ခုခေတ်မှာ အချစ်စစ်စစ်တွေဟာ တကယ့်ကို ရှားပါးလာပါပြီ။ မင်းအတွက်နဲ့ ပင်လယ်ပြင်ကို ဖြတ်ကူး ပြမယ်။ ကောင်းကင်က ဒူဝန်ကြယ်ကို စွတ်ပေးပမယ်... စသည် စသည် ဖြင့် ပြောကြတာဟာ ခုခေတ်မှာ ခေတ်မရှိတော့ သလို .. တကယ်လဲ မလုပ်ပေးနိုင်တော့ပါဘူး။ ယောင်္ကျားလေး .. မိန်းခလေး အားလုံး တူတူပါပဲ။ (ချွင်းချက်တော့ ရှိသပေါ့လေ) ကိုယ့်ကိုကိုယ်ထက် ဘယ်သူ့ကိုမှ သိပ်မချစ်ကြတော့ တဲ့ ဒီခေတ်ကြီးထဲမှာ ရှေးတုန်းက လူတွေရဲ့ အချစ်ကို အောက်က story လေးကို ဖတ်ပြီး ခံစားကြည့်လိုက်ကြပါဦး။ ...
လွန်ခဲ့တဲ့ နှစ်ပေါင်း ငါဆယ်လောက်က … လှူ (Liu) လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် တရုတ်ကောင်လေးတစ်ယောင်ရှိသတဲ့။ တနေ့တော့ … သူ့ထက် ၁၀ နှစ်ကြီးတဲ့ Xu (ကျူ လို့ အသံထွက်မယ်ထင်တယ်) လို့ခေါ်တဲ့ မုဆိုးမ တစ်ယောက်နဲ့ ချစ်ကြိုက်မိပါရောတဲ့။
အဲဒိအချိန်တုန်းက ယောင်္ကျားတစ်ယောက်ဟာ သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးကို လက်ထပ်တာကို လက်မခံခဲ့ကြပါဘူး။ ပါတ်ဝန်းကျင်က လူတွေကလဲ အတင်းတွေ ပြောကြသပေါ့လေ။ ဒီတော့ သူတို့ လင်မယား နှစ်ယောက်ဟာ … တောင်ပေါ်က ဂူလေးတစ်ခုမှာ သွားနေကြရပါတယ်တဲ့။
တောင်ပေါ်မှာ နေကြတယ်ဆိုတော့ … တောင်ပေါ်ကို အတက်အဆင်းလုပ်ရတာ အတော့ကို ပင်ပန်းပါတယ်။ အဲဒါကြောင့် Liu ဟာ သူ့မိန်းမ လွယ်ကွယ်ကူကူ အတက်အဆင်း ပြုလုပ်နိုင်ဖို့ လှေခါးထစ်ပေါင်း ခြောက်ထောင်ကျော်ကို လက်ချည်းသက်သက်နဲ့ နောင် နှစ်ပေါင်း ငါးဆယ်ကြာအောင် ပြုလုပ်ပေးခဲ့ပါတယ်။ နောက်ပြီး .. တောင်ပေါ်မှာပဲ သူချစ်တဲ့ သူ့ မိန်းမကို ပြုစုရင်း ချစ်ချစ်ခင်ခင် နေထိုင်လာခဲ့ကြတာ ခုချိန်ထိပါပဲ။
နောက် ရာစုနှစ်ဝက် အကြာ ၂၀၀၁ ခုနှစ်အရောက်မှတော့ … တောတွင်း စွန့်စားမှုခရီးသွားကြတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အဖိုးအဖွား လင်မယား နှစ်ယောက်ကို လက်နဲ့ လုပ်ထားတဲ့ လေခါးထစ်ပေါင်း ခြောက်ထောင်ရှိတဲ့ တောင်ပေါ်မှာ ထူးထူးဆန်းဆန်း ရှာတွေ့ခဲ့ကြပါတယ်။
“ကျနော်တို့ မိဘတွေက တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပါတယ်။ အဲဒိ နေရာမှာ နေနေတာ နှစ်ပေါင်း ၅၀ ကျော်ပြီ၊ တစ်ရက်မှတောင် မခွဲဖူးကြသေးပါဘူး” လို့ Liu MingSheng လို့ခေါ်တဲ့ သူတို့ရဲ့ သားသမီး ၇ ယောက်ထဲက တစ်ယောက်က ပြောပါတယ်။ “အဖေက လှေခါးထစ်ပေါင်း ခြောက်ထောင်ကျော် ကို အမေသွားရလာရအဆင်ပြေ ရအောင် လုပ်ပေးခဲ့တာပါ။ ဒါတောင် အမေက သိပ်ပြီး အောက်ဆင်းတာ မဟုတ်ပါဘူး”
Weird Asia မှာ ဆက်ဖတ်ပါ Link။ video လဲပါတယ်။
No comments:
Post a Comment