ဒူဘိုင်းက အုန်းပင်ပုံကျွန်း (Palm Island) တွေ ဆောက်လုပ်ခဲ့တယ်။ ကဲ အခု နယ်သာလန်က သူ့နိုင်ငံ ကမ်းခြေတွေကို ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ အန္တရယ်နဲ့ ကမ်းခြေကို လာလည်တဲ့လူတွေ အရမ်းများလွန်းလို့ ပျက်စီးတဲ့ဒဏ်ကပါ ကာကွယ်နိုင်ဖို့ tulip ပန်းပုံစံ ကျွန်းတု တစ်ခုတည်ဆောက်ဖို့ ကြံလာနေပြီဖြစ်ပါတယ်။ ဒီအကြံကို ထောက်ခံတဲ့လူတွေကတော့ ဒီကိစ္စဟာ Dutch ကုမ္ပဏီတွေကို global warming ကြောင့် အရေးပါလာနေတဲ့ ရေအရင်းအမြစ် စီမံခန့်ခွဲရေးပညာနဲ့ ပါတ်သတ်တဲ့ အရည်အခြင်းတွေကို ပြသဖို့ အခွင့်အလန်းတွေ ရှိလာစေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေကတော့ ဒီကိစ္စဟာ အရမ်းကို ငွေကြေးကုန်ကျမယ့် ကိစ္စဖြစ်ပြီး၊ သဘာဝပါတ်ဝန်းကျင်ကိုလဲ ထိခိုက်နိုင်တယ်လို့ ဆိုနေကြပါတယ်။
အောက်တိုဘာလအတွင်းက TNS NIPO နဲ့ The Red Cross တို့ပူးပေါင်းလုပ်ခဲ့တဲ့ ဆန္ဒမဲကောက်ခံခဲ့မှုမှာ Dutch လူမျိုးတွေဟာ အကြမ်းဖက်သမားတွေထက် ရေကြီးခံရမှာကို ပိုပြီး ကြောက်ကြကြောင်း၊ သူ့နိုင်ငံရဲ့ ကျွမ်းကျင်သူတွေနဲ့ နည်းပညာ တွေက သူတို့ကို ရေကြီးလာမှုမှ ကာကွယ်ပေးနိုင်လိမ့်မယ်ဆိုတာကို အတော်လေးပဲ ယုံကြည်ကိုးစားမှုရှိနေကြကြောင်း တွေ့ရပါတယ်။
ကဲ … ဒူဘိုင်းပီးတော့ … နယ်သာလန် … နောက်ဘယ်နိုင်ငံလာဦးမလဲ ……….
(စင်ကာပူ ကတော့ ဟိုလိုလို ဒီလိုလိုနဲ့ တိုးချဲ့နေတာ ကြာပါဘီ။ လူနေဖို့တော့ မဟုတ်ပါဘူး စက်ရုံတွေ တည်ဆောက်တာပါ။ မြေကလဲ အနည်းသားမလား။ အဲဒိ ကျွန်းတုတွေကြောင့် မလကာ ရေလက်ကြား ရေကြောင်းပြောင်းလို့ တခြားနိုင်ငံတွေနဲ့ ပြဿနာတက်နေပေမယ့်လဲ … သူ့ထုံးစံအတိုင်း ပါးစပ်ပိတ်ထားနိုင်နေသေးပါတယ်။)
No comments:
Post a Comment