GIF နဲ့ JPEG format တွေဟာ လက်ရှိ Internet မှာ အဓိကသုံးနေတဲ့ ပုံ format တွေပါ။ ဒီ Post မှာ တစ်ခုချင်းစီရဲ့ overview လေးတွေကို ရှင်းပြမှာဖြစ်ပီး၊ ဘယ်နေရာမှာ သုံးသင့်တယ် ဆိုတာပါရေးပြပေးသွားပါမယ်။
The GIF Format
GIF format က အင်တာနက်မှာ ပေါ်ပြူလာအဖြစ်ဆုံး format ပါ။ ပုံရဲ့ အရောင်တူတဲ့ နေရာတွေကို compressing လုပ်ပီး သိမ်းပေးထားတဲ့နေရမှာ ရော၊ online မှာ Flash တို့ ဘာတို့ မသုံးပဲ animation ထဲ့နိုင်တဲ့ ပုံ format ဆိုလို့ သူပဲရှိတာရော ကြောင့်ပါ။ GIF89a format ဆိုရင် transparency (ဖောက်ထွင်းမြင်နိုင်ခြင်း) ကိုလဲ supports လုပ်ပါတယ်, ပြီးတော့ interlacing ပေါ့။ (ဒီအကြောင်းတွေ အောက်မှာ ဆက်ရှင်းပါမယ်)
GIF files တွေမှာ အရောင်ပေါင်း 256 ရောင်ထိ အများဆုံး သိမ်ထားနိုင်ပါတယ်။ ဓါတ်ပုံတွေက လွဲရင် ဒီလောက်က မဆိုးဘူးပေါ့။ GIF files တွေမှာ size ချုံပြစ်တဲ့ method က palett ထဲမှာရှိတဲ့ ကာလာ၊ အရောင်တန်ဖိုးတွေကို လျှော့ပြစ်တာပါပဲ။ သိထားရမှာက - GIF ဖိုင်တွေမှာ LZW compression scheme လို့ခေါ်တဲ့ ချုံ့တဲ့ method ပါပီးသားပါ။ ပုံရဲ့ ဆိုက်ဒ်ကို တက်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် လျှော့ချပေးတာပေါ့။
Transparency
အပေါ်မှာ ပြောခဲ့သလိုပဲ၊ GIF format ဟာ transparency ကို support လုပ်ပါတယ်။ ဒါကြောင့် Designer တွေနေနဲ့ လုပ်တဲ့ ဒီဇိုင်းရဲ့ background ကို ဖောက်မြင်နေရအောင် လုပ်လို့ရသွားတာပေါ့။ ဥပမာ၊ ကျနော်က ပုံတစ်ခုကို အမဲရောင်နဲ့ အနီရောင်စပ်လုပ်ပီး background transprant လုပ်ပီး GIF နဲ့သိမ်း။ ပီးရင် အ၀ါရောင် နောက်ခံပေါ် အဲဒိ GIF ပုံကို တင်လိုက်ရင်၊ ပုံရဲ့ transprant ဖြစ်နေတဲ့ background အရောင်က အ၀ါရောင်မြင်နေရမှာပေါ့။ နောက်ခံက transprant ဖြစ်နေတာကိုး၊
Interlacing
ဒီ GIF file ရဲ့ interlacing feature ပုံတွေကို loading လုပ်တဲ့အခါမှာ အင်မတန်အသုံးဝင်ပါတယ်။ ဘယ်လိုလဲဆိုရင်၊ ပုံတစ်ပုံကို အင်တာနက်ကနေ download လုပ်ကြည့်တဲ့အခါ ပုံကို တဆင့်ခြင်းပြတာပါ။ ပထမ data နဲနဲလေးပဲ download လုပ်ရသေးရင် ၀ါးတားတားကြီး။ နောက်တော့ တဆင့်ချင်း ကြည်လင်လာတာပါ။ အဲဒိလို ဖြစ်အောင် လုပ်ထားတာကို interlacing လုပ်တယ်လို့ ခေါ်ပါတယ်။ သတိထားရမှာက GIF ဖိုင်တွေကို interlace ဖြစ်အောင် လုပ်လို့ရှိရင် ပုံမှန် size ထက်နဲနဲပိုကြီးလာတာပါပဲ။ ဒါကြောင့် interlace လုပ်တာကို တကယ်လိုမယ်ထင်တဲ့ နေရာမှာမှ သုံးစေချင်ပါတယ်။
When to use them
ပုံမှန်တော့ GIF files တွေကို logos, line drawings နဲ့ icons တွေမှာ သုံးသင့်ပါတယ်။ ဓါတ်ပုံတွေ၊ resolution ကောင်းမှဖြစ်မယ့် art works တွေမှာ မသုံးပါနဲ့။ GIF file အတွက် ဒီဇိုင်းလုပ်တဲ့အခါ gradients တွေမသုံးပါနဲ့၊ ဘယ်လိုမှ မလှပါဘူး။ နောက်ပီး file size ကို ချုံနိုင်သမျှ ချုံ့လို့ရအောင် anti-aliasing ကိုလဲ ပိတ်ထားပါ။The JPEG Format
JPEG format ကတော့ ဓါတ်ပုံတွေအတွက် အဓိက ရည်ရွယ်ပြီး အရောင်ပေါင်း 16.7 million ကို supports လုပ်ပါတယ်။ JPEG ရဲ့ internal compression algorithm က GIF format နဲ့မတူပါဘူး။ ပုံရဲ့ information ကိုပြောင်းပီးသိမ်ပစ်လိုက်လို့ပါ။ ပုံရဲ့ quality ကိုလျှော့ပီး သိမ်းလိုက်ပီးရင် ပြန်တင်လို့မရတော့ပါဘူး။ ဒါကြောင့် ပုံတွေကို ပြင်တဲ့အခါ back-up ထားပြီးမှ ပြင်သင့်ပါတယ်။
Progressive JPEG's
ဘယ် JPEG file မဆို Progressive JPEG အဖြစ်သိမ်နိုင်ပါတယ်။ သူက GIF ရဲ့ interlaced လုပ်တာနဲ့ အတော်ဆင်ပါတယ်။ GIF လိုပဲ visitor တွေကို lower quality ပုံကိုအရင်ပြတယ်။ နောက်ပိုင်းမှ တဖြည်းဖြည်းခြင်း data downloaded ပေါ်မူတည်ပြီး ပုံကိုပြပါတယ်။ Graphic editing tools တွေသုံးပြီး အဲလို low quality ကနေ၊ original quality ထိ တဆင့်ခြင်းပြတဲ့အခါ အဆင့်ဘယ်နှဆင့်ကို သုံးမလဲဆိုတာပါ ပြင်လို့ရပါတယ်။
When to use
Rule အရတော့ JPEG format တွေကို photographic images (ဓါတ်ပုံ) တွေမှာ သုံးသင့်ပါတယ်။ ဒါမှမဟုတ် .. 256 color လောက်နဲ့ မလှနိုင်တဲ့ ပုံတွေ။ Art Creation တွေမှာပေါ့။
The PNG Format
(PNG stands for Portable Network Graphics, and is an image file format for loss-less compression of images)တတိယနဲ့ နောက်ဆုံး၊ အသစ်ဆုံး format ကတော့ Web မှာ အတော်များများ သုံးနေကြပြီဖြစ်တဲ့ PNG format ပါ (Ping လို့အသံထွက်ပါ)။ PNG ကို GIF ရဲမှာ မရတဲ့ features တွေရစေချင်လို့ ရည်ရွယ်ပြီးလုပ်တာပါ။ နောက်ပြီး developer တွေအတွက် အခြား format တွေနဲ့ patent licenses ကိစ္စရှုပ်မှာကိုလဲ ရှောင်ရှားနိုင်အောင်လို့ပါတဲ့ (ဒီကိစ္စ ကျနော်လဲ သေခြာမရှင်းဘူး :P)။ PNG ကို GIF ရဲ့ main features တွေရအောင် ဒီဇိုင်းလုပ်ခဲ့တာပါ။ streaming နဲ့ progressive fiel formats တွေအပါအ၀င်ပေါ့။ ပြီးတော့ သူ့မှာ အရမ်းကောင်းတဲ့ color depth လဲပါပါတယ်။ 24 bit ထိရပါတယ်။
PNG ကို နောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြမယ်လို့ မျှော်လင့်နေကြတယ်တဲ့။ ဒါပေမယ့် GIF ကိုတော့ အစားထိုးနိုင်ဦးမှာ မဟုတ်ပါဘူး၊ ဘာလို့ဆို၊ PNG မှာ animation မရလို့ပါ။
နောက်ပိုင်း flash animation တွေလုပ်တဲ့အခါ PNG ကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါတယ်။ အင်တာနက်ကလဲ မြန်လာ၊ ကွန်ပြူတာတွေကလဲ ကောင်း၊ မောနီတာတွေကလဲ အရောင်တွေ စိုလာကြတော့ နောက်ပိုင်း web design လုပ်တဲ့အခါ အရင်လို limitation တွေနည်းလာတာအမှန်ပါပဲ။
Disclaimer: Above translation is not a direct translation. Alternations of the ways of describing certain details have been made for better picture.
Original : GIF, JPG and PNG - What's the difference?
8 comments:
testing
ကိုဇေယျာကြီး ဆီပုံ:မရှိလို့ ဒီမှာပဲ လာအော်သွားတယ်။
TAG ထားတာ ရေးပေးဦးနော် ။ :P
Just want to add:
The best thing about PNG would be it's ability to store alpha value in 255 degrees.
It's very useful when saving transparent images with anti-aliasing kinda feel, to use as an overlaying image on top of non-white background or pattern background.
GIF တွေကို transparent အနေနဲ့သုံးတယ်ဆိုရင် background အဖြူပေါ်မှာအဆင်ပြေပေမယ့် တချို့ color တွေမှာဆိုရင်တော့ အနားတွေ ချောမွေ့မှု သိပ်မရှိဘူးဗျ။ နည်းလမ်းကောင်းလေးတွေ ရှိရင် လုပ်ပါဦး။ :)
ဟုတ်ပါတယ် .. ဝေယံပြောတာမှန်ပါတယ်။ ပုံမှန်ဆို PNG သုံးလိုက်ရင် အားလုံးအဆင်ပြေသွားတာပါ။ ဒါပေမယ့် IE6 မှာ PNG ရဲ့ transprant ကို support မလုပ်တော့ GIF မှာ တွယ်ကပ်နေရသေးတာပေါ့။ နောက်ပီး file size လဲအတော်ကွာနေသေးတယ်။
မေ့လို့ ...
IE6 အတွက် PNG-FIX script ရေးလို့ရတယ်။ ခုတော့ မမှတ်မိဘူး။ တစ်ခါ ရေးဖူးတယ်။ :P
ဟုတ်တယ်ဗျ။ အဲဒါတွေကြောင့် IE ကိုမသုံးချင်တာ။ IE7 ကျမှနည်းနည်းလေး တိုးတက်လာတယ်။ IE6 အတွက် fix လုပ်နည်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် အလုပ်ရှုပ်တယ်ဗျ။ IE6 ကိုလူတွေ မသုံတော့ရင်ကောင်းမယ်ဗျာ။
အကိုရေ ကျေးဇူးပါ.. ကျွန်တော်မသိတာတွေ သိလိုက်ရတယ်.. ကျွန်တော်က များသောအားဖြင့် transparent လိုရင် png ယူသုံးလိုက်တာပဲများတယ် fix ကိုတော့ .htc ဖိုင်နဲ့ conditional css သုံးပြီး လုပ်ပါတယ်.. အမှန်တော့ ကျွန်တော်လဲ IE ကို မသုံးတော့ fix လဲ မလုပ်ချင်တော့ဘူး ဟီး
Post a Comment