Wednesday, December 12, 2007

၃၆၀ ဒီဂရီ လှည့်ကြည့်နိုင်တဲ့ panoramic video


Immersive Media က ၃၆၀ ဒီဂရီ လှည့်ကြည့်နိုင်တဲ့ panoramic video တွေကိုပြုလုပ်ခဲ့ပါတယ်။ Video နော်.. အရင်က ကျနော်တို့ တွေ့ဖူးတာက ဓါတ်ပုံတွေကိုပါ။

Play ကိုနှိပ်၊ နောက် mouse ကို click and drag ဘယ်ညှာနှိပ်ရွှေ့ပြီး မြင်ကွင်းကို ဘယ်ညာ လှည့်ကြည့်လို့ရတယ်၊ အဲဒိအချိန်မှာ video ကသွားနေမှာဖြစ်ပါတယ်။ ဒီတော့ သင်က ကားပေါ်ကထိုင်လိုက်ပြီး လျှောက်ကြည့်နေသလိုမျိုး တကယ်ခံစားရမှာ ဖြစ်ပါတယ်။ video ကို ခဏလောက်ရပ်ပြီးလဲ ပါတ်ဝန်းကျင်ကို လိုက်ကြည့်နိုင်ပါသေးတယ်။ ကျနော် စသုံးခါစက အတော် အံ့သြသွားတာပါ။

ဒီ ဗီဒီယိုကို New York မြို့က 42လမ်းမှာ ရိုက်ခဲ့တာပါတဲ့။ ထပ်ကြည့်ချင်သေးရင် နောက် demo တွေလဲရှိပါသေးတယ်။ ဒီမှာသာ နှိပ်လိုက်ပါ။

No comments: