5. Moscow, Russia (မော်စကို၊ ရုရှား)
4. Paris, France (ပဲရစ်၊ ပြင်သစ်)
အင်း … ပဲရစ်မြို့၊ အချစ်မြို့၊ အလွန်လှပတဲ့ metro stations တွေ နေရာတိုင်းမှာရှိတဲ့ မြို့။ ပဲရစ်မှာက Métro တွေဟာ ကမ္ဘာဒုတိယ သက်တမ်းအရှည်ဆုံးသော မြေအောင်ရထားလမ်းတွေပါ။ နောက်ပြီး … သင်အနေနဲ့ ဘယ်ကိုပဲသွားချင် သွားချင်၊ ရောက်နေတဲ့နေရာရဲ့ အများဆုံး မီတာ ၅၀၀ အတွင်းမှာ မြေအောင်ဘူတာရုံရှိရလောက်အောင် သူ့ network ကကျယ်ပြန့်လုံလောက်မှုရှိလှပါတယ်။ တကယ်လို့ မက်ထရိုမစီးချင်ရင်တော့ စက်ဘီးစီးသွားလို့လဲကောင်းလှတဲ့ မြို့ပါတဲ့။
3. London, England (လန်ဒန်၊ အင်္ဂလန်)
ဒီ လန်ဒန်က Tube လို့ခေါ်တဲ့ မြေအောက်ရထားလမ်းတွေဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးဖြစ်ပြီး၊ နှစ်ပေါင်း ၄၀ နီးပါး ရှိပါပြီ။ ဒီရထားတွေဟာ လန်ဒန်ရဲ့ iconic ဖြစ်တဲ့ အနီရောင် နှစ်ထပ်ဘက်(စ်)ကားကြီးတွေနဲ့ ဆက်စပ်သွားပါတယ်။ ဒီရထားတွေက တနေ့ကို ခရီးသည်ပေါင်း ၃ မီလီယမ်လောက်ပို့ဆောင်ပေးနေပြီး၊ DLR လို့ခေါ်တဲ့ automated light rail system တွေလဲ ရှိပါသေးတယ်၊ ပြီးတော့ tram တွေလဲရှိသပေါ့။ သေခြာဖတ်ချင်ရင်တော့
2. New York, United States (နယူးယော့ခ်၊ အမေရိကန်)
NYC (ခေါ်) နယူးယောက်မြို့တော်ရဲ့ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းဟာ ဖယ်ရီတွေ၊ ဘက်စ်ကားတွေ၊ ရထားတွေ၊ မြေအောင်ရထားတွေ နဲ့ စက်ဘီး လမ်းကြောင်းတွေ ပူးပေါင်း ပါဝင်ထားတာပါ။ အဲဒိထဲမှာမှ မြေအောင်ရထားလမ်းဟာ ကမ္ဘာ့အကြီးဆုံး မြေအောက် ရထားလမ်းတွေ အဖြစ် နာမည်ကြီးလှပါတယ်။ NYC ဟာ အမေရိကမှာရှိတဲ့ မြို့ကြီးများအနက် အများပြည်သူသုံး ခရီးသည်ပို့ဆောင်ရေး (public transportation) ကို တကိုယ်ရည် ခရီးသည်ပို့အောင်မှု (private transportation) ထက်ပိုအသုံးပြုတဲ့ တစ်ခုထဲသော မြို့ဖြစ်ပြီး၊ မြို့မှာ နေထိုင်သူတွေထဲက ထက်ဝက်ကျော်မှာ ကိုယ်ပိုင်ကား မရှိတဲ့ တစ်ခုထဲသော အမေရိကန်မြို့ကြီး ဖြစ်ပါတယ်။ သင့်အနေနဲ့ NYC ကိုရောက်ခဲ့မယ်ဆိုရင် ဒီ public transportation ကိုပဲ သုံးဖြစ်ပါလိမ့်မယ်တဲ့။ NYC ဟာ လန်ဒန်လို၊ အခြား နိုင်ငံတကာက မြို့ကြီးတွေလို မဟုတ်ပဲ သန်းခေါင်ကျော် ရင်တောင် သွားချင်တဲ့ နေရာသွားနေနိုင်ပါသေးတယ်တဲ့။ စိတ်မကောင်းစရာက လန်ဒန်လိုမဟုတ်ပဲ NYC မြေအောင်ရထားတွေဟာ ညစ်ပါတ်တယ်၊ ပုံမှန် ပြုပြင်ထိမ်းသိမ်းမှုမရှိဘူး။ နောက် သင့်အနေနဲ့ သင်စီးတဲ့ ရထားဟာ သင်သွားချင်တဲ့ နေရာကို ရောက်ပမှလားဆိုပြီး မှန်းဆနေရပါလိမ့်မယ်တဲ့၊ ဘာလို့ဆို ဘယ်ရထားက ဘယ်အချိန်လာမယ်၊ ဘယ်ရထားက ဘယ်ကိုသွားမယ်ဆိုကို သေခြာ ပြသထားတာ မရှိသလောက်ဖြစ်နေလို့ပါတဲ့။ စီးနေရင်းနဲ့ ရထားက လမ်းကြောင်းပြောင်းမသွားပါစေနဲ့လို့သာ ဆုတောင်းနေရမှာပါတဲ့လေ။
1. Tokyo, Japan (တိုကျို၊ ဂျပန်)
တိုကျိုက public transportation system ကိုကမ္ဘာ့အရှုပ်ထွေးဆုံး Transit (ပြောင်းရွှေ့စီးရမှု) တစ်ခုဖြစ်နိုင်ပေမယ့်၊ အရမ်းကြီးမားတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ တိုကျိုရဲ့ public transportation system ကို အပေါ့စားရထား၊ ဖယ်ရီ၊ ဘက်စ်ကား စတာတွေနဲ့ နာမည်ကြီးလှတဲ့ တိုကျိုရဲ့ မြေအောင်ရထားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပြီး ခရီးသည်ပေါင်း ၁၀.၆ မီလီယမ် လောက်ကို ပို့ဆောင်ပေးနေပါတယ်။ ဒီ မြေအောင်ရထားလမ်းကြောင်းတွေဟာ ရှုပ်ထွေးလွန်းတာမို့ တစ်နေရာကတစ်နေရာသွားရင် ရထားပြောင်းစီးနေရတာနဲ့ အချိန်ကုန်နေတာများပါတယ်။ ရထားနဲ့ သွားချင်တဲ့နေရာတိုင်းကို ရောက်နိုင်ပေမယ့် ရထားတွေ အများကြီးတော့ ပြောင်းစီးသွားရမှာဖြစ်ပါတယ်။
No comments:
Post a Comment