Tuesday, October 21, 2008

Kerli [Music]



ကျနော် ပထမဦးဆုံး
Kerli ကိုစသိတာ၊ တိုက်ဆိုင်လို့ဆိုပါတော့။ softarchive.net မှာ သီချင်းတွေရှာရင်း သူ့ရဲ့ Album ကိုသွားတွေ့ပါတယ်။ ဘာရယ်မဟုတ်ဘူး စမ်းကြည့်မယ်ဆိုပီး google လိုက်ပါတယ်။ အဲဒိမှာ စတွေ့တော့တာပါပဲ။

YouTube မှာ သူ့ရဲ့
Love is Dead Video ကိုကြည့်လိုက်တဲ့အခါ လုံးဝခိုက်သွားတယ် (below)။ သူ့အသံက Evanescence နဲ့ Avril Lavigne ရောစပ်ထားသလိုပဲ။ MTV ရိုက်ထားတဲ့ အထာလေးကိုလဲ အတော်ကြိုက်တယ်။ ဒါနဲ့ သူ့ site ကိုသွားကြည့်ပီး သူ့ရဲ့ နောက် MTV တစ်ခုထပ်ကြည့်ဖြစ်တယ်။ Walking On Air ပေါ့။

ကြိုက်မိတဲ့ သီချင်းလေးတွေက .. လောလောဆယ်ထိ .

1. Love is Dead
2. Walking on Air
3. Beautiful Day
4. Butterfly Cry နဲ့
5. Creepshow တို့ပါပဲ။

သယ်ရင်းတို့လဲ ကြိုက်လိမ့်မယ် ထင်ပါတယ်။ find out more at here and here



Monday, September 29, 2008

You needed me!



ဒီနေ့ Boyzone သီချင်းလေးတွေပြန်နားထောင်ရင်းနဲ့ ဒီသီချင်းလေးကိုနားထောင်မိတယ်။ ဒီမှာ ဘယ်သူ့ကို သတိရလဲဆိုတော့

အမေ့ကို ပဲပေါ့ ...
သီချင်းလေးကိုသာ ခံစားကြည့်ကြပါဗျာ

Lyrics က ဒီမှာပါ ..


I cried a tear
You whipped it dry
I was confused
You cleared my mind

I sold my soul
You bought it back for me
And helped me up
And gave me dignity
Somehow you needed me

(Chorus):
You gave me strength
To stand alone again
To face the world
Out on my own again
You put me high
Upon a pedestal
So high that I could almost see eternity
You needed me
You needed me

And I can't believe it's you
I can't believe it's true
I needed you
And you were there
And I'll never live what should I feel
I need a fool
And I finally found someone who really care
You needed me

You held my hand
When it was cold
When I was lost
You took me home
You gave me love
When I was empty, and
And turned my light
Back into truth again
You even called me friend

(Repeat Chorus)

You needed me
You needed me
You needed me
You needed me
You needed me

Thursday, September 25, 2008

ကျွန်တော်၏ ပထမဆုံးများ

TAG ဂိမ်ထဲ ကျနော်ဝင်လာပီပေါ့။ ဟိုလူ ဘိုဘို လူကို ချိန်းခြောက်ပြီး ရေးခိုင်းလို့ ရေးရတာပါ။ နဂိုကမှ မစွံလို့ ဟာကို တစ်ခုလတ်နဲ့ ညားပါစေဘာညာနဲ့။ ဟီးဟီါ်


ပထမဆုံး နေခဲ့တဲ့မြို့ — တနင်္သာရီမြို့ ...

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အ.မ.က ကျွဲနားထောက်၊ အနီးစခမ်း၊ ပြင်ဦးလွင်မြို့။

ပထမဆုံး အတန်း — ဟမ် .. သူငယ်တန်းပေါ့ (what a question?)

ပထမဆုံး သူငယ်ချင်း၊ ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — ပထမဆုံးရခဲ့တဲ့ သူငယ်ချင်းက ချမ်းငြိမ်းကျော်တဲ့ မူကြိုမှာ သိတာ၊ ဒါပေမယ့် သူက bully ကောင်၊ သိပ်မတွဲဖြစ်ဘူး။ တကယ်ခင်ဖြစ်တာက ခိုင်ခင်ဦး ပဲဖြစ်မယ်ထင်တယ်။ (သိပ်မမှတ်မိတော့ဘူး)။ ကျောင်းသူငယ်ချင်းလဲ တူတူလောက်ပါပဲ။ ဒါပေမယ့် ကျောင်းမှာက ကျောင်းသား ၁၀ ယောက်ပတ်ဝန်းကျင်လောက်ပဲ ရှိတော့ အားလုံးနဲ့ ခင်ဖြစ်နေတာ များတယ်။ ခုထိပါပဲ။

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — မူကြိုစာအုပ်တွေဖြစ်မယ်ထင်တယ်။ အဲဒိထဲက ပုံလေးတွေ အရမ်းကြိုက်တယ်။ နောက် မူကြိုမှာထဲက သူငယ်တန်းစာအုပ် ရှိနေတာ မှတ်မိတယ်။

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ — က၊ ခ ရယ် a b c d ရယ်ပဲပေါ့။ နောက် မူကြိုမှာ သင်ရတဲ့ ကဗျာတွေ။

ပထမဆုံး အရိုက်ခံရခြင်း — အဲဒါတော့ မမှတ်မိဘူး။ ငယ်ငယ်က အတော်အရိုက်ခံရတယ်။ အဟား။ ကျောင်းမှာတော့ ၄ တန်းကျမှ အရိုက်ခံရတယ်။ ဆောက်လက်စ ကျောင်းကြီးမှာ ၄ တန်းတခန်းလုံး တူတူပုံးတန်းဆော့လို့လေ။ တတန်းလုံးအရိုက်ခံရတာ။ ပျော်စရာကြီး။ အဟီး

ပထမဆုံး ရတဲ့ဆု — မူကြိုမှာ တက်တုံးက လွတ်လပ်ရေးပွဲမှာ ဆုရဖူးတယ်။ အကျီင်္အ၀တ်ပြိုင်ပွဲထင်တယ်။ ပညာရေးနဲ့ကတော့ သူငယ်တန်းမှ ဒုတိယရဖူးတယ်။ နောက်ပိုင်းတော့ ၁ - ၅ ကြားပဲ များပါတယ်။

ပထမဆုံး သွားဖူးတဲ့ခရီး — ခရီးဆိုတာ ပျော်စရာခရီးကိုပြောတာလား။ ငယ်ငယ်က ခဏခဏနေရာပြောင်းနေရတော့ ခရီးက ငယ်ငယ်ထဲက သွားနေရတာပဲလေ။ (မွေးတာက မြိတ်မှာ)။ မှတ်မိတာက ငယ်ငယ်က ပြည်ကို အဖေနဲ့ သွားဖူးတာမှတ်မိတယ်။ အဖေက ကျနော့ idol ပေါ့အဲဒိတုန်းက။ ဘာလို့ဆို အဖေက အမြဲအလုပ်ရှုပ်နေတာများတယ်။ အဲဒိတစ်ခါပဲ ကျနော်နဲ့ အမြဲတမ်းနီးပါးရှိနေတာလေ။

ပထမဆုံး စီးဖူးတဲ့ကား — သေခြာမမှတ်မိဘူး။ ငယ်ငယ်က ခရီးသွားရင်ကားစီးနေရာပဲဟာကို။ ကိုယ်ပိုင်ကားဆိုရင်တော့ လွန်ခဲ့တဲ့ ၃ နှစ်ကမှ အဖေ၀ယ်တဲ့ Taxi တစ်စီးပေါ့။

ပထမဆုံး ဆိုတဲ့သီချင်း — ဘိုဘိုဟန်ရဲ့ သီချင်းဖြစ်နိုင်သလို၊ ခင်မောင်ထူး သီချင်းလဲ ဖြစ်နိုင်တယ်။ သေခြာတာကတော့ ဟိုးငယ်ငယ်လေးထဲက သီချင်းဆိုနေတာပဲ။ တချိန်လုံး။

ပထမဆုံး ရေးတဲ့ကဗျာ — ရေးဖူးဘူး

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ၈ တန်းတုန်းက ရေးဖူးတယ်။ (အမှန်က သူများရေးပေးတာကို လိုက်ကူးတာပါ။)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — ဘယ်လိုပြောရမလဲ။ ရည်းစားထားတယ်လို့ ခုထိ တစ်ခါမှ မရှိဖူးဘူး။ ချစ်တဲ့ ကြိုက်တဲ့ ကောင်မလေးတွေတော့ရှိတယ်။ ဒါပေမယ့် ရည်းစားရယ်လို့ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ကောင်မလေးတွေက ပြန်မကြိုက်ဘူးပေါ့ဗျာ။ ( တစ်ခါမှမတွေ့ဖူးပဲနဲ့ online ကနေတော့ ၆ လလောက် ရည်းစားရဖူးတယ်။ ဒါပေမယ့် သူလေးလဲ အပြင်မှာတကယ်တွေ့တဲ့ရည်းစားရတော့ ကျနော့ကို ထားသွားတယ်ပေါ့။ အဟတ်ဟတ်)

ပထမဆုံး ချစ်သူ — ပထမဆုံးချစ်တာဆိုရင် ၈ တန်းတုန်းက တစ်ယောက်ပေါ့။ အချစ်ဦးလို့ပြောလို့ရတယ်။ ရည်းစားတော့ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် သူ့ကို အတော်ချစ်ခဲ့တာ။ ခုချိန်ပြန်စဉ်းစား၊ ပြန်ပြောရင် အရမ်းရယ်ရတယ်။ ၈ တန်းလေးရှိသေးတာလေ။။ ဟားဟား

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — ရွှေသွေး၊ မိုးသောက်ပန်း။

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — ဇော်ဝင်းထွဋ်ရဲ့ ဆေးဆိုးပန်းရိုက်မျက်နှာ နဲ့ မျိုးကျော့မြိုင်ရဲ့ ကမ္ဘာကြီးအပြင်ဖက်။

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — မမှတ်မိတော့ဘူး။ ၂၀၀၀ မှာတက်ရတာတော့သိတယ်။

ပထမဆုံး ရဖူးတဲ့လက်ဆောင် — အဖွား မြိတ်ကနေ ပြင်ဦးလွင်ထိ ပို့လိုက်တဲ့ ပုဆိုးလေးတစ်ထည်။ ကျန်တာတွေရှိပေမယ့် အဲဒိ ပုဆိုးလောက်ဘယ်ဟာမှ တန်ဖိုးမရှိသလိုပဲ ခံစားရတယ်။ ကျနော်က အဖိုးအဖွားတွေနဲ့ မနေခဲ့ရဘူးလေ။ ကျနော်လူမှန်းသိတတ်တဲ့အချိန် နောက်ပိုင်းသိပ်မကြာဘူး။ အကုန်ဆုံးကုန်ကြတယ်။ :( ၀မ်းနည်းလို့မဆုံးဘူး။ ဒါကြောင့် အဖေနဲ့ အမေ့ကို အသက်ရှည်ရှည်နေလို့ ပြောထားတယ်။ မြေးတွေနဲ့ ကြာကြာနေရအောင်။ :D

ပထမဆုံး အလုပ် — Project Supervisor, KMD (လခ ၅၀၀၀ ရတယ်။ အဲဒါ သူငယ်ချင်းက အိမ်မှာ တံမြတ်စီးလာလှည်းပါလားတဲ့ ၅၀၀၀ ပေးမယ်တဲ့။ ခနဲ့တယ်လေ)

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ၅ တန်းတုံးက ရွှေဘို။ ၀က်လက် ဖက်ကို ဦးလေးနဲ့ သွားပီး။ ပြန်တော့ တစ်ယောက်ထဲ ပြင်ဦးလွင်ထိ ပြန်လာတယ်။ အဲဒိနောက်ပိုင်း ငါလုပ်နိုင်တယ်ဆိုတဲ့ confident အရမ်းတက်လာတယ်။

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — ဆေးလိပ်က ၁၀ တန်းနှစ် မြို့ထဲမှာ ကြူရှင်တက်တော့ ကော်ဖီသောက်ရင်း ပဲများပီးသောက်ဖူးတာ။ MildSeven ၂ ကျပ်ပေးရတယ်။ မှတ်မိနေတယ်။ အဖြူရောင်ဆေးလိပ်လေးကို ဟန်ပါပါဖွာရင်း ကျောင်းသွားရတာ ကိုယ့်ကိုယ်ကို ဆရာကြီးစိတ်ဝင်နေတာပေါ့။ အရက်ကတော့ ပထမနှစ်လောက်မှာ သောက်ဖူးတယ် သင်္ကြန်တွင်းပေါ့။ ဒါပေမယ့် မကြိုက်ဘူး။ ခုထိ အရက် မသောက်ဖြစ်ဘူး။ ဆေးလိပ်တော့ ခုထိသောက်တယ်။

ပထမဆုံး တက်ဖူးသော ဆေးရုံ — မပြောကောင်းမဆိုကောင်း ခုထိတော့ မတက်ဖူးသေးဘူး။

ပထမဆုံး ဘလော့ပို့စ် စတင်မိတ်ဆက်ခြင်း ပေါ့လို့ အဟိ

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မမီ (မယ်လိုဒီမောင်)၊ ပင့်ဂိုးနဲ့အရင်သိတာ ဒါပေမယ့် သူ့ကို ဘလော်ဂါအနေနဲ့မဟုတ်ဘူး

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — ပထမဦးဆုံးရတဲ့ လခကို သူငယ်ချင်းတွေကို ကန်တော့လိုက်တယ်။ အဲလေ .. အဲဒိလက ကျနော့်မွေးနေ့ဆိုတော့ သူတို့ကိုကျွေးလိုက်တယ်။ သူတို့ကို လခအကုန်ပေးလိုက်ရုံပါပဲ။ သူတို့လုပ်ပေးတာက လခထက်ပိုပါတယ်။ အမှတ်တရပဲ။ love you guys!

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ငယ်ငယ်က ခဏခဏ ရန်ဖြစ်တာပဲ။ ဖြစ်တိုင်းလဲ ငိုပြီး ခံလာတာပါပဲ။ ဟာဟ။ (အမှန်တော့ bully အလုပ်ခံရတာပါ)။ ကိုယ်နိုင်တဲ့ ပွဲကတော့ ၅ တန်းတုန်းက သူငယ်ချင်းတစ်ယာက်နဲ့ဖြစ်တာ။ လာစတော့ အရမ်းစိတ်ဆိုးပြီး၊ (ကြောက်ရမ်းရမ်းပြီး )ဆွဲထိုးထားလိုက်တာလေ။ "မင်းကြောက်ပီလားလို့ အသားကုန်အော်မေးတာ" အေးအေး ကြောက်ပါပြီးကွာ ဆိုပီး ဖူးရောင်နေတဲ့ မျက်နှာနဲ့ အောက်က သူငယ်ချင်းက ပြောရင်း ပြုံးပြတယ်။ (သူက ကတယ့်ကို ချစ်လို့စတာပါတဲ့ နောက်မှ ပြန်ပြောတယ် .. :D အထိုးခံရာတလဲ စိတ်မဆိုးရှာဘူး။ ) အဲဒိမှာ သူနဲ့ အရမ်းခင်သွားတာ။ ညဏ်ဝင်းသိန်းလို့ခေါ်တယ်။ ဆရာဝန်ဖြစ်နေဘီ။ ပြင်ဦးလွင်က အနီးစခန်း ဖက်ရောက်ရင် ဒေါက်တာညဏ်ဝင်းသိန်းဆို မသိတဲ့လူ ရှားနေပါပြီး။ အရမ်း စိတ်သဘောကောင်းတာပါ။

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) — မထိုးဖူးဘူး။ စိတ်လဲမပါဘူး။ ပေါက်လဲပေါက်မှာမဟုတ်ဖူး။

ပထမဆုံး ရင်ခုန်ဖူးခြင်း — KMD မှာအလုပ်ဝင်နေတုန်း ကြိုက်ခဲ့တဲ့ ကရင်မလေးနဲ့ စပြီး မျက်လုံးချင်းဆုံတဲ့အချိန်။ (သူနဲ့လဲ မကြိုက်ခဲ့ပါဘူး)

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — ၈ တန်းတုန်းက အမေနဲ့ သွားဝယ်ပြီးတီးတာ။ အဟား။ တီးလဲမတီးတတ်ပဲနဲ့။ သင်လဲမသင်ပဲနဲ့။ တဂွမ်ဂွမ်ပေါ့။

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — Singapore (လွန်ခဲ့တဲ့ ၃ နှစ်က)



နှင်းပွင့်ဖြူလေး နင်ရေးတာလဲ ဖတ်ချင်တယ်။ လုပ်ဦး။
ယွန်းယွန်း (မင်းယွန်းသစ်) လေးလဲ ရေးချင်မယ်ထင်တယ်။ ဖတ်ချင်သဗျာ။

Tuesday, September 23, 2008

What the hell???

What the hell???
That Gtalk account appear in my list without even i accept it! (That happen quite sometimes to me. a flaw of Gtalk? don't know)

anyway .. its just now
That account come active with bench of chat-like users. and talking you-know-how-in-chat :(
very annoying. get out of there !! you little people!!

Monday, September 22, 2008

Just F1 Fever

ဘာရယ်လို့ မဟုတ်ပါဘူး ...

MRT စီးရင် F1 အကြောင်းဖတ်မိပီး စိတ်ကူးရမိတဲ့ (အမှန်က အိပ်ငိုက်နေရင်း) အတိုင်းလျှောက်လုပ်ကြည့်တာပါ။ ထူးထူးခြားခြားလဲ မရှိပါဘူး။ အမှန်တော့ Swirl လေးတွေဘာလေးတွေ ထဲ့ချင်သေးတာ၊ Urban Style လေးပေါ့။ ကိုယ်ပိုင် ကွန်ပြူတာမရှိသေးတာရော၊ လက်နက်ကိရိယာမစုံတာနဲ့ရော ပျင်းတာရောပေါင်းပြီး၊ လုပ်ချင်တဲ့ design scratch လောက်လေးပဲ ရလိုက်တယ်။

စဉ်းစားထားတာက ပုံတွေနဲ့လုပ်ဖို့ပဲ ... edit လုပ်ရတာ စက်က မနိုင်တာနဲ့ .. ပုံတွေကို Illustrator မှာ vector တွေလုပ်ပြစ်ပြီး၊ ဟိုနေရာရွှေ့ ဒီနေရာရွှေ့လုပ်ထားတာပေါ့။ အရောင်တွေလဲ ဒီလိုပဲ အကြမ်းကြီးတွေပေါ့။
နောက် အကြောင်းတိုက်ဆိုက်မှ ထပ်ပြင်တော့မယ် ..

Enjoy!
click image to view large
Singapore F1 GP Wallpaper

Saturday, September 20, 2008

GIF, JPG နဲ့ PNG - ဘာတွေကွာသလဲ


GIF နဲ့ JPEG format တွေဟာ လက်ရှိ Internet မှာ အဓိကသုံးနေတဲ့ ပုံ format တွေပါ။ ဒီ Post မှာ တစ်ခုချင်းစီရဲ့ overview လေးတွေကို ရှင်းပြမှာဖြစ်ပီး၊ ဘယ်နေရာမှာ သုံးသင့်တယ် ဆိုတာပါရေးပြပေးသွားပါမယ်။

The GIF Format

GIF format က အင်တာနက်မှာ ပေါ်ပြူလာအဖြစ်ဆုံး format ပါ။ ပုံရဲ့ အရောင်တူတဲ့ နေရာတွေကို compressing လုပ်ပီး သိမ်းပေးထားတဲ့နေရမှာ ရော၊ online မှာ Flash တို့ ဘာတို့ မသုံးပဲ animation ထဲ့နိုင်တဲ့ ပုံ format ဆိုလို့ သူပဲရှိတာရော ကြောင့်ပါ။ GIF89a format ဆိုရင် transparency (ဖောက်ထွင်းမြင်နိုင်ခြင်း) ကိုလဲ supports လုပ်ပါတယ်, ပြီးတော့ interlacing ပေါ့။ (ဒီအကြောင်းတွေ အောက်မှာ ဆက်ရှင်းပါမယ်)

GIF files တွေမှာ အရောင်ပေါင်း 256 ရောင်ထိ အများဆုံး သိမ်ထားနိုင်ပါတယ်။ ဓါတ်ပုံတွေက လွဲရင် ဒီလောက်က မဆိုးဘူးပေါ့။ GIF files တွေမှာ size ချုံပြစ်တဲ့ method က palett ထဲမှာရှိတဲ့ ကာလာ၊ အရောင်တန်ဖိုးတွေကို လျှော့ပြစ်တာပါပဲ။ သိထားရမှာက - GIF ဖိုင်တွေမှာ LZW compression scheme လို့ခေါ်တဲ့ ချုံ့တဲ့ method ပါပီးသားပါ။ ပုံရဲ့ ဆိုက်ဒ်ကို တက်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် လျှော့ချပေးတာပေါ့။


Transparency

အပေါ်မှာ ပြောခဲ့သလိုပဲ၊ GIF format ဟာ transparency ကို support လုပ်ပါတယ်။ ဒါကြောင့် Designer တွေနေနဲ့ လုပ်တဲ့ ဒီဇိုင်းရဲ့ background ကို ဖောက်မြင်နေရအောင် လုပ်လို့ရသွားတာပေါ့။ ဥပမာ၊ ကျနော်က ပုံတစ်ခုကို အမဲရောင်နဲ့ အနီရောင်စပ်လုပ်ပီး background transprant လုပ်ပီး GIF နဲ့သိမ်း။ ပီးရင် အ၀ါရောင် နောက်ခံပေါ် အဲဒိ GIF ပုံကို တင်လိုက်ရင်၊ ပုံရဲ့ transprant ဖြစ်နေတဲ့ background အရောင်က အ၀ါရောင်မြင်နေရမှာပေါ့။ နောက်ခံက transprant ဖြစ်နေတာကိုး၊


Interlacing

ဒီ GIF file ရဲ့ interlacing feature ပုံတွေကို loading လုပ်တဲ့အခါမှာ အင်မတန်အသုံးဝင်ပါတယ်။ ဘယ်လိုလဲဆိုရင်၊ ပုံတစ်ပုံကို အင်တာနက်ကနေ download လုပ်ကြည့်တဲ့အခါ ပုံကို တဆင့်ခြင်းပြတာပါ။ ပထမ data နဲနဲလေးပဲ download လုပ်ရသေးရင် ၀ါးတားတားကြီး။ နောက်တော့ တဆင့်ချင်း ကြည်လင်လာတာပါ။ အဲဒိလို ဖြစ်အောင် လုပ်ထားတာကို interlacing လုပ်တယ်လို့ ခေါ်ပါတယ်။ သတိထားရမှာက GIF ဖိုင်တွေကို interlace ဖြစ်အောင် လုပ်လို့ရှိရင် ပုံမှန် size ထက်နဲနဲပိုကြီးလာတာပါပဲ။ ဒါကြောင့် interlace လုပ်တာကို တကယ်လိုမယ်ထင်တဲ့ နေရာမှာမှ သုံးစေချင်ပါတယ်။


When to use them
ပုံမှန်တော့ GIF files တွေကို logos, line drawings နဲ့ icons တွေမှာ သုံးသင့်ပါတယ်။ ဓါတ်ပုံတွေ၊ resolution ကောင်းမှဖြစ်မယ့် art works တွေမှာ မသုံးပါနဲ့။ GIF file အတွက် ဒီဇိုင်းလုပ်တဲ့အခါ gradients တွေမသုံးပါနဲ့၊ ဘယ်လိုမှ မလှပါဘူး။ နောက်ပီး file size ကို ချုံနိုင်သမျှ ချုံ့လို့ရအောင် anti-aliasing ကိုလဲ ပိတ်ထားပါ။
The JPEG Format

JPEG format ကတော့ ဓါတ်ပုံတွေအတွက် အဓိက ရည်ရွယ်ပြီး အရောင်ပေါင်း 16.7 million ကို supports လုပ်ပါတယ်။ JPEG ရဲ့ internal compression algorithm က GIF format နဲ့မတူပါဘူး။ ပုံရဲ့ information ကိုပြောင်းပီးသိမ်ပစ်လိုက်လို့ပါ။ ပုံရဲ့ quality ကိုလျှော့ပီး သိမ်းလိုက်ပီးရင် ပြန်တင်လို့မရတော့ပါဘူး။ ဒါကြောင့် ပုံတွေကို ပြင်တဲ့အခါ back-up ထားပြီးမှ ပြင်သင့်ပါတယ်။


Progressive JPEG's

ဘယ် JPEG file မဆို Progressive JPEG အဖြစ်သိမ်နိုင်ပါတယ်။ သူက GIF ရဲ့ interlaced လုပ်တာနဲ့ အတော်ဆင်ပါတယ်။ GIF လိုပဲ visitor တွေကို lower quality ပုံကိုအရင်ပြတယ်။ နောက်ပိုင်းမှ တဖြည်းဖြည်းခြင်း data downloaded ပေါ်မူတည်ပြီး ပုံကိုပြပါတယ်။ Graphic editing tools တွေသုံးပြီး အဲလို low quality ကနေ၊ original quality ထိ တဆင့်ခြင်းပြတဲ့အခါ အဆင့်ဘယ်နှဆင့်ကို သုံးမလဲဆိုတာပါ ပြင်လို့ရပါတယ်။


When to use

Rule အရတော့ JPEG format တွေကို photographic images (ဓါတ်ပုံ) တွေမှာ သုံးသင့်ပါတယ်။ ဒါမှမဟုတ် .. 256 color လောက်နဲ့ မလှနိုင်တဲ့ ပုံတွေ။ Art Creation တွေမှာပေါ့။


The PNG Format
(PNG stands for Portable Network Graphics, and is an image file format for loss-less compression of images)

တတိယနဲ့ နောက်ဆုံး၊ အသစ်ဆုံး format ကတော့ Web မှာ အတော်များများ သုံးနေကြပြီဖြစ်တဲ့ PNG format ပါ (Ping လို့အသံထွက်ပါ)။ PNG ကို GIF ရဲမှာ မရတဲ့ features တွေရစေချင်လို့ ရည်ရွယ်ပြီးလုပ်တာပါ။ နောက်ပြီး developer တွေအတွက် အခြား format တွေနဲ့ patent licenses ကိစ္စရှုပ်မှာကိုလဲ ရှောင်ရှားနိုင်အောင်လို့ပါတဲ့ (ဒီကိစ္စ ကျနော်လဲ သေခြာမရှင်းဘူး :P)။ PNG ကို GIF ရဲ့ main features တွေရအောင် ဒီဇိုင်းလုပ်ခဲ့တာပါ။ streaming နဲ့ progressive fiel formats တွေအပါအ၀င်ပေါ့။ ပြီးတော့ သူ့မှာ အရမ်းကောင်းတဲ့ color depth လဲပါပါတယ်။ 24 bit ထိရပါတယ်။


PNG ကို နောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြမယ်လို့ မျှော်လင့်နေကြတယ်တဲ့။ ဒါပေမယ့် GIF ကိုတော့ အစားထိုးနိုင်ဦးမှာ မဟုတ်ပါဘူး၊ ဘာလို့ဆို၊ PNG မှာ animation မရလို့ပါ။


နောက်ပိုင်း flash animation တွေလုပ်တဲ့အခါ PNG ကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါတယ်။ အင်တာနက်ကလဲ မြန်လာ၊ ကွန်ပြူတာတွေကလဲ ကောင်း၊ မောနီတာတွေကလဲ အရောင်တွေ စိုလာကြတော့ နောက်ပိုင်း web design လုပ်တဲ့အခါ အရင်လို limitation တွေနည်းလာတာအမှန်ပါပဲ။


Disclaimer: Above translation is not a direct translation. Alternations of the ways of describing certain details have been made for better picture.

Original : GIF, JPG and PNG - What's the difference?

Monday, September 8, 2008

စင်္ကာပူဘလော့ဒေး အမှတ်တရ




မအားသေးလို့ post အနေနဲ့ မရေးနိုင်သေးပါဘူး။
သူများတွေရေးတာနဲ့လဲ လုံလောက်နေလောက်ပါပြီလေ ..
ဒါပေမယ့် ရေးပါဦးမယ်
လောလောဆယ်တော့ ....
see the rest of photos here

Thursday, August 14, 2008

Nigerian Man Has 86 Wives


Take it from Mohammed Bello Abubakar. The 84-year-old Nigerian man will tell you from experience that you shouldn’t have that many wives. How many? 86 to be exact!

Nigerian Mohammed Bello Abubakar, 84, has advised other men not to follow his example and marry 86 women.

The former teacher and Muslim preacher, who lives in Niger State with his wives and at least 170 children, says he is able to cope only with the help of God.

"A man with 10 wives would collapse and die, but my own power is given by Allah. That is why I have been able to control 86 of them," he told the BBC.

He says his wives have sought him out because of his reputation as a healer.

"I don’t go looking for them, they come to me. I will consider the fact that God has asked me to do it and I will just marry them."

The full story is weird and full of intrigue: Link - via Look At This

Tuesday, August 12, 2008

funniest videos i’ve EVER seen on the net:

ဟားဟားဟားဟား
one of the funniest videos i’ve EVER seen on the net:
LOL..!!

" ... just f**king kill me please"? LOLz.. really funny one. i love it.


Monday, August 11, 2008

URGENT! : Job Vacancy Announcement

မင်္ဂလာပါ .. သယ်ရင်းတို့ရေ ...

အလုပ်ကိစ္စလေး ကြော်ငြာချင်လို့ပါ။ Cambodia နိုင်ငံမှာ အလုပ်သွားလုပ်နိုင်မယ့် အခွင့်အရေးလေးတစ်ခု ပေါ်လာလို့ သယ်ရင်းတို့ကို မျှဝေလိုက်ပါတယ်။

Country
Cambodia

Salary
1000 USD (ပါတ်ဝန်းကျင်ရမှာပါ အတိအကျတော့ မသိသေးပါဘူး။ ကိုယ့်အရည်အချင်းပေါ်မူတည်မယ်ထင်ပါတယ်)

Position
IT Teacher 1 post

Gender
Male or Female, under 40 years old.

Job Scope
Cambodia နိုင်ငံရှိ International School တွင် Grade 1 မှ Grade 9 အတွင်းရှိ ကလေးများကို computer သင်ကြားရမှာဖြစ်ပါတယ်။ ဘာတွေ သင်ကြားရမှာလဲဆိုတော့ computer အခြေခံပါပဲ။ basic computing ပေါ့။ ကလေးတွေကို ပုံဆွဲသင်ပေးရမှာတို့ ဘာတို့ပေါ့။ သိပ်မများပါဘူး။

Education & Experience Background
ဘွဲ့ရ၊ Computer Teaching အတွေ့အကြုံရှိရမယ်ပေါ့။

English လို communicate လုပ်နိုင်ရမယ်၊ "Able to communicate in English well" ပါ။ ဘာလို့လဲဆိုတော့ ကလေးတွေကိုလဲ English လိုသင်ရမှာဖြစ်သလို၊ ဆရာဆရာမချင်းလဲ English လိုပဲ communicate လုပ်ရမှာဖြစ်လို့ပါ။ ဒါကတော့ နိုင်ငံခြားမှာ teaching သွားလုပ်မယ်ဆိုတာနဲ့ default ရှိရမယ့် အရည်အချင်းပါ။


How to Apply?
ကျနော်တို့ ရုံးကို လူကိုယ်တိုင်ဖြစ်စေ၊ email နဲ့ဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါတယ်။ (လိပ်စာကို အောက်မှာရေးပေးထားပါတယ်)

When?
ASAP (as soon as possible) ပေါ့။ အမြန်ဆုံးဆက်သွယ်ပေးပါ။ ကျနော်တို့ CV or Resume ရတာနဲ့ ချက်ချင်း ဟိုဖက်ကို ပို့ပေးမှာပါ။ သူတို့က Urgent လိုချင်နေတာပါ။

Agnet Fees or something like that?
ကျနော်တို့ ဒါကို စေတနာနဲ့ အခမဲ့ ကူညီတာပါ။ တပြားတချပ်မှ ပေးစရာမလိုပါဘူး။ ကိုယ့်လူမျိုးတွေ အလုပ်ရစေချင်တာပါ။

P.S : ယောင်္ကျားလေး ဆိုရင်တော့ သွားခါနီး Beer တိုက်ရင် ရပါပြီး .. ဟီးဟီး။ မိန်းခလေးဆိုရင်တော့ ... အင်း စဉ်းစားလိုက်ဦးမယ်ဗျာ .. ဟဲဟဲ

If you got any questions?
just contact me or,
please email or IM to "ကိုစည်သူ" kosi@idealmyanmar.com

ဆက်သွယ်ရန်

Ideal Technology Co.,Ltd.
အခန်း ၁၀၀၁၊ တိုက် J,
အနော်ရထာအိမ်ယာ၊ လှည်းတန်း (ပြည့်လမ်း)၊
ကမာရွတ်မြို့နယ်။
ရန်ကုန်။
Phone : 524141

Wednesday, August 6, 2008

to the same path, same place, samilier time but not same people


လွန်ခဲ့တဲ့ ၂၀၀၅ ဇူလိုင်လက ကျနော် Singapore ကို တစ်ခေါက်ရောက်ခဲ့ဖူးတယ်။
ခု ၃ နှစ်အကြာ သြဂုတ်လထဲမှာ ကျနော် ထပ်သွားဦးမယ်။
အဲဒိတုန်းက ခါးခါးသီးသီး ရူံးခဲ့တဲ့ အရှုံးကို ခုတစ်ခေါက် သွားပြန် အနိုင်ယူမယ်။

see you Singapore!!

SEO Guide for Designers (Final)

General SEO Do’s and Don’ts

“ဘာတွေ မလုပ်ရဘူး” လို့ ပြောပြရင်းနဲ့ “ဘာလုပ်ရမယ်” ဆိုတာကို ပြောသွားပါမယ်။

ပရိတ်သတ်တွေကို ဂရုစိုက်ပါ (Don’t Ignore Your Audience)

ကိုယ့် website/blog ကိုလာလည်တဲ့ လူတွေဘာကြိုက်လဲ ဘာတွေဖတ်ချင်လဲ ဆိုတာကို သိအောင်လုပ်ပါ။ ဘယ်လိုလုပ်မလဲ…? Poll တွေလုပ်ပြီး စစ်တမ်းကောက်တာမျိုး၊ forum တွေ bullentin board တွေကိုသွားပြီး လက်ရှိကိုယ်လုပ်နေတဲ့/ကိုယ့် field ထဲကလူတွေ ဘာတွေကို စိတ်ဝင်စားနေလဲ ဆိုတာလေ့လာပါ၊ customer တွေရဲ့ email တွေထဲမှာ ဘယ်လို topic တွေအများဆုံးပါတတ်လဲဆိုတာ လေ့လာပါတဲ့ (ဒါကတော့ အလုပ်ကိစ္စနဲ့ ပါတ်သတ်ပါတယ်)။ keyword တွေကို research လုပ်ပါတဲ့။ အင်တာနက်မှာ အလကားရတဲ့Google Keyword Tool ဒါမှမဟုတ် SEO Book’s Keyword Tool စတဲ့ keyword tools တွေအများကြီး ရှိပါတယ်။ keyword tools တွေကို အချိန်အကြာကြီး လေ့လာနေစရာမလိုပါဘူး။ ဒီ field ထဲမှာ ဘယ်လို keyword တွေ ခေတ်စားနေတယ်၊ customer တွေက ဘယ်လို keyword တွေကို ကိုရှာလာကြသလဲ ဆိုတာကို general idea လောက်ရရင်တော်ပါပြီ။

Don’t Be Dense About Keyword Density

ကျနော်တို့ စာဖတ်သူတွေအတွက် topic အသစ်တစ်ခု ရေးပြီးရင် search engines တွေမှာ တွေ့အောင်လုပ်ရမယ်မဟုတ်လား။ “Keyword Density” ဆိုတာက အဲဒိ topic ရဲ့ keyword ဟာ အဲဒိ topic ထဲမှာ ဘယ်နှစ်ကြိမ်လောက်ပါသလဲ ဆိုတာပါပဲ (ဘယ်နှစ်ကြိမ်ပါသလဲဆိုတာကို အဲဒိ topic ရဲ့ စာကလုံး အရေအတွက်နဲ့ နှိုင်းယှဉ်ပါတယ်)။ keyword တွေမပါမဖြစ်ပါရမယ့် နေရာတွေကို အောက်မှာ ပြထားပါတယ် …

  • the Title Tag
  • the Page URL (friendly URL)
  • အဓိက ခေါင်းစဉ် (Main Heading - H1 or H2)
  • ဆောင်းပါးရဲ့ ပထမဦးဆုံး အပိုဒ်မှာ
  • စာကိုယ်မှာ အနည်းဆုံး ၃ ခါလောက် (နည်းတာများတာက သိပ်အရမ်းကြီး အဓိက မကျပါဘူး၊ အရမ်းများလေ ကောင်းလေလို့ ထင်ပြီး ဆိုင်ဆိုင် မဆိုင်ဆိုင် လျှောက်မထည့်ပါနဲ့၊ အရင်က ပြောခဲ့သလို spam လို့ ထင်သွားနိုင်ပါတယ်။).

တော်တော်များများက keyword density ကို 2% ထားလေ့ရှိပါတယ် (ဆိုလိုတာက ။ စကလုံး ၁၀၀ တိုင်းမှာ keyword 2 ခုပါရမယ် ပေါ့)။ ဒါပေမယ့် ကျနော်တို့ keyword က “SEO for Web Designers and Web Developers” ဆိုတဲ့ စာကြောင်း (phrase) ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဘယ်နှစ်ကြိမ်လောက်များ စာပိုဒ်တွေမှာ ပါအောင်ရေးနိုင်မလဲ။ စဉ်းစားကြည့်ဗျာ။ အဲဒီလို SEO ဖြစ်ဖို့ Search Engine အတွက်တွေ အရမ်းစဉ်းစားလွန်းရင် ကိုယ့် ရည်ရွယ်ချက်ပျောက်သွားနိုင်ပါတယ်။ ကျနော်တို့က ကျနော်တို့ရဲ့ စာဖတ်ပရိတ်သတ်အတွက် ရေးနေတာပါ။ Search Engine အတွက်ရေးနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် … ခုကျနော်ရေးခဲ့တာတွေကို မှတ်သားထားပြီး စာဖတ်ပရိတ်အတွက်လဲ ရေး၊ SEO အတွက်လဲ ဂရုစိုက်ပြီးသားဖြစ်အောင် ရေးသားနိုင်လိမ့်မယ်ထင်ပါတယ်။ ပုံမှန်ဆိုရင် SEO နဲ့ပါတ်သတ်အောင် ရေးဖို့ပျင်းတတ်ကြတာများပါတယ်။

Warning: ကိုယ့် ဆောင်းပါးမှာ same keywords တွေထပ်နေပါစေနဲ့တဲ့၊ Search Engine က keyword stuffing လုပ်တယ်ဆိုပြီး penalized လုပ်နိုင်လို့ပါ။ (spam လို့ထင်ပြီး နောက်တစ်ခေါက် ထက်မလာတော့တာကို ပြောတာပါ)။

Don’t Be Afraid of Internal Linking

ကိုယ့် website ထဲက page တွေတိုင်းကို search engine က မြင်စေချင်သလား။ ဒါဆို search engine spider တွေကို ရှာတွေ့အောင် ကူညီလိုက်ကြဖို့ ရှိတာပေါ့။ ဒါဆိုရင် sitemap လို၊ blog archives လိုမျိုး site ထဲမှာရှိတဲ့ pages တိုင်းကို လင့်ခ်ပေးထားတဲ့ page လေးတစ်ခု လုပ်ပေးထားလိုက်ပါ။

Don’t Ignore Broken Links

ကိုယ့် site ထဲက broken links တွေကို ရှာပြီး ပုံမှန် ပြန်ပြင်ပေးသင့်ပါတယ်။ တကယ်လို့ page တစ်ခု section တစ်ခုကို ဖျက်လိုက်ပြီဆိုရင် robot.txt ကိုသုံးပြီး၊ ဖျက်လိုက်တဲ့ pages တွေကို crawl မလုပ်ပါနဲ့တော့လို့ အသိပေးနိုင်ပါတယ်။ ဒါမှမဟုတ် page တွေတင်မကပဲ site တစ်ခုလုံးပါ ရွှေ့လိုက်တယ်ဆိုရင် 301 .htaccess ကိုသုံးပြီး ပြောင်းသွားတဲ့ URL အသစ်ကို redirect ပြန်လုပ်ပေးနိုင်ပါတယ်။

Tips: Google Webmaster Tool ကိုသုံးပြီးတော့ broken links တွေ၊ 404 Not Found errors ဖြစ်နေတာတွေကို ရှာဖွေနိုင်ပါတယ်။ အဲဒိ Google Webmaster tool အကြောင်း နောက် post အသစ်တစ်ခုအနေနဲ့ ထပ်ရေးပါဦးမယ်။

Don’t Be Inconsistent With Your Domain URL

Website တွေရှေ့မှာ www မပါတာနဲ့ ပါတာဟာ technically အရ ပြဿနာမဟုတ်ပေမယ့်၊ Search Engine တွေအတွက်ကတော့ ဟုတ်ပါတယ်။ သူတို့က တူတူပဲလို့ နားလည်မှာမဟုတ်ပါဘူး။ သီးခြားစီလို့နားလည်မှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့် website ကို promote စလုပ်စဉ်က www မပါခဲ့ဘူးဆိုရင်၊ နောက်လဲ မပါပါစေနဲ့တော့။ ဒါမှ တိကျတဲ့ traffic ranking ကိုရမှာဖြစ်ပါတယ်။

Search Result Position

Coding တွေကို ကောင်းကောင်းရေး၊ SEO friendly ဖြစ်အောင် သေခြာလုပ်တာတွဟာ ကိုယ့် website ကို search engine တွေဘယ်လောက် လွယ်လွယ်ကူကူနဲ့ ၀င်ရောက် ရှာဖွေနိုင်သလဲဆိုတာပါပဲ။ ဒါပေမယ့် အဲဒါတွေကြောင့် search engine ရဲ့ search engine result page (SERP) ထိပ်ဆုံးမှာ ရှိလိမ့်မယ်လို့တော့ အာမ မခံနိုင်ပါဘူး။ ဒီပြင် တခြားအချက်တွေလဲ ရှိပါသေးတယ်။ အဲဒိထဲက အခြေခံတစ်ချို့ကို အောက်မှာ ရေးပေးထားပါတယ်။

PageRank

တစ်ချို့ professional SEO လုပ်တဲ့လူတွေက Google’s PageRank ကို ဂရုပြုကြပါတယ်၊ တစ်ချို့က ဂရုမပြုဘူး။ Google PageRank ကောင်းကောင်းရတာ ကောင်းဖို့ပဲ ရှိတယ်ထင်ပါတယ်။ Google PageRank အကြောင်း သေခြာသိချင်ရင် Smashing Magazine မှာ article ကောင်းကောင်းတစ်ခုရှိပါတယ်။

Domain Age Before Beauty

ဒိုမိန်းတစ်ခုရဲ့ သက်တမ်းကလဲ search engine algorithm ထဲက အချက်တစ်ခု အဖြစ်ပါတယ်ဆိုရင် အံသြမလား။ သက်တမ်းရင့်တဲ့ ဒိုမိန်းတွေမှာ history တွေရှိတယ်ဗျာ၊ သူတို့ထဲက content တွေကလဲ search engine ရဲ့ ranking မှာကောင်းကောင်း နေရာရထားပြီးသားလဲ ဖြစ်နေနိုင်တာပေါ့။ မနေ့တစ်နေ့ကမှစတဲ့ site ကဘယ်လောက်ကောင်းကောင်း သူတို့ကိုမှီဖို့ မလွယ်ဘူးပေါ့။

Be Patient

ကဲ … ထားပါတော့ ကျနော်တို့ တတ်နိုင်သမျှ၊ လုပ်နိုင်သမျှ SEO ကောင်းအောင် လုပ်ခဲ့ပြီးဘီ ဆိုပါဆို့၊ ဒါပေမယ့် ကိုယ်လိုချင်တဲ့ target keyword မှာ ကိုယ့် site ကလဲတက်မလာသေးဘူးဆိုပါတော့။ အဲဒိအခါ စိတ်ရှည်ပါတဲ့၊ အချိန်နဲနဲယူတတ်ပါတယ်။ site rank တက်လာဖို့ အချိန်လိုပါတယ်၊ search engine ကလာကြည့်ဖို့အချိန်လိုပါတယ်၊ index စီဖို့အချိန်လိုပါတ်ယ်။ ဒီတော့ စိတ်ရှည်ပါ .. နော်။

နောက်တစ်ခုဖြစ်နိုင်တာက .. ကိုယ်လုပ်ထားတဲ့ keyword ကလဲ အရမ်းအပြိုင်အဆိုင်များတဲ့ keyword ဖြစ်နေတတ်တာမျိုးပေါ့။ အဲဒိအခါ ရှေ့ကလူတွေကို ကျော်ဖို့ မလွယ်ဘူးဖြစ်နေမှာပေါ့။ ဒီတော့ နောက် keyword တစ်ခုကို စဉ်းစားကြည့်ပါ။ သိထားဖို့ ကျနော်တို့ တစ်ယောက်နှစ်ယောက်နဲ့ ပြိုက်နေရတာမဟုတ်ပါဘူး။ သန်းနဲ့ချီတဲ့ web page တွေနဲ့ ယှဉ်ပြိုက်နေရတာပါ။

Resources to Help You Go Farther

Google Webmaster Tools

Google Webmaster Tools က ကျနောတို့ site တွေကို သူတို့ google crawler တွေဘယ်လို crawl လုပ်ထားပြီးဘီလဲ ဆိုတဲ့ stastistics ကိုပြပါတယ်။ ဒီတော့ ဘယ်ဟာတွေကိုတော့ တွေ့နေဘီ၊ ဘယ်ဟာတွေကိုတော့ မတွေ့သေးဘူးဆိုတာ သေခြာသိနိုင်တာပေါ့။ အရမ်းကို ကောင်းတဲ့ tool တစ်ခုပါ။ မသုံးဖူးသေးဘူး ဆိုရင်တော့ Google Webmaster Tools ကိုသွားပြီး sign in လုပ်လိုက်ပါ (သူက google account ကိုပဲသုံးတာဆိုတော့ sign up လုပ်စရာမလိုပါဘူး။ ကိုယ့် gmail, gtalk account နဲ့ပဲူSign In လုပ်ကြည့်လိုက်ပါ)။ ပြီးရင် ကိုယ့် site ကို verify လုပ်ကြည့်လိုက်ပေါ့။

Verified လုပ်ပြီးရင် အောက်က အချက်တွေကို ကျနော်တို့ တွေ့နိုင်ပါတယ်။

  • Googlebot တွေ ဘယ်အချိန်က နော်ကဆုံး ကိုယ့်ဆိုဒ်ကို crawl လုပ်သွားခဲ့သလဲ
  • HTTP errors တွေ
  • 404 Not Found errors တွေ
  • External link counts တွေ
  • ဘယ် keywords တွေနဲ့ လူတွေက ကိုယ့် site ကိုရှာပြီး ရောက်လာကြသလဲ။
  • အဲဒိထဲက ဘယ် keyword ကအများဆုံးလဲ
  • And more ပေါ့။

Free SEO Tools တွေ

အောက်မှပြထားတာတွေက ကိုယ့် site ရဲ့ PageRank, Link Popularity, Search Engine Position, Keyword Density စတာတွေကို ကြည့်နိုင်မယ့် အလကားရတဲ့ fee SEO Tools တွေပါ။

SEO Resources

SEO အကြောင်း ထပ်လေ့လာချင်သေးတယ်ဆိုရင် အောက်က လင့်ခ်တွေမှာ သွားကြည့်နိုင်ပါတယ်။

နိဂုံး

ဒီ article ကိုရေးတဲ့ လူက သူ့ကိုသူ SEO expert မဟုတ်ပါဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် သူ့ site တွေ N.Design Studio, Best Web Gallery, and Web Designer Wall). ကတော့ ranking အရမ်းကောင်းတာတွေ့ရပါတယ်။ သူ့ ကိုယ်ပိုင် အတွေ့အကြုံ၊ ကိုယ်တိုင်လေ့လာထားတဲ့ ထဲကနေ တဆင့်ပြန် share လုပ်ပေးတာပါလို့ ပြောထားပါကြောင်း ရေးသားရင် SEO for Designer ကို နိဂုံးချုပ်လိုက်ရပါတယ်။

English လိုဖတ်ချင်တယ်ဆိုရင် မူရင်း မှာ သွားဖတ်နိုင်ပါတယ်။
Source : WebDesignerWall

Monday, August 4, 2008

SEO Guide for Designers (Part 2)


Top 9 SEO Mistakes Made by Designers and Developers



1. Splash Page



Website ရဲ့ အစမှာ banner ပုံကြီးကြီးနဲ့ ဒီဇိုင်းလုပ်ထားပြီး “Click here to enter” ဆိုပြီး သူတို့ homepage ကိုသွားမယ့် link ပေးထားတတ်ကြတာ တော်တော်များများတွေ့ဖူးပါတယ် (Splash Screen ခေါ်တာပေါ့)။ အဆုံးကတော့၊ အဲဒိ enter ဆိုတဲ့ link ရဲ့ URL က flash ထဲမှာ embedded လုပ်ထားတော့ ဘယ်လိုလုပ် spider တွေက အဲဒိ link ကိုရှာတွေ့တော့မလဲဗျာ။
ကိုယ့် site ကို search engine ကသိသိ မသိသိ ပြဿနာမရှိဘူး ဆိုရင်တော့ ရတာပေါ့ဗျာ။ ဒါပေမယ့် အဲဒါဟာ အကြီးမားဆုံးအမှားပဲ။ website တစ်ခုရဲ့ homepage ဆိုတာ အဲဒိ website ရဲ့ rank အမြင့်ဆုံး နဲ့ web spider တွေ မကြာခဏလာပြီး crawl ရမယ့်နေရာဖြစ်ပါတယ်။ အဲလိုဆိုတော့ homepage ကိုမှ search engine ကရှာမတွေ့ဘူးဆိုရင် အထဲမှာရှိတဲ့ ကျန်တဲ့ page တွေကို ဘယ်လိုသွားပြီး search engine ကရှာတွေ့တော့မှာလဲဗျာ နော်။ ရှင်းရှင်းပြောရရင်တော့ homepage ဆိုတာ စာအလုပ်တစ်အုပ်ရဲ့ content နဲ့တူပါတယ်။

ဒီတော့ homepage မှာ website တစ်ခုလုံးရဲ့ အဓိက keywords တွေရဲ့ အရေးကြီးတဲ့ page တွေရဲ့ link တွေပါသင့်ပါတယ်။


2. Non-spiderable Flash Menus


ဒီအမှားကတော့ designer တော်တော်များများမှားတတ်ကြပါတယ်။ Fade-in, fade-out effect တွေနဲ့ animated flash menu တွေလုပ်တာပေါ့။ အဲဒိ menu တွေက ကြည့်လို့ကတော့ တော်တော်မိုက်တာဗျ ဒါပေမယ့် Search Engine က မမြင်နိုင်ပါဘူးတဲ့၊ ဒီတော့ spider တွေက menu ရဲ့ link တွေနောက် မလိုက်နိုင်တော့ဘူးပေါ့။
ဒါကြောင့် ကျနော်ဆိုရင် အပေါ်မှာ flash menu လုပ်ပြီး ဟိုးအောက်ခြေမှာ ပုံမှန် link တွေအကုန်ပြန်ထည့်ပေးတာနဲ့ ဖြေရှင်းပါတယ်။


3. Image and Flash Content


Web spiders တွေက စာသားကိုပဲ အဓိကထားတဲ့ browser တွေနဲ့ တူပါတယ်တဲ့။ graphic imge တွေနဲ့ flah ထဲက စာသားတွေကို မဖတ်နိုင်ပါဘူး။ အရေးကြီးတဲ့ စာသားတွေ (ဥပမာ။ ကုန်ပစ္စည်းနာမည်တွေ၊ keywords တွေ) ကို image တွေလုပ်၊ flash နဲ့ animation လုပ်ထား ရင်တော့ မှားပြီပေါ့။


4. Overuse of Ajax


Developer တွေက visitor တွေကို ဖမ်းစားနိုင်အောင်၊ impress ဖြစ်အောင်ဆိုပြီး Ajax တွေတော်တော်များများ သုံးတတ်ကြပါတယ်။ (အထူးသဖြင့် menu လို navigation ကိစ္စတွေမှာပေါ့)။ ဒါပေမယ့် တစ်ခု သိထားရမှာက Ajax content တွေက dynamically ဆွဲထုတ်တာဆိုတော့ search engine တွေရဲ့ spider တွေက မဖတ်နိုင်သလို index လဲမစီပေးနိုင်ပါဘူး။ ဒီတော့ Ajax ကို သုံးတော့သုံး အများကြီး မသုံးမိစေနဲ့ပေါ့။
တခြား Ajax ရဲ့ မကောင်းတဲ့အချက်က - Ajax ကိုသုံးထားရင် address URL u reload မလုပ်တော့ဘူးလေ၊ အဲဒိအခါ ကိုယ်ကြည့်နေတဲ့ page တစ်ခုကို သူငယ်ချင်းကို ပြချင်တာပဲဖြစ်ဖြစ် သိမ်းထားချင်တာပဲဖြစ်ဖြစ် ဒုက္ခရောက်ပြီပေါ့။


5. Versioning of Theme Design


တစ်ချို့ designer တွေက သူတို့ရဲ့ site design ကို version တွေပြောင်းပြီးလုပ်ရတာကို ကြိုက်တတ်ကြတယ်။ ပြီးတော့ sub level foler တွေနဲ့ ခွဲပြီး သိမ်းတတ်ကြတာပေါ့ (ဆိုလိုတာက yourdomain.com/v2, v3, v4 ဆိုပြီးတော့ပေါ့)။ ပြီးမှ hompage ကနေ လက်ရှိ version ဆီကို ပြန်ပြီ redirect ပေးတတ်ကြတယ်။ Main root ခဏခဏ ပြောင်းနေတဲ့အခါ website ရဲ့ backlink counts နဲ့ ranking ကျလာတတ်ပါတယ်။


6. “Click Here” Link Anchor Text



"Click here" ဒါမှမဟုတ် "Learn more" ဆိုပြီး Link ပေးထားတာကို site တော်တော်များများမှ တွေ့ဖူးလိမ့်မယ်ထင်တယ် (ကျနော့် site တွေမှာတောင် တော်တော်များများပါတယ် :P). “Click Here” ဆိုတဲ့ keyword မှာ rank ကောင်းချင်တယ်ဆိုရင်တော့ အလို လင့်ခ် ပေးတာက တော်တော်ကောင်းပါတယ်။ ဒါပေမယ့် အဲဒိ လင့်ခ်ကနေသွားမယ့် page က အရေးကြီးတဲ့ topic ဖြစ်တယ်ဆိုရင် “Learn more about {Keyword topic}” ပုံစံမျိုးနဲ့မှ အဆင်ပြေပါလိမ့်မယ်။ ဒါမှလဲ အဲဒိ Click Here ဆိုတဲ့ လင့်ခ်က ဘယ်ကိုသွားတာလဲဆိုတာ Search engine ကမိုနားလည်မှာပါ။
Warning : website တစ်ခုမှာ ထပ်နေတဲ့ anchor text တွေကို မသုံးမိပါစေနဲ့။ အဲဒီလို ဖြစ်တာဟာ တစ်ခါတစ်လေမှာ Search Engine က spam လို့မြင်သွားတတ်လို့ပါ။


7. Common Title Tag Mistakes


Same or similar title text:



Developer အများစုက ဒီကိစ္စကို ပေါ့ပေါ့လေးထားပြီး page တိုင်းရဲ့ title tag တွေကို ဆင်တူနီးပါးပေးထားတတ်ကြပါတယ်။ အဲလိုလုပ်တော့ ဘာဖြစ်လဲဆိုလဲ? ဘာဖြစ်ရမှာလဲ page တိုင်းရဲ့ title တွေကတူနေတော့ page တိုင်းရဲ့ topic ကတူတူပဲလို့ Search Engine ကထင်သွားရောဗျာ။ site ထဲက page တိုင်းမှာ unique ဖြစ်တဲ့ Title tag နဲ့ target keyword ရှိသင့်ပါတယ်။

Exceeding the 65 character limit:



ဘလော်ဂါ တော်တော်များများက post title ကိုအရှည်ကြီးရေးတတ်ကြပါတယ်။ အဲဒိတော့ ဘာဖြစ်တုန်း? Search Engine ရဲ့ result ပြတဲ့နေရာမှာ အဲဒိ post title က ခေါင်းစဉ်အဖြစ်ပြတာပါ။ တကယ်လို့ ခေါင်းစဉ်က အရမ်းရှည်ပြီး 65 characters (including spaces) ပြည့်သွားတဲ့အခါ နောက်ပိုင်းက စာသားတွေကို ဖြတ်ချလိုက်ပါတယ်။ ဒီတော့ ကိုးလို့ ကန့်လန့်ဖြစ်ပြီပေါ့။
ဒီနေရာမှာ မြန်မာစာဆိုရင် ပြဿနာတတ်တာများပါတယ်။ တော်ရုံခေါင်းစဉ်က ၆၅ ကိုကျော်တာများတယ်လေ။ ဟုတ်တယ်ဟုတ်။ Unicode final ဖြစ်သွားတဲ့အခါကျ အဆင်ပြေသွားမယ် ထင်ရတာပါပဲ။


Keyword stuffing the title:


နောက်ထပ် common mistake တစ်ခုက keywords တွေထပ်နေတာ (ဒါမှမဟုတ်) များလွန်းနေတာပါ။ keyword တစ်ခုထဲကိုပဲ ၃ ခါလောက်ပါနေတာဟာ ပိုကောင်းမလာနိုင်ပါဘူး။ Search Engine က spam လို့တောင် ထင်သွားနိုင်ပါသေးတယ်။ မကောင်းဘူးပေါ့။
ဒါပေမယ့် … ထပ်နေတာကို အဆင်ပြေအောင် လုပ်တတ်ရင်လဲ ပိုကောင်းသွားတတ်ပါတယ်။
ဥပမာ။ "Photo Tips & Photography Techniques for Great Pictures" လို့ရေးတာမျိုးပေါ့။ photo နဲ့ photography လို့ထပ်နေပေမယ့်။ သဘောတရားချင်းက မတူဘူးလေ။ ပြီးတော့ ရှာတဲလူအတွက်လဲ option ပိုများလာပါတယ်။


8. Empty Image Alt Attribute


ကျနော်တို့ site ပေါ်က ပုံတွေရဲ့ alt attribute မှာပုံရဲ့ နာမည်ကို ရေးပေးသင့်ပါတယ်။ တော်တော်များများက မရေးပဲ ချန်ထားခဲ့တတ်ကြပါတယ်။ (ကျနော် အပါအ၀င်ပေါ့)။ ပုံတွေမှာ အဲဒိပုံဟာ ဘာပုံဖြစ်သလဲဆိုတာကို ရေးပြထားတာဟာ မျက်စိမမြင်တဲ့လူတွေအတွက် အကူအညီပေးထားတာနဲ့ တူပါတယ်။ စဉ်းစားကြည့်လေ .. Search Engine က ပုံတွေကိုမှ မမြင်ရတာ၊ အရင်က ပြောထားခဲ့သလို သူက text based ပဲ၊ ဒီတော့ သူ့ကို ဒီပုံကတော့ဖြင့် ဘာပုံပါလို့ ပြောပြမှ သင့်တော်ပေမပေါ့။ ဒီလိုမှ သူကလဲ ဒီပုံတွေရဲ့ အကြောင်းအရာပေါ်မူတည်ပြီး relevant ဖြစ်တဲ့ search result ကို ထုတ်ပေးနိုင်မှာပေါ့။
Hint: နောက်တစ်ခုအနေနဲ့ အဲဒိလို ရေးထားခြင်းအားဖြင့် Google Image Search မှာလဲ ranking ကောင်းလာနိုင်ပါတယ်။ ဥပမာ။ ကျနော် ရှာကြည့်တဲ့ “abstract” နဲ့ “dj” ဆိုတဲ့ စာလုံးတွေအတွက် နေ့စဉ် ထောင်နဲ့ချီနေတဲ့ referrals တွေရနေပါတယ်။


9. Unfriendly URLs


Blog နဲ့ CMS တော်တော်များများမှာ Friendly URL ဆိုတာ build-in ပါတတ်ပါတယ်။ ဒါပေမယ့်လဲ blogger တိုင်းတော့ အဲဒိ feature ကို ကောင်းကောင်းအသုံးမချတတ်သေးပါဘူး။ Friendly URL တွေက သုံးတဲ့ user တွေအတွက်ရော၊ Search Engine တွေအတွက်ပါကောင်းပါတယ်။ အဲဒိ URL ကလည်း သက်ဆိုင်ရာ post or topic ရဲ့ အဓိက keywords တွေပါသင့်ပါတယ်။
Example of Friendly URL: domain.com/page-title
Example of Dynamic URL: domain.com/?p=12356

ကဲ … ဒုတိယ အပိုင်းကတော့ ဒီလောက်ပါပဲ။ post အရမ်းရှည်သွားရင် ဖတ်ရတာ ပျင်းသွားမှာစိုးလို့ ၃ ပိုင်းခွဲထားတာပါ။
ဇာတ်သိမ်းပိုင်းကို .. မျှော် …


SEO Guide for Designers (Part 1)

SEO ဟာ ခုခေတ်မှာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါပြီ။ ဒါကြောင့် သိသလောက် မှတ်သလောက် ပြန်လည်မျှဝေလိုက်တာပါ။ (အပိုင်း တွေခွဲခွဲပြီး ပြီး အဆုံးမသတ်နိုင်ပဲဖြစ်နေတာလဲ များလာဘီ .. ဟီးဟီး။ ဒီတစ်ခါတော့ ပြီးအောင် ရေးပမယ်)


Why Should You Learn About SEO?


  • SEO ဟာ online marketers လို့ခေါ်တဲ့ online မှာဈေးကွက်ရှာဖွေသူတွေအတွက်သာ မဟုတ်ပါဘူး။ Web designer ဒါမှမဟုတ် frontend developer လို့ခေါ်တဲ့ web developer တွေအတွက် တာဝန်ယူပြီးလုပ်ဆောင်ပေးရမယ့် ကိစ္စဖြစ်ပါတယ်။
  • တကယ်လို့ ကျွန်တော်တို့ရဲ့ site ဟာ search engine friendly လို့ခေါ်တဲ့ search engine ကအလွယ်တကူရှာဖွေ မတွေ့နိုင်ဘူး ဆိုရင် ကျနော်တို့အနေနဲ့ website ကရရှိမယ့် traffic တွေတော်တော်များများကို ဆုံးရှုံးရလိုက်မှာ ဖြစ်ပါတယ်။ သင့် web site ကိုလူတွေလာကြည့်နိုင်ဖို့ “www.yourwebsite.com” လို့ ရိုက်ထဲ့ပြီးလာတာနဲ့၊ အခြား site တစ်ခုကနေပေးတဲ့ လင့်ခ်ကနေ လာတာတွေကလွဲရင် search engines တွေဟာ တစ်ခုထဲသော နည်းလမ်းဖြစ်ပါတယ်။
  • High ranking site တစ်ခုဖြစ်တဲ့အတွက် များစွာသော အကျိုးကျေးဇူးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဥပမာ။ ndesign-studio.com ဆိုပါတော့။ သူတို့မှာ နေ့စဉ်ပြန်းမျှ 14,000 visitors လောက်ရှိပါတယ်။ အဲဒိထဲက 40-45% (နေ့စဉ် 6000+ ရှိတယ်လို့ဆိုနိုင်တာပေါ့) ကတော့ search engine တွေကနေလာတာပါ။ စဉ်းစားကြည့်စမ်းပါဗျာ … တကယ်လို့ search engine တွေကသာ မလာဘူးဆိုရင် သူတို့အနေနဲ့ visitors တွေ နေ့စဉ် သောင်းနဲ့ချီပြီး လျှော့သွားမှာပဲ။ အဲ .. အဲဒါဘာကိုပြသလဲဆိုတော့ အလုပ်အပ်နိုင်တဲ့ clients တွေလဲ လျှော့သွားမယ် ဆိုတဲ့သဘောပေါ့ဗျာ။
  • SEO ဆိုတာ value-added service ပါပဲတဲ့။ ဘာလို့ဆို web designer/developer တွေအနေနဲ့ SEO တတ်ထားရင် ၀င်ငွေပိုကောင်းနိုင်တာပေါ့။


The Basics: How Search Engines Work?
အခြေခံး Search Engine တွေ ဘယ်လိုအလုပ်လုပ်သလဲ ?


ပထမဦးဆုံး အနေနဲ့၊ crawler ကိုအခြေခံတဲ့ crawler-base search engine တွေအကြောင်း စကြည့်ရအောင် (Google ရော၊ Yahoo ရော နှစ်ခုစလုံး crawler-based တွေပါ)။ Search Engine တစ်ခုစီမှာ “web spider” ဒါမှမဟုတ် “web crawler”လို့ခေါ်တဲ့ automated program တွေရှိပါတယ်။ အဲဒိ spider/crawler တွေရဲ့ အလုပ်ကတော့ web pages တွေကို လိုက်ရှာမယ်၊ ပါဝင်တဲ့ content တွေကို ဖတ်ပြီး အချက်အလက်တွေ စုဆောင်းမယ်၊ ပီးတော့ site ထဲမှာ ရှိတဲ့ internal link ရော external တွေရောကို လိုက်ဖတ်မယ်ပေါ့။ နောက်တော့ spider တွေက ရလာတဲ့ အချက်အလက်တွေကို index လို့ခေါ်တဲ့ search engine database ထဲမှာ လာပြီး စုဆောင်းထားပေးပါတယ်။

ရှာတဲ့ လူတွေက search engine ရဲ့ search ဆိုတဲ့ နေရာမှာ တစ်ခုခုရိုက်ထည့်ပြီး ရှာလိုက်တဲ့အခါ၊ search engine က index ထဲမှာ ရှိတဲ့အချက်အလက်တွေထဲကမှ အသင့်တော်ဆုံးသော result ကို ရှာထုတ်ပေးဖို့ပါပဲ။

Search engine တွေကောင်းမကောင်းဆိုတဲ့အချက်က သင်ရှာလိုက်တဲ့ မေးခွန်းကို သူတို့ဘယ် လောက်ကောင်းကောင်း ရှာဖွေပေးနိုင်သလဲ ဆိုတာပါ။ အဲဒါတွေက “Search Engine Algorithm” လို့ခေါ်တဲ့ အချက်အလက်တော်တော်များများပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုလဲ ဆို Search Engine တွေက “ဟေ့ .. ဒီ page က သူတို့ရှာတဲ့ ဟာနဲ့ ကိုက်ရဲ့လား” လို့မေးတဲ့ပုံစံပေါ့။ ကျနော်တို့ site ရဲ့ page ranks တွေက အဲဒိအချက်တွေပေါ်မှာ ဘယ်လောက်ထိ အကြုံးဝင်တယ် ဆိုတာပေါ် မူတည်ပါတယ်။ Algorithm နဲ့ ကိုက်လေ rank ပိုတက်လေပေါ့။ Rank ပိုတက်လေ၊ search လုပ်တဲ့အခါ သူများထက် ပိုပြီး အရင်မြင်ရလေ ဖြစ်လာတာပါ။

အပိုင်း (၂) ဆက်ရန်

Monday, May 19, 2008

Even TwitterFeeds cares Myanmar!

Today, I surfe the net and play with twitter. Then I found out Twitter Feeds that can use feeds for my blog. As I testing, I found that they are accepting some donation for their works (as most of the open software does), but now, they said "Please send it to the a charity supporting the Burma Cyclone victims INSTEAD". How touching..
see here : http://twitterfeed.com/



Saturday, May 17, 2008

Email ပို့တဲ့အခါ (သို့မဟုတ်) Email overload ကိစ္စကို ဘယ်လိုဖြေရှင်းမလဲ

ခုတလော .. လူတွေ တော်တော်များများဟာ အီးမေးလ် လူမွဲစာရင်း ကြေငြာလာနေကြပါတယ်။ အင်း … ဒါပေမယ့် ဒီကိစ္စမှာ ငွေရေးကြေးရေး ကိစ္စတွေ မပါပါဘူး။ သူတို့လက်ရှိသုံးနေတဲ့ email ကိုဆက်မသုံးနိုင်တော့တာပါ။ (ဆက်မသုံးနိုင်တော့လောက်အောင် ရှုပ်ထွေးလာလို့ပဲဆိုပါတော့)။ ဒီအခါမှာ သူတို့ဟာ သူတို့ email ရဲ့ inbox ထဲကဟာတွေ အကုန်ဖျက်ပစ်လိုက်ပြီး၊ email bankruptcy ဖြစ်ပီလို့ကြေငြာပီး အစကနေ ပြန်သုံးကြပါတယ်။ (တစ်ချို့ကတော့ လက်ရှိ account ကိုတောင် မသုံးတော့ပဲ အသစ်ထပ်လုပ်လိုက်တတ်ကြပါတယ်။) ဒီနေရာမှာတော့ ကျနော်တို့ တော်တော်များများဟာ Gmail လိုမျိုး free email တွေကိုသာ သုံးနေကြတဲ့အတွက်၊ email account တစ်ခုရဖို့၊ ယူဖို့က ခက်ခဲတဲ့ ကိစ္စမဟုတ်ဖူးပေါ့။ email ကိုစီးပွားရေးလုပ်ငန်းမှာ သုံးနေတဲ့ လူတွေနဲ့ အရင်ကလို mail4u လိုမျိုးဝယ်သုံးတာတွေပဲ သုံးတဲ့လူတွေအတွက် email ထဲမှာ ရှုပ်ရှက်ခက်နေတာဟာ တကယ်တော့ အပေါ်ကလို email မွဲစာရင်း ကြေငြာချင်လောက်အောင်ပဲ ခေါင်းခဲကြမှာ အသေအခြာပါပဲ။

အဲဒိလိုတော့ ကျနော်တို့လဲ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။ သိပ်လွန်မသွားခင် ဘယ်လိုကာကွယ်ဖြေရှင်းကြမလဲ ဆိုတာက …

Slash the number of new messages

ပထမဆုံး ရည်ရွယ်ချက်က အ၀င် e-mail တွေတတ်နိုင်သလောက် လျှော့ချဖို့ပေါ့။ ဒီတော့ subscription လုပ်ထားတဲ့ မလိုအပ်တဲ့ website က email တွေကို cancel ပြန်လုပ်ပါ။ သူတို့ဆီကလာတဲ့ မေးလ်တွေရဲ့ အောက်ဆုံးမှာ un-subscription လုပ်ချင်ရင် ဒီမှာ နှိပ်ပါဆိုတဲ့ စာသားမျိုးတွေပါတတ်ပါတယ်။ အဲဒီ လင့်ခ်တွေကို နှိပ်ပီး မလိုချင်တော့တဲ့ newsletters တွေကို တားဆီးထားနိုင်ပါတယ်။ အဲဒီမေးလ်တွေဟာ သင့်မှာ အချိန်ပိုသိပ်မရှိတဲ့အခါ တော်တော်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ မေးစစ်လိုက်တိုင်း ကိုယ့်ဆီ တိုက်ရိုက်ပို့တဲ့ မေးကို မဆိုင်တဲ့မေးလ်တွေကြားထဲမှာ မူးနောက်နေအောင် ရှာဖတ်ရတာပါ။

တစ်ချို့သူငယ်ချင်းတစ်ချို့ရဲ့ မေးလ် inbox ထဲမှာ မေးလ်တွေက ရာထောင်ချီနေပါတယ်။

“ဟ .. မင်းမေးတွေမစစ်ဖူးလား” ဆိုတော့ “စစ်တယ်လေ ကိုယ်ဖတ်ချင်တာ၊ ကိုယ်နဲ့ဆိုင်တာတွေပဲ ဖတ်ဖြစ်တာပေါ့၊ ကျန်တာတွေက ဘာတွေမှန်းမသိပါဘူးကွာ” လို့ ပြန်ပြောတာကြုံဖူးပါတယ်။ အဲဒိအခါ ကိုယ့်ဆီ မေးလ်အသစ်ရောက်မရောက်လဲ မသိနိုင်တော့ဘူး၊ အရေးကြီးတဲ့ မေးလ်တွေကိုလဲ ပြန်ရှာရတာ ခက်ခဲသွားတာပေါ့

Spam filter ကောင်းကောင်းသုံးထားရင်လဲ မဆိုင်တဲ့မေးလ်အရေအတွက်ကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် spam တွေကိုလုံးဝ နိုင်လိုက်ပြီလို့တော့ မဟုတ်သေူပါဘူး။ ရအောင်ဝင်မယ့် ကောင်တွေကလဲ ရှိနေသေးပါတယ်။

သူငယ်ချင်းတွေဆီကနေ စနောက်တဲ့ မေးလ်တွေ ခဏခဏရနေတယ်ဆိုရင်လဲ သူတို့ကို သေခြာရှင်းပြပြီး မလုပ်ဖို့ပြောပါ။ သူတို့နားလည်ပေးနိုင်မှာပါ။

Respond appropriately

အီးမေးလ် တိုင်းကို အကြောင်းပြန်ဖို့တော့ မလိုအပ်ပါဘူး။ သင့်ဆီကို လူအများကြီးဆီကို ပို့တဲ့ မေးတစ်စောင်ရခဲ့ရင် သင့်အနေနဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားအကြောင်းပြန်ဖို့ သိပ်မလိုပါဘူး။ လိုတယ်ဆိုရင်တောင်မှ လူတိုင်းဆီကို ပို့လိုက်ဖို့ မလိုပါဘူး။

စာပြန်တဲ့အခါ တိုတိုနဲ့ လိုရင်းကိုပြောပါ။ ဒါမှမဟုတ်ရင်တော့ ဖုန်းကောက်ကိုင်ဆက်ပြီးသားပြောလိုက်ပေတော့။

Take advantage of subject lines

Email subjects မှာရေးထားတဲ့ စာသားဟာလဲ ပို့လိုက်တဲ့ မေးလ်နဲ့ ဆက်စပ်မှုရှိရမှာ ဖြစ်ပါတယ်။ တတ်နိုင်သလောက် ကိုယ်ပို့လိုက်တဲ့ စာအကြောင်းကို သိနိုင်မယ့် ခေါင်းစဉ်မျိုး ဖြစ်သင့်ပါတယ်။ “question” ဒါမှမဟုတ် “hello” စတာမျိုးတွေကို ရှောင်သင့်လှပါတယ်။ စာကို လက်ခံရရှိတဲ့ လူက ဘာအကြောင်းပို့ထားတာလဲ ဆိုတာကို သိနိုင်မှာ မဟုတ်ပါဘူး။ ဒီအခါ သူ့အနေနဲ့ ပြန်စာရေးဖို့ category တွေခွဲရာမှာ သင့်စာက အခက်တွေ့သွားစေနိုင်ပါတယ်။ (ဘာအကြောင်းမှန်းမသိ၊ ဘယ်လောက်အေ၇းပါတဲ့ စာမှန်းလဲမသိ ဖြစ်နေမှာပေါ့နော်)

တကယ်လို့ ပို့မယ့်မေးလ်က စာတစ်ကြောင်းစာပဲ ရှိမယ်ဆိုရင် ခေါင်းစဉ်မှာသာ ရေးထဲ့ပေးလိုက်ပေတော့၊ ရှင်းရော။ ပို့တဲ့လူရော၊ ဖတ်တဲ့လူရော အချိန်ကုန် သက်သာတာပေါ့။

တကယ်လို့ ဖြစ်နိုင်တယ်ဆိုရင် သင်နဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေကြားမှာ code လေးတွေသတ်မှတ်ထားလို့ရပါတယ်။ အဲဒိ code လေးတွေကို subjects တွေမှာ ထဲ့ပေးခြင်းအားဖြင့် စာရသူလွယ်လွယ်ကူကူ သိရှိပီး priority ခွဲနိုင်မှာဖြစ်ပါတ်ယ။

ဥပမာ။ ။ “FYI” ဆိုရင် information ပေးတဲ့ message၊ “AR” ဆိုရင် Action ယူဖို့လိုတဲ့ကိစ္စ၊ “URG” ဆိုရင် urgent အရေးကြီးတယ်ပေါ့။


Forwarding and copying

Email တွေကို forward လုပ်တဲ့အခါ ယဉ်ယဉ်ကျေးကျေးဖြစ်နိုင်သမျှ ဖြစ်ပါစေ။ ပို့တဲ့ စာအကြောင်း အကြမ်းဖျဉ်းရှင်းပြပြီး၊ ဘာကြောင့် ဒီစာကို ပို့ပေးရတယ်ဆိုတာကို ပါရှင်းပြပါ။ ဒီလိုဆိုရင် စာရတဲ့လူလဲ ရတဲ့စာကို တန်ဖိုးထားပြီးဖတ်မှာ ဖြစ်သလို ကိုယ့်ကိုလဲ ကျေးဇူးတင်မှာဖြစ်ပါတယ်။ ပို့တဲ့ စာအကြောင်းကို ရှင်းပြထားတဲ့အတွက် ဆက်ဖတ်မဖတ်ကို သူတို့ ဆုံးဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။ ပို့တာစာတွေကို အကုန်ဖတ်ပြီးမှ သိသွားတာထက်စာရင် ကြိုပြီး summarize လေးဖတ်ရတော့ ကောင်းတာပေါ့။ ဘာတွေပို့လိုက်တာလဲ၊ ဘာစာတွေလဲ ဆိုတဲ့ အမေးတွေလဲ လျော့သွားမှာပေါ့။ (English လိုရေးထားတဲ့ ဟာသလို စာမျိုးလေးတွေဆိုရင် ပိုဆိုးပါတယ်။ English လိုဖတ်ရမှာ ပျင်းတော့ ဘာတွေပို့လိုက်တာလဲ လို့အရင်မေးနေတတ်ကြသေးတာ မဟုတ်လား)

(ခုကတော့ fwd: ပါတဲ့ message တွေမြင်ရင် စိတ်ကို ရှုပ်နေတော့တာပါပဲ။ ပီးတော့ message လေးနဲနဲရေးပို့ နေနသာသာ တစ်ချို့ဆို ပါတောင် မပါဘူး၊ ပါရင်လဲ “enjoy, see the attachemt, see below, haha read” ဒါမျိုးတွေဖြစ်နေတော့တာပါပဲ)

သူများဆီက စာတွေကို မကူးချပါနဲ့။ တကယ်လို့လုပ်ခဲ့လို့ ရှိရင်လဲ ဘာကြောင့်လုပ်ရလဲဆိုတာ ရှင်းပြပါ။ စာကိုလက်ခံတဲ့လူ အနေနဲ့ မှန်းနေစရာမလိုတော့ဘူးပေါ့ (ဘာကြောင့် ကူးထားသလဲဆိုတာ)။ ဒီအခါ သူကမေး ကိုယ်ကပြန်ဖြေ စတဲ့ email အသွားအပြန်ကိစ္စလဲ လျော့သွားမှာပေါ့။

ဒီမှာ ကျနော်ဖြစ်တဲ့ ပြဿနာ တစ်ခု ဥပမာ ပြောပြချင်ပါတယ်။ ဟိုတလောက ကျနော် last.fm ဆိုတဲ့ Web2.0 music sharing site သုံးလို့ တော်တော်ကောင်းတာနဲ့ မေးထဲက လူတွေကို လိုက်ပီး invite လုပ်လိုက်ပါတယ်။ ကိုယ်နဲ့ ပြောနေကျ သိပ်မဟုတ်တဲ့ လူတွေလဲ တော်တော်များများပါသွားပါတယ်။ သြော် ဒါပေမယ့် သိပါစေတော့လေ ဆိုပီး ဒီတိုင်းဖိတ်လိုက်မိပါတယ်။ custom message လေးတွေလဲ မပါသွားဘူး ဆိုပါတော့ဗျာ။ အဲဒိမှာ သူငယ်ချင်းတော်တော်များများက ကျေးဇူးတင်ကြောင်း ပြန်ပြောကြတယ်။ တချို့ကလဲ ignore လုပ်လိုက်ကြတယ်ပေါ့ စိတ်မ0င်စားတဲ့အခါ။ ဒါပေမယ့် တစ်ယောက်သောသူက ကျနော့ကို ပြန်စာပို့လိုက်တယ်ဗျ။

"ခုလိုမြန်မာ ပြည်သူတွေ ဒုက္ခတွေ့နေတဲ့ အချိန်မှာ ဒါတွေကို ကျန်တဲ့လူတွေနဲ့ ကျနော်လဲ လုံး0 စိတ်မ0င်စားဘူး။ ပို့နေတာကို တော်လိုက်ပါ။ ဘယ်လိုကူညီကြမလဲဆိုတာပဲ စဥ်းစားသင့်ပါတယ်"

လို့ ပြန်စာဖတ်ပြီးတဲ့အခါ ကျနော် စိတ်မကောင်း တော်တော်ဖြစ်သွားပါတယ်။ အဲဒါဟာ custom message လေးတစ်ခု မပါတဲ့ အကျိုးကျေးဇူးပါပဲ။ သတိမူသင့်လှပါတယ်။

Be disciplined

အီးမေးလ်ကို ခဏခဏ စစ်ရလောက်အောင် မဖြစ်ပါစေနဲ့။ အရေးကြီးတဲ့ စာတွေ လာနေမှာစိုးရင်တော့ တစ်နာရီခြားတစ်ခါလောက် စစ်ပါ။ ဒိထက်ကြာကြာ စောင့်နိုင်ရင် စောင့်ပေါ့။ ဒါပေမယ့် ကိုယ်လုပ်တဲ့အလုပ်နဲ့တော့ ဆိုင်တာပေါ့နော်၊ ကိုယ်က စက္ကန့်နဲ့ အမျှ အရေးကြီးတဲ့မေးလ်တွေလာနေတတ်တဲ့ နေရာဆိုရင်တော့ ဘယ်ဖြစ်မလဲ။ သာမာန် လူတွေအတွက်ပြောတာပါ။

အီးမေးလ်စစ်ဖို့ မနက်နဲ့ ညနေဖက်တွေမှာ အချိန်လေးတွေ သတ်မှတ်ပြီး စစ်ပါ။ စစ်ပြီးတဲ့အခါ inbox ထဲမှာ မေးလ်အသစ်မရှိပါစေတော့နဲ့။ သိမ်းစရာရှိတဲ့ မေးလ်တွေ သိမ်း၊ ဖျတ်စရာရှိတာ ဖျက်၊ ပြန်စရာရှိတာလေးတွေလဲ တတ်နိုင်ရင်ပြန်၊ follow up လုပ်စရာ ရှိနေသေးရင်လဲ remainder လေးလုပ်ထားလိုက် ဘယ်အချိန်မှာ ဒီမေးလ်ကို ပြန်ရမယ် စသည်ဖြင့်ပေါ့။

Message တွေကို ချက်ချင်း ဖတ်ပြီး လုပ်စရာရှိတာလုပ်ပါ။ ဒီလိုဆိုရင် မေးလ်ကို တစ်ခါပဲ ဖတ်စရာလိုတော့တာပေါ့။ အဲဒိမေးလ်နဲ့ ပါတ်သတ်တာလဲ တစ်ခါထဲ ပီးသွားတာပေါ့။

ဒါပေမယ့်ပေါ့နော် … ခံစားချက်လေးတွေ ပါတဲ့ မေးလ်လေးတွေဆိုရင်တော့ တစ်ခါပဲ ဖတ်ဖတ်၊ ၁၀ ခါပဲဖတ်ဖတ်ပါ။ အဲဒိ မေးလ်တွေအတွက်တော့ အားလပ်ပြီး အေးဆေးတဲ့ အချိန်ကြမှ အကျအန ခံစားပြီးဖတ်ပါလို့။

--
ခုတော့ ဒီလောက်ပါပဲ မေးလ် နဲပါတ်သတ်တာလေးတွေလဲ နောက်အလျှင်းသင့်သလို ရေးသွားပါဦးမယ်။ ဥပမာ၊ ကိုယ်ခရီးသွားနေပြီး ပြန်လာတဲ့အခါ inbox ထဲမှာ မေးလ်တွေနဲ့ ပြည့်ကြပ် မနေအောင် ဘယ်လိုလုပ်မလဲပေါ့။

Monday, April 28, 2008

Typing Skills ကိုပျော်ရွှင်စွာ online မှာ ယှဉ်ပြိုင်စစ်ဆေးနိုင်မယ့် TypeRacer



ပုံစံကတော့ သာမာန် typing ဂိမ်းတွေလိုပါပဲ၊ စာကို မှန်မှန်နဲ့ မြန်မြန်ရိုက်နိုင်ရင် ကိုယ့်ကားလေးက မြန်မြန်ရှေ့ရောက်ပီး ပန်းဝင်မယ်။ ဒါပေမယ့် ဒီမှာ ထူးခြားတာကတော့ ကျနော်တို့အနေနဲ့ တစ်ကမ္ဘာလုံးက user တွေနဲ့ ယှဉ်ပြိုင်နိုင်တာပဲ ဖြစ်ပါတယ်။

ကျနော် စမ်းကြည့်တာတော့ မဆိုးဘူးဗျ။ ၄ ပွဲကစား ၃ ပွဲ ပထမရပြီး ၁ ပွဲ ဒုတိယရတယ်။ ကိုယ်နဲ့ wpm (word per minute) နီးစပ်တဲ့လူတွေကို ချပေးတယ်ထင်တယ်။

ရိုက်ရတဲ့စာလုံးကို ကြီးကြီးမြင်ရပြီး၊ တကယ့်အပြင်ကလူတွေနဲ့ ယှဉ်ပြိုင်ရတာဆိုတော့ ပိုပြီးရင်ခုန်စရာကောင်းပါတယ်။

typing speed နှေးနေလို့ လေ့ကျင့်သူတွေအတွက် ဒါမှမဟုတ်၊ အင်တာနက်ထဲမှာ လျှောက်သွားရင်း ပြင်းလို့ဖြစ်ဖြစ် အပျော်လေးလောက်တော့ ၀င်ဆော့ကြည့်သင့်လှပါတယ်လို့ ညွှန်းလိုက်ပါရစေ။

Friday, April 4, 2008

လွန်လွန်ကြူးကြူး ရွာသွန်းဖြိုး ... ဟိုတနေ့က သင်္ကြန်မိုး

:P ခေါင်းစဉ်ကိုတော့ မိုးဝေ Gtalk မှာတင်တဲ့စသားလေး ခိုက်လို့ ခိုးလိုက်တယ် (နဲနဲလေးပြန်ပြင်ထားတယ်)
သင်္ကြန်မိုးတွေ စရွာတဲ့နေ့က ရိုက်ထားတာပါ။ ၀မ်းသာအားရနဲ့ပေါ့။ ကောင်းလိုက်တဲ့မိုးဗျာ ...

ခုမှပဲတင်ဖြစ်တော့တယ် .. ရှုစားကြပါဦး


ဒီပုံက အင်းစိန်လမ်းဖက်ကို ရုံးဝရံတာပေါ်ကနေ မြင်ရတာပါ။



ရုံးပေါ်ကနေ ပြည်လမ်းဖက်ကို လှမ်းမြင်နေရတာလေ .. အဲဒိနေ့က နွေရာသီဖက်ရှင်နဲ့ ပျိုပျိုမေတို့ ရေစိုစိုမှာ .. အဟမ်း (ဆက်မရေးတတ်တော့ဘူး :P)


ဒီပုံကတော့ လှည်းတန်းမီးပွိုင့်ဖက်ကို နောက်ဖေးကနေမြင်ရတဲ့ပုံပါ



ဟော .. မိုးနဲနဲစဲသွားဘီ .. နေပွင့်လာတော့မယ်



နေပြန်ပွင့်လာဘီ ..



Credit : ပုံတွေကို မိုးဝေနဲ့ ကျနော်ရိုက်ထားတာပါ

မင်္ဂလာဘယ်တော့ ဆောင်မှာလဲ ?

  • မင်္ဂလာဘယ်တော့ ဆောင်မှာလဲ ?
  • ဘယ်တော့ စားရမှာလဲ ?
  • လူပျိုကြီးပဲလုပ်တော့မှာလား ?
  • မိန်းမယူတော့လေ၊ အသက်ကဖြင့် ကြီးလှဘီ
  • ဒီအသက်အရွယ်ထိ မစွံသေးဘူးလားကွာ ..
  • စသည် .. စသည် ဖြင့်

ခုတလော အသက်လေးနဲနဲရလာတော့ ခဏခဏ အမေးခံလာရတယ်။ ကိုယ်ငယ်ငယ်ကလဲ အကိုကြီး၊ အမကြီးတွေကို အဲလိုပဲ စခဲ့ဖူးတာပါပဲ။ သူတို့ဘယ်လိုပြန်ဖြေလဲ မမှတ်မိတော့ပေမယ့် ...

ကျနော် ဘယ်လိုပြန်ဖြေမလဲ ...

အမှန်အတိုင်းပြောရရင် .. မင်္ဂလာဆောင်တယ်ဆိုတဲ့ ကိစ္စဟာ ခုချိန်ထိ ကျနော်နဲ့ ဆိုင်တဲ့ ကိစ္စတစ်ခုလို့ကို မထင်သေးတာပါပဲ။ ခုအသက် ၂၆ ပြည့်ထားတယ်၊ ငယ်ငယ်ကတော့ ၂၅ လောက်မှာ မိန်းမယူမယ်လို့၊ အသက်ကြီးလာလေ ကန့်သက်ချက်တွေက နောက်ဆုတ်လာလေပါပဲ။ ခုတော့ အသက် ၃၀ မကျော်စေရဘူးလို့ မှန်းထားတယ်။

ဟာဟ .. ခုထိတော့ ကိုယ့်ကို ယူမယ့်လူဘယ်သူမှ မရှိသေးတာကလဲ ပြဿနာတစ်ခုပေါ့။

struggle လုပ်နေရတာနဲ့ပဲ၊ အချစ်ဆိုတာကိုကျနော် ဦးစားမပေးနိုင်ခဲ့ဘူး။
အလုပ်ကို ဦးစားပေးလွန်းခဲ့လို့လဲ၊ လိုက်ခဲ့သမျှမိန်းခလေးတွေ ပြန်ကြိုက်ချင်ရင်တောင် ပြန်မကြိုက်ခဲ့ကြတာဖြစ်မယ်။ ခွီးခွီး

ဒါပေမယ့် .. ကျနော်ကတော့ နောင်တမရပါဘူး။ လုပ်နေဦးမှာပါပဲ။ နေရာတစ်ခု မရသေးခင်ထိ၊ နေပူထဲမှာ ရှိနေသေးသ၍၊ ကျနော့ရဲ့ အဓိက ရည်မှန်းချက်က နေရိပ်တဲ့နေရာ တစ်ခုခုကို ရဖို့ပါပဲ။ ကျနော့ အယူအဆမှားချင်မှားနေလိမ့်မယ်၊ ဒါပေမယ့် ကျနော့် အခြေအနေက အဲဒိအတိုင်းပဲ။

နေပူထဲမှာ ရှိနေလို့ ကိုယ့်ကို ချစ်မယ့်၊ ကြင်နာမယ့်၊ ထီးကလေးဆောင်းပေးမယ့် ချစ်သူတစ်ယောက်လောက် မရတာလဲ ကျနော့်ကံလို့ပဲ ပြောမလား၊ "you deserve it!" လို့ပဲ ပြောကြမလား ... မသိဘူးဗျာ ...

ဒီတော့ နေပူထဲက ကျနော့်ကို သက်သာစေတာက အရမ်းကောင်းကြတဲ့ ချစ်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော် ဖက်က အမြဲရှိတဲ့ အမေအပါအ၀င် ကျနော့ မိသားစုပါပဲ။

အဲ ... ပြောရင်းနဲ့ ဘယ်တွေ ရောက်ကုန်လဲ မသိတော့ပါဘူး ..
ဒါပါပဲ .. ပြောချင်တာက ကျနော် မင်္ဂလာဆောင်ဖို့ အစီအစဉ် လုံးဝ မရှိသေးဘူး.. (ဟာဟ ပိုင်သကွာ)

--------------

ဒီ ပို့စ်ရေးဖို့ ဖြစ်လာတာက ခုတလော သင်္ကြန်မှာ ကောင်မလေးနဲ့လျှောက်လည်မှာပေါ့တို့၊ မင်္ဂလာမဆောင်သေးဘူးလားတို့ အမေးခံနေရတာနဲ့ အတူ .. မနေ့ ညနေက ကြားခဲ့ရတဲ့ ချစ်သော ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ မင်္ဂလာသတင်း တွေက တွန်းအားပေးခဲ့တာပေါ့။ (သူတို့နှစ်ယောက်က ၂ တန်းလောက်ထဲက တူတူကျောင်းတက်လာကြတဲ့ ပြင်ဦးလွင်က ငယ်သူငယ်ချင်းလေးတွေပါ၊ နှစ်ယောက်လုံး အပြင်မှာ ဟိုလိုလိုဒီလိုလိုနဲ့ ကိုယ်စီ ရှိခဲ့ကြပေမယ့်၊ နီးနီးနားနားမှာ ရှိနေကြပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းနှစ်ယောက် ခုလို အကြောင်းပါကြတာပါ။ မင်္ဂလာရှိလိုက်တဲ့ သတင်းလေးဗျာ။ ပွဲကို သွားနိုင်မှာ မဟုတ်ပေမယ့်။ ဖုန်းဆက်ပြီးတော့ ကောင်းချီးပေးလိုက်ဦးမယ်။ :D)

Thursday, April 3, 2008

ငယ်ငယ်က အမှတ်ရစရာများ (၁)

မိုးဝေက ငယ်စဉ်ဘ၀ ရေးနေတော့ ကိုယ့်ငယ့်စဉ်ဘ၀အကြောင်းကိုလဲ ရေးချင်လာတယ်လေ ... ဟဲဟဲ

----------------

ကျနော့ကို မွေးတာက မိုးဝေနဲ့ ခပ်ဆင်ဆင်ပါပဲ ... တနင်္သာရီတိုင်းထဲမှာပါ ..
အတိကျပြောရလို့ ရှိရင်တော့ ...
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ တကူကျေးရွာ မည်ပါတယ်။

တနင်္သာရီမြို့နားမှာ တနင်္သရီမြစ်ထဲကို စီးဆင်းတဲ့ ချောင်းကြီး တစ်ခုရှိတယ် .. အဲဒိ ချောင်းဘေးနားက ရွာကြီးတရွာပေါ့ ...
ချောင်း ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်း ရွာတစ်ရွာထဲပေမယ့် .. အခေါ်အဝေါ်တော့ ကွဲကြတယ် .. နှစ်ဖက်လုံးကို တကူလို့ ခေါ်ကြပေမယ့် .. ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေရှိတဲ့ ကမ်းဖက်ကိုတော့ "တိုက်ကမ်း" လို့ခေါ်ကြတယ် .. ဘာလို့လဲတော့ မသိဘူး ..

တနင်္သာရီမြို့ပြီးရင် အနီးအနားမှာ တကူရွာကအကြီးဆုံးပါ .. ဆေးရုံ၊ ဆေးခန်း၊ အထက်တန်းကျောင်း၊ ရဲစခန်း ရှိပြီး၊ စီးပွားရေးလဲ အဆင်ပြေကြတယ်။ ပညာတတ်တွေလဲ အများအပြားထွက်တဲ့ ရွာဆိုရင်လဲ မမှားပါဘူး။ ဆရာဝန်တွေ၊ ဆရာမတွေ၊ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလဲ တကူကများပါတယ်။ (ခု ဝေဒီဖိနပ်ဆိုင် ပိုင်ရှင် မဝေဒီဆိုရင်လဲ တကူ ကပါ)။ တရွာလုံး ဆွေမျိုးမကင်းကြသလို စည်းလုံပြီး၊ ရိုင်းပင်းကြတဲ့ ချစ်စရာ့ရွာကြီးတစ်ခုပါပဲ။ အလယ်မှာ ကြည်လင်တဲ့ ချောင်းကြီးတစ်ခုစီးဆင်းနေပါတယ်။ ဗယ်ဖက်မှာရှိတဲ့ တိုက်ကမ်းဖက်မှာ ကျောက်ဆောင်တွေပေါများပြီး ရွာရဲ့ ဆိပ်ကမ်းလဲ ရှိပါတယ်။ ညာဖက်က ရွာမှာတော့ ကမ်းစမ်မှာ သဲသောင်ပြင်အရှည်ကြီးနဲ့ အရမ်းလှပါတယ်။ ကိုက်ကမ်းက မြို့ သေးသေးလေးနဲ့ တူပြီးတော့ .. ဒီဖက်ကတော့ ရွာကြီးတစ်ရွာနဲ့ တူပါတယ်။ အရင်က စက်လှေတွေ၊ မော်တော်တွေနဲ့ စည်ကားပေမယ့် .. ခုတော့ ကားလမ်းလဲ ပေါက်ပီးဆိုတော့ ဆိုင်ကယ်ကိုယ်စီနဲ့ပေါ့။

အမေက အဲဒိရွာသူပါ။ အဲဒိအခါက အလယ်တန်းပြဆရာမလေးပေါ့။ အမေတို့အိမ်က တိုက်ကမ်းမဟုတ်တဲ့ တကူဘက်မှာ ရှိပါတယ်။ ကွမ်းသီးခြံကြီးတွေနဲ့ပေါ့။ အဖေက မြန်မာ့သတ္တုတွင်းက အင်ဂျင်နီယာလေး၊ အဲဒိရွာမှာ တာဝန်သွားကျရင်း .. ညားကျလေသတည်းပေါ့ဗျာ။ (အဖေ မိန်းမရတော့ ၂၄ နှစ်တဲ့.. ဟင့် ကျနော်ခု ၂၆ ရှိပြီ .. ဗြဲ ..)

ပြောချင်တာက ... တိုက်ပွဲတစ်ခုအကြောင်းပါ ...
ပြောရလို့ရှိရင် ၂၆ နှစ်ကျော်ကျော်ရှိပြီဖြစ်တဲ့ အဖြစ်အပျက်တစ်ခုပေါ့ ...

ကျနော့ကို မွေးတာက တောင်သူလယ်သမားနေ့မှာပါ .. တိုက်ပွဲဖြစ်တာက တပ်မတော်နေ့မှာပါ .. ဗဟိုပြုတာက ကျနော်တို့ အိမ်ပါ။ ဘယ်သူတွေလဲ ဆိုတော့ ရဲရယ်၊ စစ်တပ်ရယ်က တစ်ဖက်၊ ကရင်သူပုန်တွေက တဖက်ပေါ့။

ဖြစ်စဉ်က ဒီလိုပါ ... (မှုခင်းဂျာနယ်မှာ ရေးသလိုများဖြစ်နေသလားပဲ :P)

ရွာမှာ ရဲစခန်းတစ်ခုရှိပါတယ်။ အားကိုးလောက်စရာ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကြီးများတောင် ရှိပါတယ်။ ဒါပေမယ့် စစ်တပ်က မကြာခဏ ကင်းလှည့်လာလာတတ်တော့ သိပ်ပြဿနာ မရှိပါဘူး။ တပ်ကြပ်ကြီးက ရာထူးအကြီးဆုံးပေါ့။ အဲဒါကို အခွင့်ကောင်းယူပြီး ကရင်တပ်ဖွဲ့တွေက ရွာကို ၀င်သိမ်းတာပါ။

ရွာမှာ "ဒီည ထူးခြားတယ်" ဆိုတဲ့စကားရှိပါတယ်။ ကရင်သူပုန်တပ်တွေထဲမှာ ရွာထဲက ရွာသားတွေလဲ ရှိတတ်တော့။ တိုက်ပွဲရှိတယ်ဆိုရင် သတင်းကြိုရတတ်ပါတယ်။ အဲဒိည မတိုင်ခင်ထဲက "ထူးခြားတယ်" ဆိုတဲ့စကားတွေ ပြန့်နေခဲ့တာပါ။ ဒါပေမယ့် ... ကြာလာတော့ ဘယ်သူမှ သတိသိပ်မထားမိကြဘူးပေါ့။ ညနေပိုင်းမှာ သတင်းလာပေးတဲ့ လူကို အမေကတောင်မှ "အို အမကလဲ ခဏခဏပဲ ထူးခြားနေတော့တာပဲ ဟုတ်တာလဲ မဟုတ်" လို့ပြန်ပြောလိုက်ပါသေးတယ်။ ဒါပေမယ့် အဲဒိညက တကယ့်ကို ထူးခြားခဲ့တာပဲပေါ့။

ကျနော်တို့အိမ်က ရွာရဲ့ ထိပ်ပိုင်းမှာ ရှိပါတယ်။ ကုန်းလဲ မြင့်ပါတယ်။ ချောင်းကမ်းနားမကို မေးတင်ထားတဲ့ ဒီဇိုင်းလေးနဲ့ ချစ်စရာအိမ်လေးပါ။ အဖေကိုယ်တိုင် ဒီဇိုင်းဆွဲပြီး အဖိုးဦးစီးပြီး ဆောက်ထားတာပါ။ အိမ်ကနေကြည့်ရင် ရွာရဲ့ ဆိပ်ကမ်းကို လှမ်းမြင်နေရသလို ချောင်းတစ်ခုလုံးကိုလဲ မြင်နေရပါတယ်။ အိမ်ရဲ့ ဘေးမှာတော့ နှစ်ထပ် တန်းယားပုံစံအိမ်တစ်လုံး ရှိပါတယ်။ အောက်ထပ်မှာ ဂိုထောင်ဖြစ်ပြီး၊ အပေါ်မှာ ဧည့်သည်တွေလာတဲ့ အခါ တည်းခိုလို့ရတာပါ့။ အိမ် ရဲ့ ရှေ့ မျက်စောင်းထိုးလောက်မှာ ရဲစခန်းရှိပါတယ်။

ဒီလောက်ဆိုရင် အမှုဖြစ်တဲ့ ပါတ်ဝန်းကျင်ကို မျက်စိထဲ မြင်လောက်ပါပြီ။ :D

အဲဒိညနေက အဖေမရှိပါဘူး။ မြိတ်ကို သွားပါတယ်။ အမေ့မောင်လေးက လာစောင့်အိပ်ပေးပါတယ်။ ကျနော်က ရက်ပိုင်းလေးပဲ ရှိသေးတာပေါ့။ ည ၇ နာရီလောက်ကျတော့ အဖေပြန်လာပါတယ်။ မိုးချုပ်နေတော့ စက်လှေကို ရွာရဲ့ ဆိပ်ကမ်းမှာ မကပ်တော့ပဲ အိမ်က ဆိပ်ကမ်းမှာပဲ ကပ်လိုက်ပြီး ကမ်းပါးလမ်းလေးကနေပဲ အိမ်ကိုလာခဲ့ကြပါတယ်။ (ဒါကြောင့်လဲ ရွာက စစ်တပ်ရောက်နေတာ မသိလို့ သူပုန်ကို သတင်းမပေးလိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်) အဖေက တစ်ယောက်ထဲ ပြန်လာတာ မဟုတ်ပါဘူး ခဲမိုင်းသွားတူးစရာရှိလို့ လုံခြုံရေးအတွက် မြိတ်တပ်ကနေ တပ်စိတ်တစ်စိတ်ပါ ခေါ်လာတာပါ။ ဦးလေး (အမေ့မောင်လေး)လဲ ဟိုဖက်ကမ်းကို ပြန်သွားပါတယ်)

ထုံးစံအတိုင်း စစ်သားတွေကို အိမ်က ထမင်းချက်က အကောင်းစားချက်ပြုတ်ကျွေး၊ အဖေကလဲ ရှိတဲ့ အရက်ပုလင်းတွေ ထုတ်တိုက်ပေါ့။ ၁၀ နာရီလောက်ကျတော့ အားလုံးနီးပါးလဲ ရေချိန်ကိုက်နေကြပြီး၊ စကားတပြောပြောနဲ့ ငြိမ်နေကြပြီပေါ့။ ကျနော်ကလဲ ညစ်တယ်ဆိုပဲ။ ချီထားပြီး သိပ်မှအိပ်တယ်တဲ့။ အောက်ပြန်ချလိုက်တာနဲ့ တအဲ့အဲ့နဲ့ ပြန်နိုးလာပြန်ရောတဲ့။ တစ်ခါတော့ ကျနော်လဲ အိပ်ပျော်သွား၊ အမေလဲ ပင်ပန်းပြီး အိပ်ချင်လာတာနဲ့ ခေါင်းအုံးပေါ်ခေါင်းအချ ...

"၀ုန်း ....."

ဆိုတဲ့ အသံနဲ့အတူ အိမ်ကြီး တစ်ခုလုံး တုန်ခါသွားပါတော့တယ်။ လားလား .. သူပုန်တွေပစ်လိုက်တဲ့ အမြှောက်ဆံက အိမ်နှစ်အိမ်ကြားက ကွက်လပ်လေးထဲ ကျတာပါလား.. အိမ်နံရံတစ်ခုလုံးလဲ ဇကာပေါက်ဖြစ်သွားတယ်။ နားတွေအူပြီးဘာမှမကြားရတော့ဘူး။ ခဏနေ အသံတွေလဲ ပြန်ကြားရရော။ ပြတင်းပေါက်တွေမှာ ရှိတဲ့ ဘိတ်လိုတော့ "ဗျိုင်းလည်" လို့ခေါ်တဲ့ တံခါးချိတ်တွေနံရံနဲ့ ရိုက်နေတဲ့အသံပဲကြားရတယ်တဲ့။ ကျနော်ကလဲ ဗြဲ.. ဆိုပြီး နိုးလာမှာပေါ့နော်။

အဲဒိကစပြီး တိုက်ပွဲစဖြစ်တော့တာပါပဲ။

ရန်သူအင်အား ၃ - ၄ ယောက်လို့မှန်းပြီးအပိုင်နဲ့လာတဲ့ သူပုန်တပ်ဖွဲ့လဲ ပြသွားတာပေါ့။ ဒါပေမယ့် မူးနေကြဘီဖြစ်တဲ့ စစ်သားတွေလဲ ဘာမှမလုပ်နိုင်တာနဲ့ သိပ်ပြီး ထိရောက်လှတဲ့ပွဲတော့ မဖြစ်ခဲ့ဘူးပေါ့။ (မိုးလင်းတော့ မူးမူးနဲ့ ရမ်းသန်းပစ်ထားလို့ ကျေမွနေတဲ့ အိမ်ဘေးက သစ်ပင်ကြီးကိုတွေ့ကြရသတဲ့ အဟတ်ဟတ်) ရန်သူတွေက ရွာရဲ့ ဆိပ်ကမ်းမှာ လှေကပ်ပြီးတက်လာတာပါ။ ဒီတော့ ဆိပ်ကမ်းကို မြင်နေရတဲ့ ကျနော်တို့အိမ် နေရာက ပစ်လို့ကောင်းတဲ့ နေရာဖြစ်သွားတော့တာပေါ့။ နောက်တော့ ပြည့်သူစစ်အကူအညီနဲ့ပဲ တိုက်ပွဲက အသက်ဆက်ရတော့တာ။ ညမှောင်မှောင် မိုးရွာရွာမှာ ဖြစ်ကြတဲ့ တိုက်ပွဲပါ။ အမေတို့လဲ အိမ်အောက်က ကတုတ်ကျင်းထဲ ပြားပြားဝပ်ပေါ့။ (အဲဒိအရပ်မှာ အဲဒိအချိန်က တိုက်ပွဲခဏခဏဖြစ်တတ်တော့ အိမ်တိုင်းမှာ ကတုတ်ကျင်းရှိပါတယ်။ ခဏကြာလို့ တိုက်ပွဲက နဲနဲစဲသွားတော့ အဖေက အမေ့လက်ကိုတစ်ဖက်ကဆွဲ၊ ရင်ခွင်ထဲမှာ ကျနော့ကို ချီပြီး .. မက်စောက်စောက် ချောက်ကမ်းပါးကနေ အိမ်ရဲ့ လှေဆိပ်ကို ဆင်းပြေးပါတယ်။ ဒါကိုမြင်တဲ့ သူပုန်တွေကလဲ လိုက်ပစ်ပါတယ်။ ဒီတိုင်းဆင်းရင်တောင် ဖင်တရွတ်ဆွဲပြီးဆင်းရလောက်အောက် မတ်တဲ့ ကမ်းပါးကို သူတို့နှစ်ယောက် ဇောနဲ့ ဆင်းပြေးလာကြတာ အောက်ကို ဘယ်လိုရောက်လာမှန်းတောင် မသိတော့ပါဘူး။ အောက်ရောက်တော့ ကမ်းနားတွေမှာ ရှိတတ်တဲ့ ရေတိုက်စားလို့ ပဲ့ကျသွားတဲ့ မြေကြီး ပေါက်ကြီးထဲကို တိုးဝှေ့ဝင်ပြေးကြတာပေါ့။ အဲဒိမှာ ရှေ့က ရေထဲကို ကျည်တွေ တရွှီးရွှီးနဲ့ ကျလာတာမြင်နေရတယ်တဲ့။ သွေးနုသားနု အမေ ဘယ်လောက်ကြောက်လိမ့်မယ်ဆိုတာ စဉ်းတောင်မစဉ်းစားရဲပါဘူး။

ဒီလိုနဲ့ တိုက်ပွဲက ဖြစ်လာလိုက်တာ ... ည ၂ နာရီထိုးလောက်မှာ မိုးလေးကလဲ နဲနဲစဲလာ .. လူတွေလဲ ပင်ပန်း၊ ကျည်တွေလဲ ကုန်တဲ့လူကုန် ဖြစ်လာဘီပေါ့။ နာရိဝက်လောက်ထိ တိုက်ပွဲက ရပ်နေတော့ .. လူတွေက တိုက်ပွဲပြီးပြီထင်ပြီး ပြူတစ်ပြူတစ်ပေါ့။ အဲဒိမှာ တစ်ဖက်ကမ်းမှာ ရှိနေတဲ့ အဖွားက တိုက်ပွဲထဲရောက်နေတဲ့ သူ့သမီး၊ မြေးဦးလေးနဲ့ သားမက်တို့အတွက် လှေတစ်စင်းနဲ့ လူနှစ်ယောက် လွှတ်လိုက်ပါတယ်။

လှေပေါ်တက် .. ဟိုဖက်ကမ်းကို ဖြေးဖြေးလေးလှော်သွား .....
ခဏချင်းမှာပဲ ကံဆိုးတာပဲလားမသိ ..
လရောင်က လင်းလာပါလေရော ...
ချောင်းအလယ်မှာ ထင်းထင်းကြီး ဖြစ်ပြီပေါ့ ..
အသက်ကိုအောင့် လှေကိုလှော်နေကြ ...

အဲဒိအချိန်လေးမှာပဲ ... ဖောင်းဖောင်းဖောင်းဖောင်း ... ဆိုတဲ့ အသံကြားလိုက်ရတယ်။

ကျည်ကို တစ်ချက်အဆုံးထိဆွဲတာပါ။ (CounterStrike ထဲမှာ ဆွဲသလိုပေါ့ ကျည် ၁၀ တောင့်လောက်တော့ အနဲဆုံးပါမယ်ထင်တယ်)

နောက်ဆက်တိုက်ပဲ .. ရွှိရွှိရွှိဆိုပြီး ကျည်တောင့်တွေက ကလေးချီထားတဲ့ အဖေနဲ့ အမေကြားထဲက တစ်တောင်လောက်လွတ်တဲ့ နေရာကနေ ဖြတ်သွားကြလိုက်တာလေ ...

လှေပ်ါမှာ ကျည်ရာ ၂ ချက်လောက်နဲ့ ရေထဲကို ရွှတ်ရွှတ်ရွှတ် ဆိုပြီးကျသွားတာတွေကို မြင်လိုက်ရတာကလား ...
အောင်မလေး မသေကောင်းမပျောက်ကောင်းပါလားကွယ် ...

(အမေဆိုရင် အဲဒိအချိန်ကို သူ့တစ်သက်အမေ့တော့ဘူး၊ ရူးမသွားတာပဲ ကံကောင်း)

ဘာပြောကောင်းမလဲ နောက်ကျည်တစ်ကတ်ဆက်မလာခင် လှေဦးနဲ့ လှေနောက်မှာ ထိုင်လိုက်လာတဲ့ ကယ်တင်ရှင်နှစ်ယောက်က ရေထဲခုန်ချပြီး ထွက်ပြေးပါရောလား ...

လားလား .. ရေလည်မှာ လှေလေးက တ၀ဲလည်လည်နဲ့ မျောသွားတော့တာပေါ့ .. ထိုင်တဲ့နေရာကနေလဲ တုတ်တုတ်တောင် မလှုပ်ရဲတော့ဘူးလေ .. ရေကျချိန်မို့တော်သေးတာ .. လှေက ချောင်းအောက်ကို မျောသွားလို့ ...

သူပုန်တွေဆက်မပစ်တော့တာလည်း သူတို့မှာ ကျည်ကုန်နေလို့ ၊ ကျည်ချွေတာတာဖြစ်ပါလိမ့်မယ် .. နောက်တစ်ခေါက်သာ ထပ်ပစ်လိုက်ရင် ခင်ညားတို့ ဒီစာကို ဖတ်နေရမှာ မဟုတ်ဘူး .. :P

တော်တော်ဝေးဝေးရောက်မှ အဖိုးကိုယ်တိုင် လှေလှော်ပြီး လှေကိုလာဆွဲခေါ်သွားလို့ ဟိုဖက်ကမ်းကို ချောချောမောမော ရောက်ခဲ့ရပါတယ်။

ဟူးးးးးးးးးးး

တကယ့်ကို ... ဖြစ်ပျက်ခဲ့တဲ့ ကံကောင်းလို့မသေတယ်ဆိုတဲ့ အဖြစ်မျိုးပါ။ ရုပ်ရှင်ပြန်ရိုက်ရင်တောင် မင်းသားနဲ့ မင်းသမီးမို့ ကျည်က ကြားထဲက ဖြတ်သွားတာပါလို့ ပြောကြဦးမယ်ထင်တယ် ... ဒါပေမယ့် မင်းသားနဲ့ မင်းသမီးမဟုတ်တဲ့ အဖေနဲ့ အမေကတော့ တကယ့်ကို ကြုံတွေ့ခဲ့ရတာပါ။

တိုက်ပွဲက မနက်လင်းခါနီးလောက်မှာ ရန်သူ သူပုန် တစ်ယောက် ကျပြီး ဆုတ်ခွာ ထွက်ပြေးသွားကြတာနဲ့ ပြီးဆုံးခဲ့ပါတယ်။ သူတို့ အလောင်းတောင် မကောက်နိုင်တော့ပါဘူး။

......

အဲဒိနောက်ပိုင်း အဖေလဲ အဲဒိမှာဆက်နေဖို့ တော်တော်စဉ်းစားသွားရပါတယ် ။ အဖွားကလဲ အချိန်ရှိတိုင်း အဖေကို တိုက်တွန်းနေတော့တာပါပဲ။ အရမ်းချစ်တဲ့ သမီးနဲ့ မြေးဦးလေးကို မခွဲနိုင်ပေမယ့် ... အန္တရယ်ရှိတဲ့နေရာဖြစ်နေတာကိုး ...

ဒါပေမယ့် ချက်ချင်းကြီးတော့ မခွာနိုင်သေးပါဘူး ..

နောက်ထပ်အဖြစ်အပျက်တစ်ခု အဖြစ်ခင်ထိပေါ့ ...

(စာလုံးပေါင်းတွေမှားနေရင် ခွင့်လွှတ်ပေးပါနော် :D)

Wednesday, April 2, 2008

သင်္ကြန်ဘာလုပ်မှာလဲ?

အဲဒိမေးခွန်းကို ဟိုး.. သင်္ကြန်မတိုင်ခင်ထဲက ခဏခဏမေးခံရပါတယ် ..
အဲဒိတုံးကတော့ သူပြန်လာမှာဆိုတော့ သူ့သဘောပါပဲလို့ အခြေအနေအရလုပ်ရမယ်ပေါ့လေ ..
ခုလဲ အဲဒိ အဖြေကမှန်နေသေးတာပါပဲ

ဘာလို့ဆို .. ခုထိ သူ့သဘောအရ ကျနော် ဘာလုပ်ရမှန်းမသိသေးပါဘူး ...
ပထမတော့ ဘုန်းကြီးကျောင်းမှာ ဝေရ၀စ္စ သွားကူလုပ်ဖို့ပဲ ...
ဒါပေမယ့် ဒီအပူ . ဒီစိတ်တွေနဲ့ မဖြစ်သေးပါဘူး ..

မနှစ်ကလိုပဲပေါ့ .. ရုံးမှာ စာကျက်မယ် .. စာမေးပွဲအတွက်စာတွေ ကျက်မယ်၊ စာလုပ်မယ်၊
အခြား ပုံနေတဲ့ အကြွေးတင် စာအလုပ် အကောင်းလေးတွေဖတ်မယ် ..

ဒဂုံခင်ခင်လေး၊ မင်းယုဝေ၊ သော်တာဆွေ၊ မင်းလူ၊ မောင်ဝဏ္ဍ၊ မင်းသိင်္ခ၊ ခင်နှင်းယု၊..... အိုးစုံနေတာပဲရှိတယ် ..

အဲဒိစာအုပ်အကောင်းစားတွေကို တ၀ကြီးဖတ်ပစ်မယ် ..

တခါတခါ သင်္ကြန် blog လေးတွေပေါ်လိုက်ပြီး ရေကစားတာပေါ့၊ ရုံးက လှည်းတန်းထိပ်မှာရှိတော့ အပြင်ထွက်လိုက်တာနဲ့ မြင်နေရမှာပါပဲ ..

ဒါပေမယ့် .. သင်္ကြန်ဟာ ကျနော့်အတွက်တော့ holiday ကြီးတစ်ခုပါပဲ ..

နှစ်ဆန်းတစ်ရက်နေ့ကျရင်တော့ ရုံးမှာ နှစ်သစ်ကူး ဘုန်းကြီးဆွမ်းကပ်မယ်၊ ပရိတ်ရွတ်မယ်၊ လာတဲ့ ဧည့်သည်တွေကို မုန့်ဟင်းခါး အ၀ကျွေးမယ် .. လာသာလာခဲ့ကြ . အစားကြီးသူများဆိုရင်တော့ "ငါလာမှာနော် .. ချန်ထားဦး" လို့တော့ နဲနဲကြိုပြောထား ..

အဟတ်ဟတ် ...

---
္မ္မဤတွင် အစီအစဉ်များ ပြီးဆုံးလေသည် .. ဒန့်တန်တန် ..

ခုတလော ...

ခုတလော ... အရမ်းရှုပ်နေတယ် ..
စီးပွားရေး ၊ လူမှုရေး၊ နိုင်ငံရေး၊ အချစ်ရေး၊ မိသားစုအရေး၊ တကိုယ်ရေ အရေး ကိစ္စတွေ စုံလို့ပါပဲ ...
အမျှော်လင့်ကြီး မျှော်လင့်ခဲ့ ရတဲ့ ၂၄ ရက်နေ့ဟာလဲ ... ဟာတာတာ၊ ပူလောင်လောင်ကြီး ကုန်ဆုံးသွားတယ်။
ရေးကူးနေတဲ့လူ ရေပေါ်ကို ခဏတက်တက်လာကြီး လေရှုရသလိုပဲ ...
အလုပ်တွေနဲ့ ရှုပ်နေရာက သူ့အကြောင်းကို ခဏတဖြုတ်လောက် ရင်မောမော နေခဲ့ ရတာပေါ့ ...

အစ်မ တစ်ယောက်ပြောသလို အပြေလည်တာတွေဖြစ်တဲ့ အခါ ကိုယ့်ထက်ပိုဆိုးတဲ့ လူတွေကို ငဲ့ကြည့်လှည့်ပါတဲ့ ...
ငဲ့ကြည့်လိုက်တော့ သက်သာယာရမလာပဲ ရင်တွေပိုမောလာရတယ်လေ .. သြော် ... သူတို့လေးတွေ ဆိုပြီးတော့ပေါ့ ...

နောက်တော့ အဲဒိ အခက်အခဲတွေက အားတွေဖြစ်အောင် မဖြစ်ဖြစ်အောင် ဖြစ်ညှစ်ပြီး လုပ်ယူဖို့ ဆုံးဖြတ်လိုက်တယ် ...
အဲဒါ ဧပရယ် ၁ ရက်နေ့ပေါ့ ...
အဲဒိနေ့က၊ မနေ့ကပေါ့ .. စတယ် ..

ဘာလုပ်မှာလဲ .. အလုပ်ကို အာရုံပိုစိုက်မယ် .. Alternative ways တွေအများကြီးပါ ..
စိတ်ငြိမ်အောင်ကလဲ စာဖတ်တာပဲ လုပ်တတ်တယ် ...
ဒီတော့ စာဖတ်မယ်ပေါ့၊ စာကျက်မယ်၊

ဒီတော့ .. ဧပရယ်ကုန်ရင် MCTS ထဲက တစ်ဘာသာဖြေမယ်

70-536 လို့ခေါ်တဲ့ ...
Microsoft .NET Framework 2.0 - Application Development Foundation ပေါ့


စာကျက်တော့မယ် .. ဟဲဟဲ
နော်ကျရင် အဲဒိ ဘာသာအကြောင်း ဆက်ပြောပြမယ် ..


Wednesday, February 6, 2008

ကျနော်နဲ့ သူလွတ်ကျခဲ့တဲ့ မြို့တော်ကြီး

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Monday, February 4, 2008

အဲဒိနေ့က ... သူမ ... ကျနော် ... ဘာဖြစ်လို့ ? (4)

ကနော် ခရီးသွားနေစဉ် ရက်တွေမှာ ပထမ ၃ ရက်လောက်က မန်းကိုရောက်နေပေမယ့် အလုပ်တွေ ရှုပ်နေလို့ မအားတာနဲ့ သူ့မဆီ ဖုန်းမဆက်ဖြစ်ခဲ့ဘူး..


အဲဒိနေ့က ...

ကျနော် အလုပ်တွေလဲ အဆင်ပြေသွား၊ ဟိုတယ်ကိုလဲ စောစော ပြန်ရောက်တာနဲ့၊
ရေကို ၀အောင်ချိုး၊ အ၀တ်အစားလဲ ပြီး အိပ်ရင်ကောင်းမယ်လို့ စဉ်းစားတယ် ..
အိပ်ရာပေါ်မှာ မှေးနေရင်း သူမအကြောင်း စဉ်းစားနေမိတယ်။

"ဟာ .. ဟုတ်သားပဲ ဖုန်းနံပါတ်"

....

"ဟဲလို .. ဟုတ်ကဲ့ ပြောပါ"
"ဟဲလို .. ဟို .. ကျနော်ပါ"
"..."
"ဘယ်သူလဲ .. ဟို သူလား?"
"ဟုတ် .. ဟုတ် ဟုတ်တယ် ... မှတ်မိတာလား"
"အင်း .. မဟုတ်ပါဘူး .. ဒီလိုပဲ မှန်းကြည့်တာလေ .. ဟင်းဟင်း"

သူမရယ်သံလေးက ညင်ညင်သာသာလေး .. ရှက်နေတဲ့ အသံလေးတွေ ပါနေတယ်...

"နောက်ကို ဒီဖုန်းနံပါတ်ကို မဆက်နဲ့ ... ဖုန်းနံပါတ်ပေးမယ်လိုက်ရေး"
"ဟုတ် ဟုတ် .. ရပြီ ပြော..."
"0951*****"
"ရပြီ"
'ဒါဆို နောက်မှတွေ့မယ်နော် .. ခုအပြင်သွားရဦးမယ် တာ့တာ့ .."

ဒါပဲပြောပြီး သူမ ဖုန်းချသွားလေသည်

ဘာပဲဖြစ်ဖြစ် ကျနော် အရမ်းကို ပျော်ခဲ့ပါသည်။ တော်တော့ကို ပျော်ခဲ့ပါသည်။

ရင်ခုန်ခြင်း၊ ကြည့်နှုးခြင်းတွေနဲ့ .. အချစ်ဆိုတာ ဒါပဲလား...

ဒီလိုအပျော်တွေဟာ တစ်သက်လုံးပဲ တည်မြဲနေတော့မယ့်ပုံမျိုး ကျနော် ယုံကြည်မျှော်လင့်ခဲ့မိတာအမှန်ပါ။
ဒါပေမယ့် ဒါပေမယ့် ....

...............................

နောက်နေ့တွေမှာ ကျနော် သူမဆီကို နေ့တိုင်း တစ်နေ့တစ်ခေါက်လောက်တော့ ပုံမှန်ဆက်ဖြစ်လေသည်
ဘာမှထူးထူးခြားခြားမပြောဖြစ်ကြ၊ သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြသည်။ သူ့အမေလာလျှင်ဖြစ်စေ၊ သူ့အစ်ကိုလာလျှင်ဖြစ်စေ သူမက စကားလမ်းကြောင်းလွှဲကာ နင်နဲ့ငါနဲ့ ပြောသည်။ သူမ၏ သူငယ်ချင်းတစ်ယောက်ပုံစံမျိုးပေါ့။ နောက်ပြီး စကားစဖြတ်ခါ ဖုန်းချသွားတတ်သည်။ အဲဒိ အခါမျိုးမှာ ကျနော့ရင်ထဲ မောပြီးကျန်နေရစ်တတ်လေသည်။ တစ်ကိုယ်လုံးလဲ အားမရှိတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်လဲမရှိတော့။

ဒီလိုနဲ့ ကျနော်တို့ဖုန်းပြောဖြစ်တာ ၁၅ ရက်လောက်ရှိလာတော့၊ ကျနော်လဲ ခရီးစဉ်တစ်ဝက်ကျိုးလောက် ရှိပြီဖြစ်တဲ့ မြင်းခြံကို ရောက်နေတဲ့အချိန်ပေါ့။

ကျနော်နောက်နေ့ ကျောက်ဆည်ပြီးရင်၊ ပြင်ဦးလွင်ကို သွားရမယ်၊ ဘာလိုချင်လဲ လို့မေးတော့ သူမက ထူးထူးဆန်းဆန်း ပြင်ဦးလွင် ချောင်းထဲက ကျောင်စရစ်ခဲလှလှလေးတွေ လိုချင်တယ်တဲ့။ ချစ်ဖို့ကောင်းလိုက်တာ။

ဒါနဲ့ ပြင်ဦးလွင်ကို ရောက်ချင်ဇောနဲ့ ကျောက်ဆည်မှာ ၂ ရက်နဲ့ လုပ်ငန်းအပြီးသတ်၊ ပြင်ဦးလွင်ကို မှီရာကားနဲ့တက်တော့တာပေါ့။

ကျနော်

ပြင်ဦးလွင်ကို ရောက်တဲ့နေ့က သောကြာနေ့ညပိုင်း၊ sat, sunday အလုပ်လုပ်လို့ကမရတော့ဘူးလေ၊ ဒီတော့ အနီးစခန်းမှာ ရှိတဲ့ ဦးလေးအိမ်ကို သွား၊ ခဏနားပြီး ခုမှ ဆယ်တန်းအောင်တဲ့ ညီမလေးကိုခေါ်ပြီး ချောင်းရှိတဲ့ အနီးစခန်းဘူတာကို ဆိုင်ကယ်နဲ့ ထွက်လာခဲ့တယ်။

ချောင်းလေးက ဟိုးအပေါ်မှာဆို BE Fall လို့ခေါ်တဲ့ ပွဲကောက်ရေတံခွန်ကနေ စီးဆင်းလာတဲ့ချောင်းလေးပေါ့။ အနီးစခန်းဘူတာနားလေးမှာ အနက်ဆုံးရှိလှမှ ဒူးလောက်ပဲရှိမယ့် မြစ်ဆုံလိုနေရာလေးရှိတယ် ငယ်ငယ်တုန်းက ကျောင်းကပြန်ရင် ရေ၀င်ဝင်ဆော့တတ်တဲ့နေရာလေးပေါ့။ အဲဒိမှာ မောင်နှမနှစ်ယောက် နေပူကျဲတဲ ရေထဲဆင်းပြီး ကျောက်ခဲကောက်ကြ၊ ရေဆော့ကြနဲ့ ပျော်စရာကောင်းလှသလို သူမသာပါရင် ဆိုတဲ့ အတွေးလေးနဲ့လဲ လွမ်းရပါသေးသပေါ့။

အဲဒိနေ့က စလို့

သူမကို ဖုန်းခေါ်လို့မရတော့ပါဘူး။
အိမ်ဖုန်းကို မခေါ်နဲ့လို့ ပြောထားတော့ hand phone ကိုပဲ တသွင်သွင်ခေါ်နေမိတာ။ လူကြီးမင်းနဲ့ပဲ ဆက်တိုက်တိုးလာလိုက်တာ ကျနော် အလုပ်ကိစ္စတွေပြီးလို့ ရန်ကုန် ပြန်ရောက်တဲ့ထိပါပဲ။

သြော်.. ဒါနဲ့ ပြောဖို့မေ့ခဲ့တယ် .. သူမနာမည်က "၀တ်ရည်" တဲ့...


ဘာဖြစ်လို့လဲ ..

Saturday, January 26, 2008

အဲဒိနေ့က ... သူမ ... ကျနော် ... ဘာဖြစ်လို့ ? (၃)

သူမ

သူမနဲ့ မဆုံတာ ကြာပြီ .. ဒီနေ့ဆို ၅ ရက် တင်းတင်းပြည့်တာပဲ ...
ဘာဖြစ်နေပါလိမ့် ..
နေများမကောင်းလို့လား ...
တက်နေတဲ့ သင်တန်းပီးသွားလို့လား ..
ငါနဲ့ပဲ လွဲနေတာလား ...
ငါ့ကို တမင်များ ရှောင်နေတာလား .. ဘာဆိုင်လို့လဲ .. ငါမှ ဘာမှတောင်မလုပ်ရသေးပဲနဲ့ ... ကြည့်ရုံလေးကြည့်တာကို
ဒုက္ခပဲ

ကျနော်

အရင်က ပုံမှန်ဆို
၈ နာရီတိတိမှာ အိပ်ယာထလေ့ရှိတယ်။ ၅ မိနစ်လောက် အိပ်ယာထဲမှာ နှပ်၊ အမေက ကန်ပြီး လာခေါ်တော့မှ အပျင်းဆန့်ပြီး အိပ်ယာက ထ၊ အိပ်ယာသိမ်း၊ မျက်နှာမသစ်သေးပဲ ရုံး ထမင်းချိုင့်ပြင်ပေးနေတဲ့ အမေ့ကို အတင်းလိုက် နမ်း၊ ရေချိုးခန်းဝင် မျက်နှာသစ်၊ ရေချိုး၊ အမေအဆင်သင့် လုပ်ပေးထားတဲ့ ကုတင်ပေါ်က အ၀တ်တွေကို ယူဝတ်၊ မနက်စာကို အမြန်စား၊ ၈ နာရီခွဲ၊ ထမင်းချိုင့်ဆွဲ၊ မုန့်ဖိုးတောင်းပြီး ကားဂိတ်ကို ၅ မိနစ်နဲ့ အမြန် သုတ်ခြေတင်၊ ၁၀၀ တန် ပဲခူးကားကို စောင့်၊ ၉ နာရီ ရုံးရှိရာ လမ်းထိပ်ကို ရောက်၊ ၅ မိနစ်နဲ့ ရုံးကို အမြန်ပြေး၊ လက်မှတ်ကို နောက်ဆုံးမှ ထိုး၊ ကော်ဖီ တစ်ခွက်ဖျော်ပြီး တစ်နေ့တာ ရုံး အလုပ်တွေကို စတင်။

ဒီလို နေလာခဲ့တာ ...
သူမ ကြောင့်ပေါ့၊
အဲဒိ နှုပ်ခမ်းလေးကြောင့်ပေါ့ ...
မနက်ဆို ၇ ခွဲထဲက နိုးနေပြီ၊ ၈ နာရီ ၁၅ လောက်ဆို အိမ်ကထွက်ပြီ၊
ကားဂိတ်မှာ လာတဲ့ ကားတွေပေါ်မှာ သူမ များပါမလား စောင့်ကြည့် .. ဖြစ်နေပြီလေ ...
(သူမက ၄၃ နဲ့ ၁၀၀ တန် ပဲခူးကားတွေကို စီးလေ့ရှိတယ်လေ)
အမေက တော့ .. နင်အစထဲက ဒီလိုပုံမှန် ဖြစ်နေရမှာတဲ့ .. လိမ္မာလာပြီ ထင်ရှာတာပေါ့ ...

... သူမကြောင့်ပါ အမေ ... အဲဒိ နှုပ်ခမ်းလေးကြောင့်ပါ ...

အဲဒိနေ့က ...

မှတ်မှတ်ရရ .. ကျနော် နယ်ကို ခရီးထွက်ရမယ့်နေ့
အ၀တ်အစားတွေထည့်ပြီး အားလုံး အဆင်သင့်ဖြစ်ပြီးသား
အဖေက အထုတ်အပိုးတွေနဲ့ ရုံးကို လိုက်ပို့မယ်တဲ့ ...
ဟာ ... မဖြစ်ဖူး .. သူမကို စောင့်ရဦးမယ် .. ဒီနေ့တွေ့ချင်တွေ့မှာ ...
... ညနေမှ ပြန်လာယူမယ် ဖေကြီး ... သား ခုတနေရာ ၀င်စရာရှိလို့ ... (လိမ်ရပြန်ပြီ)

ကားဂိတ်မှာ လူတွေ ထုံးစံအတိုင်းလာပုံနေတယ်

ပထမ ၄၃ တစ်စီးလာတယ် .. ချောင်နေသားပဲ ..သူမကိုတော့ မတွေ့ဘူး
နောက် ၁၀၀ တန်ကား တစ်စီး .. အပြည့်ပဲ .. ခေါင်မိုးပေါ်တောင် တင်ထားသေးတယ်
နောက် တစ်စီး ..
နောက် တစ်စီး ..
အင်း .. မဖြစ်တော့ပါဘူး .. ဒီတစ်စီးလာရင်တော့ လိုက်သွားမှပါ မတွေ့တော့ဘူး ထင်ပါရဲ့ ..

ဟော .. လာပြီ
ကြပ်နေပြီဖြစ်တဲ့ နောက်တန်းမှာပဲ တွယ်လိုက်ဖြစ်တယ် .. အထဲကိုလဲ အတင်းချောင်းကြည့်တာ သူမ ကိုမတွေ့ဘူး ..

အဝေပြေး မှတ်တိုင်ရောက်လာတယ် ..
ဟင် ခုဏက ၄၃ ကဒီမှာပဲ ရှိသေးတယ် .. ကျောက်ချနေပြီထင်တယ် .. ဟားဟား
...
...
ဟား .. သူမပါလား ၄၃ ပေါ်မှာ ..
"ဟိုး .. ဆရာ .. အဝေးပြေးပါတယ် .. ဆင်းမယ် ဆင်းမယ် ..."
"ခင်ဗျားက စောစောပြောပါလားဗျ .. အိပ်ပျော်နေတယ်ထင်တယ် ဟုတ်လား .."
" ...."

၄၃ ပေါ်တက်လိုက်တယ် ..
ကြပ်နေတာပဲ ..
လှည်းတန်းဈေးရောက်မှ သူမကို မြင်ရတဲ့နေရာရောက်တယ် ..

အိုး .. လှလိုက်တာလေ ..
အရင်လိုပါပဲလား .. တည်တည်ငြိမ်ငြိမ် .. မျက်လွှာလေးချလို့
ဒီနေ့တော့ .. အနီရောင် အပေါ်အကျီင်္လေးနဲ့ .. (ဘာအမျိုးအစားလဲ ကျနော်မသိဘူး)
အောက်ကတော့ ထုံးစံအတိုင်း .. levis Jean အနက်ရောင်၊
UNICEF လွယ်အိတ်၊ အဆီလေးပဲ ဆိုးထားတဲ့ နှုပ်ခမ်းဖူးဖူး၊
ထူးထူးခြားခြား ဒီနေ့မှ တွေ့တဲ့ ညာဖက်လက်ကောက်ဝတ်က ပန်းရောင် လက်ပတ်လေး (Think Before You Pink)
(လှည်းတန်းမီးပွိုင့်ကို ဒီတစ်ခါ အရမ်းကျေးဇူးတင်မိတယ်၊ ကြာကြာစောင့်နေရလို့သာ သူမကို ကျနော် သေခြာ မြင်တွေ့ခွင့်ရတာလေ)

မီးပွိုင့်စိမ်းခါနီးတော့
သူမ .. ဆင်းဖို့ပြင်တယ် ..
တါံခါးပေါက်နားရောက်နေတဲ့ ကျနော့ရှေ့လာရပ်တယ် ..
ဟား ...
...
...
အချိန်တွေရယ် မကုန်ပါနဲ့ဦး
မီးပွိုင့်ရယ် မြန်မြန်ပြန်နီပါတော့ ...

ဟော ..
သူမ ကျနော့ကို တွေ့သွားတယ် ...
...
ဲပြုံးပြတယ် .. ကျနော် ပြန်ပြုံးပြလိုက်တယ် ..
"မတွေ့တာ ကြာပြီနော် ..."
"အင်း .. ဟုတ်တယ် .. နေမကောင်းလို့ .. "
ဗယ်ဖက် လက်ကောက်ဝတ်ကို ပြတယ်
"ဟာ .. ဆေးသွင်းထားရတာလား .. ဘယ်လိုဖြစ်တာလဲဟင်"
ကျနော် အသံမှာ စိုးရိမ်တဲ့အသံတွေ အရမ်းပါသွားတယ်ထင်တယ် .. သူမ နဲနဲတွန့်သွားတယ် ..
"အဟမ်း .. "
"ရိုးရိုးဖျားတာပါ ... အားနည်းနေလို့ ဆေးသွင်းထားတာ"
"သြော် ... ဟို .."

ပွိုင့်လွှတ်လိုက်ပြီ ..
ကားက အရှိန်နဲ့ ဆောင့်ထွက်လိုက်သည် ..
သူမ လက်ထဲက ပစ္စည်းတွေ အကုန်အောက်ကျကုန်သည် ..
"German" ပဲဖတ်လိုက်ရတဲ့ Directory တစ်ခု၊ ဘောပင်တွေထည့်ထားတဲ့ အိတ်၊ Diary စာအုပ်တစ်ခု ...

ကျနော် ပစ္စည်းတွေ လိုက်ကောက်ပေးရင်း .. ပွင့်နေတဲ့ Diary စာအုပ်ရှေ့ဆုံး မျက်နှာကို ဖတ်လိုက်မိသည်၊
name လို့ရေးထားတဲ့နေရာမှာ ကျနော် မသိတဲ့ စာလုံးတွေရေးထားသည်
address :???
Phone : 52XXXX

ကျနော် ဖုန်းနံပါတ်ကို အမြန်မှတ်လိုက်ပြီး ပစ္စည်းတွေပြန်ပေးလိုက်သည်။
"ကျေးဇူးနော် .. သွားတော့မယ်"
"..."

သူမ ဆင်းတော့မည် ...
လှေခါးတစ်ထစ် ..
နှစ်ထစ် ...
..
"ခဏ .. "
သူမ ရပ်သွားပြီး မော့ကြည့်သည် .. အိုး လှရက်လိုက်တာ
"ကျနော် ဒီနေ့ပဲ ခရီးထွက်ရတော့မှာ ၁လလောက် ကြာလိမ့်မယ်၊ ဖုန်းဆက်လို့ရတယ် မဟုတ်လားဟင် ... ညဖက်ဆက်လိုက်မယ်နော် ... ရတယ်မဟုတ်လားဟင် ..."
"အင် .. ဟုတ် .. ရပါတယ်... ဟို ..."
"ဒါနဲ့ နာမည်လေး ..."

"ဟာ ဟိုအစ်မ ဘာလုပ်မှာလဲ ဆင်းမှာဖြင့်ဆင်း၊ တက်မှာဖြင့်တက်၊ ကိုးလို့ကန့်လန့်နဲ့ .. ဟိုမှာ နောက်ကားပါလာပြီ"
ကားဘုရင် ကားစပါယ်ယာရဲ့ အသံကြောင့် သူမ ခပ်သုတ်သုတ် ပြေးဆင်းသွားသည်။
သူမ အောက်တောင် မရောက်တတ်သေး .. ကားက ဆောင့်ထွက်ပြန်သည်
ဟာ .. သွားပါပြီကွာ..
ကျနော် ဆင်းဖို့ အချိန်မမှီတော့ ...
ခုချိန် ဆင်းမယ် ပြောရင် အဆဲခံရဖို့ သေခြာသည်။

လှမ်းကြည့်လိုက်တော့ သူမ .. ကားကို လှမ်းကြည့်နေတာ မြင်ရသည်။
ဟား ပျော်လိုက်တာဗျာ ..
ရင်တွေကို တဒိန်းဒိန်းခုန်လို့ ..
အံမယ် .. ဘယ်ဆိုးလို့လဲ ဒီလိုကျတော့ ငါက နှုတ်သွက်သားဟ .. ဟားဟား
...
အဲ နေဦး ဖုန်းနံပါတ် ပြန်မှတ်ဦးမှ ..
52XXXX ဟုတ်ပြီ ...
...

အဲဒိအချိန်ကစပြီး ကျနော် ကားအမြန်မောင်းတာကိုလဲ မသိတော့ .. ဘယ်ကားမှတ်တိုင်ရောက်နေလဲ မသိတော့ ...
ဆင်းရမည့် မှတ်တိုင် ၃ မှတ်တိုင်လောက်ကျော်ပြီးမှ သတိရသည် ...
ဘာမှမဖြစ်တော့ ...
ရုံးရှိရာ လမ်းလျှောက်သာ ပြန်လာလိုက်သည် ..

မိုးတွေရွာလာလေပြီ ..
ဘာမှမဖြစ်တော့ ...

မိုးရွာထဲမှာ လမ်းလျှောက်ရတာ နဂိုထဲက ကြိုက်ပေမယ့် .. ခုချိန်လောက် လျှောက်လို့ကောင်းတာ မရှိတော့ ..
ပြုံးဖြီးဖြီးကြီးနှင့် ကျနော် လမ်းလျှောက်လာလေသည် ...

အသြော် .. အချစ်ဆိုတာ ဒါပဲလား ...

ကျနော်

ရုံးရောက်တော့ ကြွက်စုတ်ရေနစ်ဖြစ်နေသော ကျနော့ကို ၀ိုင်းပြီး ထောပနာပေးကြသည်။
"ဟဲ့ နင်ရူးနေသလား ... ဘယ်လိုဖြစ်လာတာလဲ ... ထီးမဆောင်းပဲ ဘယ်လိုဖြစ်လာတာလဲ"
"ဗျာ .. ထီးမပါဘူးလေ"
"ဘာလို့မပါရမှာလဲ နင့်ဘောင်းဘီနောက်မှာ ထိုးထားတယ်လေ .. ဟယ် .. ဖြစ်မှဖြစ်ရလေဟယ် ... ယောင်းမခါးကြားထိုးပြီး ရှာနေတာပဲ ကြားဖူးပါတယ် .. နင့်ဟာက "
"ဟားဟားဟား... ဟားဟားဟား"
"ဟားဟားဟား... ဟားဟားဟား"

ရှပ်ကိုးရှပ်ကမ်းဖြစ်နေသော ကျနော့ကို ၀ိုင်ရယ်ကြသည် .. ကျနော်လဲ အားရပါးရ ပြန်ရယ်ဖြစ်ခဲ့ပါသည်။
ရင်ထဲက အပျော်တွေကို ဘယ်သူသိနိုင်မှာလဲ နော် ..

............................

(အဖေ လာပို့ထား၍ ရောက်နှင့်နေသော အ၀တ်အိတ်မှ အ၀တ်တွေယူလဲလိုက်ရသည်)

------------------------------------------to be continue ------------------------------------------------

မကြာခင် ... တကယ့်ကို မကြာခင် ပြီးအောင်တင်ပေးပါမယ်ဗျာ



Powered by ScribeFire.

Thursday, January 10, 2008

အဲဒိနေ့က … သူမ … ကျနော် … ဘာဖြစ်လို့ (၂)


အဲဒိနေ့က


ကျနော် အိပ်ယာထ နောက်ကျလို့ ကားမှတ်တိုင်ကို ခပ်သွက်သွက်လေး လျှောက်လာလိုက်တယ်။

"8:31am"

၄၃ ကားတစ်စီးလာတယ်။ မဖြစ်ပါဘူး … ဒီကားတွေနဲ့ လှည်းတန်းမှာ အကြာကြီးရပ်ဦးမှာ။ …. ။ ထောက်ကြံ့၊ ပဲခူးသွားတဲ့ Hilux ကားလေးတွေပဲ ၁၀၀ ပေးပီစီးသွားလိုက်တော့မယ်။

ဟော !! လာပြီ… ထောက်ကြံ့ကားတစ်စီး …

"အင်းစိန်၊ ထောက်ကြံ့ … အင်းစိန်၊ ထောက်ကြံ့ …"

ကားနောက်မှာ လှမ်းတွယ်လိုက်တယ်။ ကားထဲမှာ ထိုင်စရာပြည့်နေတယ်။ နောက်ဆုံးက အလယ်ထုင်ခံပုလေးကတော့ လွတ်နေတယ်။ ထိုင်ရရင် ကောင်းမလား။ တွယ်တဲ့လူက ကျနော်ပါမှ ၂ နှစ်ယောက်ထဲ။

"အင်း .. မဆိုးပါဘူး၊ တွယ်ပဲတွယ်လိုက်တော့မယ်"

ကားခပေးပြီး ရုပ်တရက် ကားထဲကို လှမ်းကြည့်လိုက်မိတယ် … ဘယ်ဘက် ခုံတန်းအလယ်လောက်မှာ ထိုင်နေတဲ့ နှုပ်ခမ်းတစုံကို လှမ်းတွေ့လိုက်တယ်။

"ဟင် … "

"သူမ … သူမ ပါလား"

ရှေ့ကလူတွေ ကြည့်နေတာ သတိထားမိတော့မှ ကိုယ့်ပုံစံကို ပြန်သတိရတယ်။ ကားနောက်မှီးကနေ ဒူးညှတ်ပြီး အထဲကို ခပ်ကုန်းကုန်း ကြည့်နေမိတာလေ။ ပြန်ရပ်လိုက်တယ်။ ကားခေါင်မိုးကို ကျော်ပြီး ဟိုးရှေ့ကို လှမ်းကြည့်နေမိတယ်။ လေတဖြူးဖြူးနဲ့။ အရာရာတိုင်းမှာ နှုပ်ခမ်းနီရာတွေကို တွေ့နေရတယ်။ ခပ်ဖြော့ဖြော့လေးတွေလေ။

အဝေးပြေး မှတ်တိုင်မှာ လူတွေဆင်းသွားတော့ ညာဖက်ခြမ်းက ခုံတွေအားသွားတယ်။ နောက်ဆုံးနားမှာ ၀င်ထိုင်လိုက်တယ်။


သူမ


သူမက အ၀ါနုရောင် T-Shirt လေးဝတ်ထားတယ်။ HandTen တံဆိပ်သေးသေးလေးကလွဲရင် ဘာစာ ဘာပုံမှ မပါဘူး။ ဂျင်းဘောင်းဘီနဲ့ပဲ။ ဒါပေမယ့် မတိုဘူး … ပုံမှန်ပဲ။ Lavigne လဲပါတယ်။ Giodano မဟုတ်တော့ဘူး။ UNICEF တံဆိပ်လေးပါတဲ့ ချည်သား လွယ်အိတ်လေး။ လက်ထဲမှာ ခပ်ထူထူ စာအုပ်တစ်အုပ် ကိုင်ထားတယ်။ ဘာစာအုပ်ပါလိမ့်။ စာအုပ်ပေါ်မှာ ကွန်ပါဘူးလေးတစ်ခုကို ရောကိုင်ထားတယ်။ ကျူရှင်တက်နေတာလား။ ၁၀ တန်းတော့ မဖြစ်နိုင်ဘူး။ တက္ကသိုလ် ပဲဖြစ်မယ်။ ဒါမှမဟုတ် … အာ ... မသိဘူး…

"8:47am"

သူမကတော့ တည်တည်ငြိမ်ငြိမ်လေးပါပဲ။ မျက်လုံးလဲ မကစားဘူး။ အရမ်းလဲ မတည်၊ အရမ်းလဲ မပြုံး၊ ပုံမှန်လေးနေနေတယ်။ သူ့ဗယ်ဘက်ကနေ အပြင်ကို လှမ်းကြည့်နေတော့ … ကျနော် ကြည့်နေတာ သူမ မသိဘူး။ (ထင်ရတာပဲ … မိန်းခလေးတွေက ဒါမျိုးမှာ သိပ်သွက်တယ်လို့ ကြားဖူးတယ်)

"လှည်းတန်းဈေးပါလား? လှည်းတန်းဈေးပါလား? … မှတ်တိုင်ကို မောင်း … ဆရာ"

လှည်းတန်းပွိုင့်မှာ စောင့်နေရတယ်။ ကားပေါ်မှာ ၄ ၅ ယောက်ပဲ ကျန်တော့တယ်။ သူမ ကျနော့ကို မြင်သွားတယ်။ သူမ မျက်လုံးလေး အရည်လဲ့သွားတယ်လို့ထင်လိုက်ရတယ်။


"ကိုယ့်ကို မှတ်မိနေတာလား .. မဟုတ်လောက်ပါဘူး"

သူမ ဘေးဘီဝဲယာကို ကြည့်တယ်။ လမ်းဆင်းလျှောက်တော့မယ်ထင်တယ်။ ဟုတ်တယ်။ သူမ ကားပေါ်က ဆင်းသွားတယ်။ ကျနော် ဘာလုပ်ရမလဲ … ဘာလုပ်ရမလဲ …

၁ စက္ကန့်

၂ စက္ကန့်

၃ စက္ကန့်

အနီ

အ၀ါ

ကျနော်ကားပေါ်က ဆင်းဖို့ကြိုးစားတယ် .. နောက်မှီးက လှေခါးကို နင်းမိချိန်မှာ ကားလီဗာ နင်းသံကို ကြားလိုက်ရတယ်။

"စိမ်းသွားဘီ ဆရာ"

ကျနော် ခုန်ချလိုက်တယ်။

"ကျီ … "

ပွိုင့်လွှတ်လို့ စထွက်တဲ့ နောက်ကကား တုန့်ခနဲရပ်သွားတယ်။

!@#!!$%%^& !!!
$&&##^^@!!!

"Sorry ..!"

ခပ်သွက်သွက်လေး လမ်းကူးလာခဲ့တယ်။ ကားတွေပေါ်ကလှမ်း မေတ္တာ ပို့သံတွေ ဆူသွားတယ်။

"Sorry ..!"


ကျနော်


လှည်းတန်းမှတ်တိုင်ရောက်တဲ့အထိ ဟိုဖက်ရော ဒီဖက်ရော သူ့ကို ရှာမတွေ့တော့ဘူး။

လူကူးမြင်းကြား ကနေ ဟိုဖက်လမ်းကို ကူးသွားလိုက်တယ်။ လမ်းလယ်က ပလက်ဖောင်းပေါ် ရပ်ပြီး ကားတွေ ရှင်းတဲ့အထိစောင့်ရင်း ကျနော် စိတ်တွေ လှုပ်ရှားလာတယ်။ သူဘယ်ရောက်သွားတာလဲ။ ဒီဖက်မှာ ကားပြောင်းစီးတာလား။ လှည်းတန်းမှာပဲ သင်တန်းတက်တာလား။

ပါတ်ဝန်းကျင်တစ်ခုလုံး ခြာခြာလည်နေတယ်။ အသံတွေဆူညံလာတယ်။ ကားတွေရှုပ်လာတယ်။ အရမ်းပူလာတယ်။ အာခေါင်တွေခြောက်ပြီး ရေဆာလာတယ်။ ရေ … ရေ …


ဟူး … ရင်ထဲကလေပူတွေကို မှုတ်ထုတ်လိုက်မိတယ် … ရင်မောရပါလား … နှုပ်ခမ်းလေးရယ်


စိတ်ညစ်ညစ်နဲ့ ၄၈ mini bus ကိုတွယ်ပြီး စီးလာလိုက်မိတယ်။ ကားပေါ်မှာ ခုံအလွတ်တွေ အများကြီး …။ လမ်းဘေးကို ငေးမောရင်းနဲ့လေ။
အလုပ်ရှိရာ … သံလမ်းဘက်သို့ …

"9:05"

"9:05"

ကားစထွက်ပြီး ခဏ၊ ဓါတ်ပုံဆိုင်ရှေ့နားအရောက် ….

လမ်းဘေးမှာ

စာအုပ်လေးကို ရင်ခွင်ထဲ ပိုက်ပြီး လမ်းလျှောက်နေတဲ့

နှုပ်ခမ်းလေး …

ဟား………..


သူမ ရုတ်တရက် လှပ်ခနဲ လှမ်းကြည့်လိုက်တယ် …

အရောင်လက် သွားတဲ့ မျက်ဝန်းတစ်စုံက ...

အပြုံးလေးတစ်ပွင့် နဲ့ ကျနော့ကို လှမ်းပစ်တယ် …


ကျနော် ပြန်ပြုံးပြလိုက်မိသလား … မမှတ်မိလိုက်ဘူး

ကျနော် နောက်တစ်ခါ လေထဲကို မြှောက်တက်သွားတယ် …


ဘာကြောင့်များ

"9:25am"

"လိပ်မိဘီနော် .. လိပ်စာအုပ်မှာသာ ထိုးတော့မောင်လေး …"

“ဟဲဟဲ …”
“စတာပါဟာ … ဟဲ့ နင်ဘာဖြစ်နေတာလဲ စပ်ဖြီးဖြီးနဲ့ ဘာတွေအူမြူးနေတာလဲ …”

“ဟဲဟဲ …”
“… အဲန်”
“ဟဲဟဲ”

...


(ဆက်ပါဦးမည်)