Saturday, December 15, 2007

Google Earth ကောင်းကင်ပေါ်မှာ ဖမ်းမိတဲ့ ဒုံးကျည်တစ်စင်း

Cruise missile as captured on Google Earth

ကျနော်ဟာ အားလပ်ချိန်ရရင် Google Earth ကြည့်တတ်ပါတယ်။ ကမ္ဘာတ၀န်းလှည့်လည် လေ့လာတာပေါ့။ ကြည့်ရင်း အလွန်ပဲ စိတ်ဝင်စားစရာတွေကို တွေ့ရတတ်ပါတယ်။ ဒီတစ်ခါ Christopher Wagner ဆိုတဲ့လူတွေ့တာကတော့ ပိုထူးဆန်းပါတယ်။ Utah ပေါ်မှာ ပျံသန်းသွားနေတဲ့ ဒုံးကျည်တစ်လုံးကို တွေ့ခဲ့ရတာပါ။ (Google Earth ရှိရင် ဒါကို download လုပ်ပီးကြည့်)

သူတို့ပြောချက်အရတော့ Tomahawk cruise missile ဖြစ်ဖို့များပါတယ်တဲ့၊ ပုံပန်းသဏ္ဍန်အရ သူ့ Profile နဲ့လဲ တိုက်ဆိုင်မှုရှိပါတယ်တဲ့။ စိတ်ဝင်စားဖို့ကောင်းတာက ဒီဒုံးကျည်က ဘယ်ကို ပစ်နေတာလဲဆိုတာပဲ။ မဟုတ်ဖူးလား။

တစ်ချိုကလည်း MD90 ဒုံးကျည်၊ AGM-84 ဒုံးကျည် လို့အမျိုးအမျိုးပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်းမှာ မကြာခဏတွေ့ရတတ်တဲ့ UFO လိုဟာမျိုးတွေကိုလဲ ဖမ်းထားနိုင်လိမ့်မယ်ထင်တယ်နော်။

No comments: