Tuesday, January 1, 2008

မော်စကိုက ကမ္ဘာ့အကြီးဆုံးဖြစ်လာမယ့် အဆောက်အဦး Crystal Island

Norman Foster Tallest Skyscraper in the World, Crystal Island by Foster and Partners, Crystal Island, The Christmas Tree building, Foster and Partners, Gigantic Crystal Island Building in Moscow, Moscow gears up for world’s tallest building, Foster + Partners, Tallest Building in the World, Tallest

လျှင်လျှင်မြန်မြန်ကြီးတိုးတက်လာနေတဲ့ မော်စကိုမြို့ ကောင်းကင်ယံမှာ ငေးမောကြည့်စရာ အဆောက်အအုံကြီးတစ်ခု ကို မကြာခင်မြင်တွေရဖို့ ရှိနေပါတယ်။ ဆောက်လုပ်ပြီးစီးခဲ့ရင် အမ္ဘာ့အကြီးဆုံးဖြစ်လာမယ့် ဒီ Crystal Island လို့ခေါ်တဲ့ အဆောက်အဦးကြီးဟာ 27 မီလီယံ ကုဗပေ ရှိပြီး ဒေါ်လာ ၄ ဘီလီယမ်လောက်ကုန်ကြမှာဖြစ်ပါတယ်။ နောက် ၅ နှစ်အတွင်းမှာ ဆောက်လုပ်ဖို့ ရာထားပြီး “city within a building” အဆောက်အအုံထဲက မြို့လို့လဲခေါ်ပါတယ်။

ဒီ project ရဲ့ အချက်အလက်တွေကလဲ စိတ်ဝင်စားဖို့ကောင်းလှပါတယ် - ကြမ်းပြင်အကျယ်အ၀န်းဟာ ၀ါရှင်တန်မှာရှိတဲ့ ပန်ဒါဂွန်စစ်ဌာနချုပ်ရဲ့ လေးဆရှိပါတယ်။ ပေပေါင်း ၁၅၀၀ ရှိမယ့် ဒီအဆောင်အဦးမှာ အိမ်ခန်းပေါင်း ၉၀၀၊ ဟိုတယ်အခန်းပေါင်း ၃၀၀၀၊ ကျောင်းသားပေါင်း ၅၀၀ လောက်ဆံ့မယ့် နိုင်ငံတကာကျောင်းတခု၊ ရုပ်ရှင်ရုံတွေ၊ ပြဇာတ်ရုံတစ်ခု၊ အားကစားရုံ တစ်ခုနဲ့ ကျန်တာတွေလဲ အများကြီးရှိပါသေးသတဲ့။ နောက်ပြီး လာလည်တဲ့လူတွေအတွက် ကားပေါင်း ၁၆၅၀၀ ရပ်နားနိုင်မယ့် မြေအောက် ကားပါကင်တစ်ခုလဲ ပါရှိဦးမှာဖြစ်ပါတယ်။ ဒီ crystal island ကိုလာလည်တဲ့လူတွေ မော်စကိုမြိုကို ပေပေါင်း ၉၈၀ မြင့်တဲ့ မျှော်စင်ပေါ်ကနေလဲ ကြည့်ရှုနိုင်မှာပါ။

ကျနော်တို့ မျှော်လင့်ထားသလိုပဲ ကမ္ဘာ့အကြီးဆုံး ဖြစ်လာတော့မယ့် ဒီအဆောင်အအုံကြီးမှာ သဘာဝပါတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဒီဇိုင်းတွေနဲ့ တည်ဆောင်မှာပါ။ အပြင်ဘက်မှာ နေရောင်ခြည်စွမ်းအင်ကို ရယူနိုင်ဖို့ solar ပြားတွေတပ်ဆင်ထားမှာ ဖြစ်ပြီး တာဝါကြီးတစ်ခုလုံးကို မီးပေးနိုင်ဖို့ လေအားကနေ လျှပ်စစ်ထုတ်ယူဦးမှာ ဖြစ်ပါတယ်။ အဆောက်အဦးကြီးမှာတပ်ဆင်ထားတဲ့ တံခါးရွက်တွေကနေ လတ်ဆတ်တဲ့ သဘာဝလေတွေကို အဆောင်အဦး အတွင်းပိုင်းအထိ လိုအပ်ချက်နဲ့အညီ ရယူမှာဖြစ်ပါတယ်။ ဆောင်းတွင်းမှာ နွေးထွေးစေဖို့ တံခါးရွက်တွေကို ပိတ်မှာဖြစ်ပြီး၊ နွေရာသီမှာတော့ သဘာဝလေတွေရရှိစေဖို့ ဖွင့်ထားမှာ ဖြစ်ပါတယ်။ စွမ်းအင်စီမံခန့်ခွဲမှုကလဲ အရေးပါလှပါတယ်။ ပြန်လည်အသုံးချနိုင်သော စွမ်းအင် ထုတ်လုပ်တဲ့စက်ကြီးတွေနဲ့ ကာဗွန်ထုတ်လုပ်မှုနည်းတဲ့ စက်ကြီးတွေလဲ အများအပြားပါရှိဦးမှာပါ။

No comments: