Saturday, December 15, 2007

အတိုကောက် စာလုံးတွေရဲ့ မူလ

ရှာတွေ့ထားတဲ့ အတိုကောက် စာလုံးတွေရဲ့ မူလအကြောင်းလေးတွေပါ


£ for lb.
အဓိပ္ပါယ် : ပေါင် (Pound)
မူရင်းဇစ်မြစ် : ဒီ ပေါင်ဆိုတဲ့ အတိုကောက် ဟာ လက်တင်စကား libra pondo ကလာတာဖြစ်ပြီး၊ “အလေးချိန်ဖြင့် တိုင်းတာသော ယူနစ်” လို့ အဓိပ္ပာယ်ရပါတယ်။ နောက်တော့ ရောမ တွေက pondo လို့ချုံ့လိုက်ပြီး၊ အင်္ဂလိပ်တွေ လက်ထဲရောက်တော့ pound လို့ဖြစ်သွားပါတယ်။ ဒါပေမယ့် အတိုကောက်ကိုတော့ မူရင်းစာလုံးရဲ့ ပထမစာလုံး libra ကိုယူလိုက်ပြီး lb လို့ သုံးလိုက်တာဖြစ်ပါတယ်။ ဘိလပ်တွေ (အင်္ဂလိပ်တွေ) ရဲ့ ငွေကြေးပုံစံကိုလဲ L ကို စတိုင်ထုတ်ပြီး
ရေးလိုက်တာကနေ £ လို့ဖြစ်လာတာပါ။ မူရင်း အင်္ဂလိပ်တွေရဲ့ တစ်ပေါင်ဟာ ငွေသား တစ်ပေါင် (one pound of silver) နဲ့ ညီခဲ့ပါတယ်။

V.I.P.
အဓိပ္ပါယ် : Very important person (အလွန်အရေးကြီးသောပုဂ္ဂိုလ်)
မူရင်းဇစ်မြစ် : ဒုတိယ ကမ္ဘာစစ် အတွင်းက အရေးကြီး စစ်တပ် ခေါင်းဆောင်များ အတွက် လေယာဉ် ခရီးစဉ်များ စီစဉ်ပေးရသော အင်္ဂလိပ်စစ်ဖက် အရာရှိများမှ မကြာခဏ အသုံးပြုခဲ့ကြတာသော ဝေါဟာရဖြစ်ပါတယ်။ ရန်သူ စပိုင်များကြားဖျက်နားထောင်ခြင်းမှ ကာကွယ်ရန်အတွက် ခရီးစဉ်များတွင် အရေးကြီးပုဂ္ဂိုလ်များ၏ နာမည်များ အသုံးပြုခြင်းအစား V.I.P ဟု သုံးနှုန်းခဲ့ကြခြင်းမှ အသုံးတွင်ကျယ်လာခြင်း ဖြစ်ပါတယ်။

D-Day
အဓိပ္ပါယ် : June 6, 1944, ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်များ ပြင်သစ်ကို ၀င်တိုက်သောနေ့
မူရင်းဇစ်မြစ် : D-Day ဆိုတဲ့ထဲက D ဆိုတာက “designated” (သတ်မှတ်ထားသော) ဒါမှမဟုတ် “defeat” အနိုင်ရယူခြင်း လို့ လူတွေတော်တော်များများက ယူဆထားသလို မဟုတ်ပါဘူး။ ရိုးရိုးလေးပဲ “day” ကိုယူထားတာပါ။ “day day” ပေါ့။ စစ်အတွင်းက ထိပ်တန်း လှို့ဝှက်ချက်တွေ ပြောရင် ပြောလေ့ရှိတဲ့ H-Hour ဒါမှမဟုတ် D-Day လို့သုံးရာကနေ အကျင့်ပါသွားတာပဲ ဖြစ်ပါတယ်တဲ့။

XXX
အဓိပ္ပါယ် : ကာတွန်းတွေထဲမှာ အရက်ပုလင်းပုံဆွဲတဲ့အခါ အဲဒိ ပုလင်းထဲမှာ အရက်ရှိတယ်ဆိုတာကို ပြခြင်း
မူရင်းဇစ်မြစ် : ၁၉ ရာစုနှစ်အတွင်းက ဘိလပ်မှာရှိတဲ့ အရက်ရောင်းချသူတွေဟာ သူတို့ အရက်ပုလင်းတွေမှာ အရက်ပါတဲ့ပေါ်မူတည်ပြီး x, xx, xxx လို့ ပုံတွေဆွဲခဲ့ပါတယ်။ X ပါဝင်မှုအရေအတွက်ပေါ်မူတည်ပြီး အရက်ရဲ့ ပြင်းအားက ကွာပါတယ်။

No comments: