ကမ္ဘာပေါ်မှ ရှိတဲ့ ဘာသာစကားတွေအနက် တိမ်ကော ပပျောက်ခါနီးဖြစ်နေတဲ့ ဘာသာစကားတွေကို National Geographic website မှာ ဖေါ်ပြထားတာတွေ့ရှိရပါတယ်။ မြောက်အမေရိကားတိုက်၊ တောင်အမေရိကတိုက် အလယ်ပိုင်းဒေသ၊ မြောက်အမေရိကတိုက်အပေါ်ပိုင်း ပစိဖိတ်သမုဓ္ဒရာ ကမ်းရိုးတန်းဒေသ၊ ဆိုက်ဘီးရီးယား အရှေ့ပိုင်း၊ အိုကလာဟိုးမား နဲ့ အမေရိကန်နိုင်ငံတောက်ပိုင်းဒေသတွေက ပါဝင်ပါတယ်။
နေ့စဉ် ၁၄ ပြည့်ရက်တိုင်း ဘာသာစကားတစ်ခု သေဆုံး/ပျောက်ကွယ်လျှက်ရှိပြီး၊ ၂၁၀၀ ပြည့်နှစ်လောက်ရောက်တဲ့အခါ ကမ္ဘာပေါ်မှာ ပြောနေကြတဲ့ ဘာသာစကား ၇၀၀၀ ကျော်ထဲက ထက်ဝက်လောက်ဟာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ အဲဒိထဲက တော်တော်များများကို မှတ်တမ်းတင်လိုက်နိုင်ခြင်းမရှိပဲ ပျောက်ကွယ်သွားဖို့ရှိနေပါတယ်။
ဘာကြောင့် အရေးကြီးရတာလဲ?
ဘာသာစကားဟာ ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုပါတယ်။ ပြေတဲ့သူနဲ့ နားထောင်တဲ့ သူတွေ အချင်းချင်းကြားထဲမှာပေါ့။ စကားလုံးတွေကတော့ ယဉ်ကျေးမှုရဲ့ ပြုယုပ် အဖြစ်ဖော်ပြနိုင်တယ်။ ပျောက်ကွယ်လုနီးနီးဖြစ်နေကြတဲ့ ဘာသာစကားတွေထဲက တော်တော်များများမှာ ယဉ်ကျေးမှုဆိုင်ရာ ပုံဝတ္ထုတွေ၊ သီချင်းတွေ၊ သမိုင်းကြောင်းတွေကို ဘိုးဘွားစဉ်ဆက် ပါးစပ်နဲ့ လက်ဆင့်ကမ်းလာခဲ့ကြတာသာ ရှိပြီး စာနဲ့ ရေးသားထားတာ မရှိတာတွေ များပါတယ်။ ဒီတော့ ဘာသာစကား ပျောက်ကွယ်သွားခြင်းအားဖြင့် သူတို့ရဲ့ ယဉ်ကျေးမှုတွေဟာလဲ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
သူ့ website မှာဘာကြောင့် ဘာသာစကားတွေ ပျောက်ဆုံးရတာလဲဆိုတာတွေပါ အသေးစိတ်ရေးသားထားတာ ဖတ်နိုင်ပါတယ်။ flash လေးနဲ့ ပြထားပြီး မြေပုံပေါ်မှာ ပြထားတဲ့နေရာတွေကို နှိပ်ပြီး အဲဒိနေရာက ဘာသာစကားတွေ အကြောင်း ဖတ်နိုင်ပါတယ်။
No comments:
Post a Comment