်မှ ရှိတဲ့ ဘာသာစကားတွေအနက် တိမ်ကော ပပျောက်ခါနီးဖြစ်နေတဲ့ ဘာသာစကားတွေကို National Geographic website မှာ ဖေါ်ပြထားတာတွေ့ရှိရပါတယ်။ မြောက်အမေရိကားတိုက်၊ တောင်အမေရိကတိုက် အလယ်ပိုင်းဒေသ၊ မြောက်အမေရိကတိုက်အပေါ်ပိုင်း ပစိဖိတ်သမုဓ္ဒရာ ကမ်းရိုးတန်းဒေသ၊ ဆိုက်ဘီးရီးယား အရှေ့ပိုင်း၊ အိုကလာဟိုးမား နဲ့ အမေရိကန်နိုင်ငံတောက်ပိုင်းဒေသတွေက ပါဝင်ပါတယ်။
နေ့စဉ် ၁၄ ပြည့်ရက်တိုင်း ဘာသာစကားတစ်ခု သေဆုံး/ပျောက်ကွယ်လျှက်ရှိပြီး၊ ၂၁၀၀ ပြည့်နှစ်လောက်ရောက်တဲ့အခါ ကမ္ဘာပေါ်မှာ ပြောနေကြတဲ့ ဘာသာစကား ၇၀၀၀ ကျော်ထဲက ထက်ဝက်လောက်ဟာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ အဲဒိထဲက တော်တော်များများကို မှတ်တမ်းတင်လိုက်နိုင်ခြင်းမရှိပဲ ပျောက်ကွယ်သွားဖို့ရှိနေပါတယ်။
ဘာကြောင့် အရေးကြီးရတာလဲ?
ဘာသာစကားဟာ ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုပါတယ်။ ပြေတဲ့သူနဲ့ နားထောင်တဲ့ သူတွေ အချင်းချင်းကြားထဲမှာပေါ့။ စကားလုံးတွေကတော့ ယဉ်ကျေးမှုရဲ့ ပြုယုပ် အဖြစ်ဖော်ပြနိုင်တယ်။ ပျောက်ကွယ်လုနီးနီးဖြစ်နေကြတဲ့ ဘာသာစကားတွေထဲက တော်တော်များများမှာ ယဉ်ကျေးမှုဆိုင်ရာ ပုံဝတ္ထုတွေ၊ သီချင်းတွေ၊ သမိုင်းကြောင်းတွေကို ဘိုးဘွားစဉ်ဆက် ပါးစပ်နဲ့ လက်ဆင့်ကမ်းလာခဲ့ကြတာသာ ရှိပြီး စာနဲ့ ရေးသားထားတာ မရှိတာတွေ များပါတယ်။ ဒီတော့ ဘာသာစကား ပျောက်ကွယ်သွားခြင်းအားဖြင့် သူတို့ရဲ့ ယဉ်ကျေးမှုတွေဟာလဲ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
သူ့ website မှာဘာကြောင့် ဘာသာစကားတွေ ပျောက်ဆုံးရတာလဲဆိုတာတွေပါ အသေးစိတ်ရေးသားထားတာ ဖတ်နိုင်ပါတယ်။ flash လေးနဲ့ ပြထားပြီး မြေပုံပေါ်မှာ ပြထားတဲ့နေရာတွေကို နှိပ်ပြီး အဲဒိနေရာက ဘာသာစကားတွေ အကြောင်း ဖတ်နိုင်ပါတယ်။
အတိုကောက် စာလုံးတွေရဲ့ မူလ
ရှာတွေ့ထားတဲ့ အတိုကောက် စာလုံးတွေရဲ့ မူလအကြောင်းလေးတွေပါ
£ for lb.
အဓိပ္ပါယ် : ပေါင် (Pound)
မူရင်းဇစ်မြစ် : ဒီ ပေါင်ဆိုတဲ့ အတိုကောက် ဟာ လက်တင်စကား libra pondo ကလာတာဖြစ်ပြီး၊ “အလေးချိန်ဖြင့် တိုင်းတာသော ယူနစ်” လို့ အဓိပ္ပာယ်ရပါတယ်။ နောက်တော့ ရောမ တွေက pondo လို့ချုံ့လိုက်ပြီး၊ အင်္ဂလိပ်တွေ လက်ထဲရောက်တော့ pound လို့ဖြစ်သွားပါတယ်။ ဒါပေမယ့် အတိုကောက်ကိုတော့ မူရင်းစာလုံးရဲ့ ပထမစာလုံး libra ကိုယူလိုက်ပြီး lb လို့ သုံးလိုက်တာဖြစ်ပါတယ်။ ဘိလပ်တွေ (အင်္ဂလိပ်တွေ) ရဲ့ ငွေကြေးပုံစံကိုလဲ L ကို စတိုင်ထုတ်ပြီး ရေးလိုက်တာကနေ £ လို့ဖြစ်လာတာပါ။ မူရင်း အင်္ဂလိပ်တွေရဲ့ တစ်ပေါင်ဟာ ငွေသား တစ်ပေါင် (one pound of silver) နဲ့ ညီခဲ့ပါတယ်။
V.I.P.
အဓိပ္ပါယ် : Very important person (အလွန်အရေးကြီးသောပုဂ္ဂိုလ်)
မူရင်းဇစ်မြစ် : ဒုတိယ ကမ္ဘာစစ် အတွင်းက အရေးကြီး စစ်တပ် ခေါင်းဆောင်များ အတွက် လေယာဉ် ခရီးစဉ်များ စီစဉ်ပေးရသော အင်္ဂလိပ်စစ်ဖက် အရာရှိများမှ မကြာခဏ အသုံးပြုခဲ့ကြတာသော ဝေါဟာရဖြစ်ပါတယ်။ ရန်သူ စပိုင်များကြားဖျက်နားထောင်ခြင်းမှ ကာကွယ်ရန်အတွက် ခရီးစဉ်များတွင် အရေးကြီးပုဂ္ဂိုလ်များ၏ နာမည်များ အသုံးပြုခြင်းအစား V.I.P ဟု သုံးနှုန်းခဲ့ကြခြင်းမှ အသုံးတွင်ကျယ်လာခြင်း ဖြစ်ပါတယ်။
D-Day
အဓိပ္ပါယ် : June 6, 1944, ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်များ ပြင်သစ်ကို ၀င်တိုက်သောနေ့
မူရင်းဇစ်မြစ် : D-Day ဆိုတဲ့ထဲက D ဆိုတာက “designated” (သတ်မှတ်ထားသော) ဒါမှမဟုတ် “defeat” အနိုင်ရယူခြင်း လို့ လူတွေတော်တော်များများက ယူဆထားသလို မဟုတ်ပါဘူး။ ရိုးရိုးလေးပဲ “day” ကိုယူထားတာပါ။ “day day” ပေါ့။ စစ်အတွင်းက ထိပ်တန်း လှို့ဝှက်ချက်တွေ ပြောရင် ပြောလေ့ရှိတဲ့ H-Hour ဒါမှမဟုတ် D-Day လို့သုံးရာကနေ အကျင့်ပါသွားတာပဲ ဖြစ်ပါတယ်တဲ့။
XXX
အဓိပ္ပါယ် : ကာတွန်းတွေထဲမှာ အရက်ပုလင်းပုံဆွဲတဲ့အခါ အဲဒိ ပုလင်းထဲမှာ အရက်ရှိတယ်ဆိုတာကို ပြခြင်း
မူရင်းဇစ်မြစ် : ၁၉ ရာစုနှစ်အတွင်းက ဘိလပ်မှာရှိတဲ့ အရက်ရောင်းချသူတွေဟာ သူတို့ အရက်ပုလင်းတွေမှာ အရက်ပါတဲ့ပေါ်မူတည်ပြီး x, xx, xxx လို့ ပုံတွေဆွဲခဲ့ပါတယ်။ X ပါဝင်မှုအရေအတွက်ပေါ်မူတည်ပြီး အရက်ရဲ့ ပြင်းအားက ကွာပါတယ်။
72 ဒေါ်လာကျော်နဲ့ ကွန်ဒိုဝယ်ရင် ဘယ်လောက် အကျယ်ရမလဲ?
AnArchitecture blog က 50 ယူရို [50,000 Euros (about USD $73,400)] နဲ့ ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးတွေမှာ ကွန်ဒိုလိုက်ဝယ်ရင်၊ ဘယ်မြို့မှာ ဘယ်လောက်အကျယ်အ၀န်း ရမယ်ဆိုတာ အောက်မှာ တွက်ပြထားပါတယ်
| | m2 | Sq. foot |
| New York | 4.1 | 44.1 |
| Tokyo | 6.7 | 72.1 |
| Sydney | 8.9 | 95.8 |
| Shanghai | 21.5 | 231.4 |
| Berlin | 22.6 | 243.3 |
| Beijing | 30.4 | 327.2 |
| Dubai | 59.8 | 643.7 |
ဈေးအကြီးဆုံး မြို့ဖြစ်တဲ့ နယူးယော့ခ်မှာတော့ ၁ လက်မပါတ်လည်ကို ၁၁.၆ ဒေါ်လာနှုန်းနဲ့ တွက်ချက်တာဖြစ်ပါတယ်။ (အားပါးပါး .. )
Link | Source: Trend 10/2007 (Austrian business magazine)
MyMiniCity မှာ သင့်ကိုယ်ပိုင် မြို့တစ်မြို့တည်ဆောက်ကြရအောင်!
ကိုယ့်စိတ်ကြိုက် နိုင်ငံကို ရွေး၊ မြို့နာမည်ပေး၊ ခဏခဏ ပြန်သွားလည်ပြီး မြို့ကြီး ဖွံ့ဖြိုးလာတာကို စောင့်ကြည့်ပေတော့။ ကျနော်ကတော့ Ideal MM City ဆိုတာလေး ဆောက်ထားတယ်။ လူတွေအများကြီး လာလည်ကြပြီး မြို့ကြီး ကြီးလာအောင်လို့လေ။ ကျနော် နောက်ဆုံး ကြည့်ခဲ့တုန်းကတော့ population က 2 တဲ့။ လူနှစ်ယောက်ရှိတဲ့ မြို့တစ်မြို့ ကျနော် ပိုင်ဆိုင်ထားတယ်ပေါ့။
Link -via Dump Trumpet (who has a new URL)
Friday, December 14, 2007
လေဆာလက်နက်တွေ စလာဘီ
Boeing ဟာ C-130H လေယာဉ်ပေါ်မှာ လေဆာလက်နက် တပ်ဆင်ပြလိုက်ခြင်းဖြင့် laser gunship များထုတ်လုပ်မှုတွင် ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါပြီ
ဒီဇင်ဘာ ၄ ရက်နေ့က Kirtland Air Force Base မှာ တပ်ဆင်ပြသခဲ့တာဖြစ်ပါတယ်။ လေဆာ လက်နက်နှင့် ၄င်း၏ major subsystem တစ်ခုဖြစ်သော ၁၂၀၀၀ ပေါင်အလေးချိန်ရှိ laser module ကို၊ အရင်က တပ်ဆင်ထားခဲ့တဲ့ beam control system နေရာမှာ တပ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ (၄င်း module ဟာ လေဆာလက်နက်ရဲ့ ပစ်မှတ်တွေကို သေခြာထိစေဖို့ ကူညီလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။)
ဒီ လေဆာ လက်နက်ကြီး တပ်ဆင်ပြီး၊ Boeing အနေနဲ့ စမ်းသပ်မှုအများအပြားကို ၂၀၀၈ ခုနှစ်မှာ သရုပ်ပြသသွားဖို့ရှိပါတယ်။ ဒီ စွမ်းအင်မြင့် လေဆာလက်နက်ဟာ လေယာဉ်ရဲ့ ဗိုက်မှာ တပ်ဆင် ထားပြီး မြေပြင် ပစ်မှတ်တွေကို လှည့်လည်ပစ်ခက်သွားနိုင်မှာ ဖြစ်ပါတယ်။
U.S, Department of Defense အတွက် Boeing က တည်ဆောင်ပေးရတာဖြစ်ပြီး၊ စစ်မြေပြင် နှင့် မြို့ပြ အတွင်းရှိ ပစ်မှတ်များကို ကြီးကြီးမားများ မပျက်စီးစေပဲ ဖျက်ဆီ (ဒါမှမဟုတ်) အလုပ်မလုပ်အောင် ပြုလုပ်လိုက်နိုင်မှာ ဖြစ်ပါတယ်။
Wednesday, December 12, 2007
ကွန်ပြူတာသမား တစ်ယောက်ရဲ့ တစ်နေ့တာ (၁)
အ၀တ်အစားဝတ်
မနက်စာစား
(Source: Treehugger)
စာတိုက်ပုံးထဲက စာတွေစစ်
ရုံးခန်းကိုရှာ
(ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ နေရင်တော့ ဒီလိုဖြစ်နေမယ်တဲ့၊ ဟုတ်ပါဘူးဗျာ .. အဲလောက်နီးနီးပါ :P)
ဒါမှဟုတ်ရင် သင့်ရုံးခန်းမှန်းသိသာအောင် လုပ်ထားလိမ့်မယ်
ကော်ဖီမသောက်ခင် ကိုယ့်စားပွဲရှိရာကိုသွား
ကော်ဖီတွေ သောက်တာများပြီး တီထွင်မှုတွေအများကြီး လုပ်ပီးတဲအခါ "ကောင်းသွားလိမ်မယ်" ဟဲဟဲ
ပျော်စရာ အားကစားတဲ့ အချိန်လေးများ (၂)
တိုတို ဂျာရက်
ဘုရား .. ဘုရား ..
ဟိုနေရာ .. ဒီနေရာ ... ဘာညာ ဘာညာ
ဒီလောက်ဖြစ်လှတဲ့ကောင် မင်းသေဘီ !!!...
မနိုင်ရင် ကုန်းကိုက်တယ်ပဲ ကြားဖူး ပါတယ်ကွာ... :P
I Believe I can fly ...
မင်းတို့ လောက်တော့ ဒါပဲကွာ ... ငါက ဒိုင်လူကြီးကွ .. ဘာမှတ်လဲ
အဲ .. ပုံတွေတော့ တင်ပြီးဘီ
ဘာတွေတင်နေမှန်း မသိပါဘူးကွာ ဆိုပြီးတော့ အောက်ကလိုတော့ မလုပ်နဲ့နော် .. ဟီးဟီါ်
