Friday, December 14, 2007

လေဆာလက်နက်တွေ စလာဘီ


Boeing ဟာ C-130H လေယာဉ်ပေါ်မှာ လေဆာလက်နက် တပ်ဆင်ပြလိုက်ခြင်းဖြင့် laser gunship များထုတ်လုပ်မှုတွင် ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါပြီ

ဒီဇင်ဘာ ၄ ရက်နေ့က Kirtland Air Force Base မှာ တပ်ဆင်ပြသခဲ့တာဖြစ်ပါတယ်။ လေဆာ လက်နက်နှင့် ၄င်း၏ major subsystem တစ်ခုဖြစ်သော ၁၂၀၀၀ ပေါင်အလေးချိန်ရှိ laser module ကို၊ အရင်က တပ်ဆင်ထားခဲ့တဲ့ beam control system နေရာမှာ တပ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ (၄င်း module ဟာ လေဆာလက်နက်ရဲ့ ပစ်မှတ်တွေကို သေခြာထိစေဖို့ ကူညီလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။)

ဒီ လေဆာ လက်နက်ကြီး တပ်ဆင်ပြီး၊ Boeing အနေနဲ့ စမ်းသပ်မှုအများအပြားကို ၂၀၀၈ ခုနှစ်မှာ သရုပ်ပြသသွားဖို့ရှိပါတယ်။ ဒီ စွမ်းအင်မြင့် လေဆာလက်နက်ဟာ လေယာဉ်ရဲ့ ဗိုက်မှာ တပ်ဆင် ထားပြီး မြေပြင် ပစ်မှတ်တွေကို လှည့်လည်ပစ်ခက်သွားနိုင်မှာ ဖြစ်ပါတယ်။

U.S, Department of Defense အတွက် Boeing က တည်ဆောင်ပေးရတာဖြစ်ပြီး၊ စစ်မြေပြင် နှင့် မြို့ပြ အတွင်းရှိ ပစ်မှတ်များကို ကြီးကြီးမားများ မပျက်စီးစေပဲ ဖျက်ဆီ (ဒါမှမဟုတ်) အလုပ်မလုပ်အောင် ပြုလုပ်လိုက်နိုင်မှာ ဖြစ်ပါတယ်။

ဒီမှာ သေခြာ ဆက်ဖတ်

No comments: