TAG ဂိမ်ထဲ ကျနော်ဝင်လာပီပေါ့။ ဟိုလူ ဘိုဘို လူကို ချိန်းခြောက်ပြီး ရေးခိုင်းလို့ ရေးရတာပါ။ နဂိုကမှ မစွံလို့ ဟာကို တစ်ခုလတ်နဲ့ ညားပါစေဘာညာနဲ့။ ဟီးဟီါ်
ပထမဆုံး နေခဲ့တဲ့မြို့ — တနင်္သာရီမြို့ ...
ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အ.မ.က ကျွဲနားထောက်၊ အနီးစခမ်း၊ ပြင်ဦးလွင်မြို့။
ပထမဆုံး အတန်း — ဟမ် .. သူငယ်တန်းပေါ့ (what a question?)
ပထမဆုံး သူငယ်ချင်း၊ ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — ပထမဆုံးရခဲ့တဲ့ သူငယ်ချင်းက ချမ်းငြိမ်းကျော်တဲ့ မူကြိုမှာ သိတာ၊ ဒါပေမယ့် သူက bully ကောင်၊ သိပ်မတွဲဖြစ်ဘူး။ တကယ်ခင်ဖြစ်တာက ခိုင်ခင်ဦး ပဲဖြစ်မယ်ထင်တယ်။ (သိပ်မမှတ်မိတော့ဘူး)။ ကျောင်းသူငယ်ချင်းလဲ တူတူလောက်ပါပဲ။ ဒါပေမယ့် ကျောင်းမှာက ကျောင်းသား ၁၀ ယောက်ပတ်ဝန်းကျင်လောက်ပဲ ရှိတော့ အားလုံးနဲ့ ခင်ဖြစ်နေတာ များတယ်။ ခုထိပါပဲ။
ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — မူကြိုစာအုပ်တွေဖြစ်မယ်ထင်တယ်။ အဲဒိထဲက ပုံလေးတွေ အရမ်းကြိုက်တယ်။ နောက် မူကြိုမှာထဲက သူငယ်တန်းစာအုပ် ရှိနေတာ မှတ်မိတယ်။
ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ — က၊ ခ ရယ် a b c d ရယ်ပဲပေါ့။ နောက် မူကြိုမှာ သင်ရတဲ့ ကဗျာတွေ။
ပထမဆုံး အရိုက်ခံရခြင်း — အဲဒါတော့ မမှတ်မိဘူး။ ငယ်ငယ်က အတော်အရိုက်ခံရတယ်။ အဟား။ ကျောင်းမှာတော့ ၄ တန်းကျမှ အရိုက်ခံရတယ်။ ဆောက်လက်စ ကျောင်းကြီးမှာ ၄ တန်းတခန်းလုံး တူတူပုံးတန်းဆော့လို့လေ။ တတန်းလုံးအရိုက်ခံရတာ။ ပျော်စရာကြီး။ အဟီး
ပထမဆုံး ရတဲ့ဆု — မူကြိုမှာ တက်တုံးက လွတ်လပ်ရေးပွဲမှာ ဆုရဖူးတယ်။ အကျီင်္အ၀တ်ပြိုင်ပွဲထင်တယ်။ ပညာရေးနဲ့ကတော့ သူငယ်တန်းမှ ဒုတိယရဖူးတယ်။ နောက်ပိုင်းတော့ ၁ - ၅ ကြားပဲ များပါတယ်။
ပထမဆုံး သွားဖူးတဲ့ခရီး — ခရီးဆိုတာ ပျော်စရာခရီးကိုပြောတာလား။ ငယ်ငယ်က ခဏခဏနေရာပြောင်းနေရတော့ ခရီးက ငယ်ငယ်ထဲက သွားနေရတာပဲလေ။ (မွေးတာက မြိတ်မှာ)။ မှတ်မိတာက ငယ်ငယ်က ပြည်ကို အဖေနဲ့ သွားဖူးတာမှတ်မိတယ်။ အဖေက ကျနော့ idol ပေါ့အဲဒိတုန်းက။ ဘာလို့ဆို အဖေက အမြဲအလုပ်ရှုပ်နေတာများတယ်။ အဲဒိတစ်ခါပဲ ကျနော်နဲ့ အမြဲတမ်းနီးပါးရှိနေတာလေ။
ပထမဆုံး စီးဖူးတဲ့ကား — သေခြာမမှတ်မိဘူး။ ငယ်ငယ်က ခရီးသွားရင်ကားစီးနေရာပဲဟာကို။ ကိုယ်ပိုင်ကားဆိုရင်တော့ လွန်ခဲ့တဲ့ ၃ နှစ်ကမှ အဖေ၀ယ်တဲ့ Taxi တစ်စီးပေါ့။
ပထမဆုံး ဆိုတဲ့သီချင်း — ဘိုဘိုဟန်ရဲ့ သီချင်းဖြစ်နိုင်သလို၊ ခင်မောင်ထူး သီချင်းလဲ ဖြစ်နိုင်တယ်။ သေခြာတာကတော့ ဟိုးငယ်ငယ်လေးထဲက သီချင်းဆိုနေတာပဲ။ တချိန်လုံး။
ပထမဆုံး ရေးတဲ့ကဗျာ — ရေးဖူးဘူး
ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ၈ တန်းတုန်းက ရေးဖူးတယ်။ (အမှန်က သူများရေးပေးတာကို လိုက်ကူးတာပါ။)ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — ဘယ်လိုပြောရမလဲ။ ရည်းစားထားတယ်လို့ ခုထိ တစ်ခါမှ မရှိဖူးဘူး။ ချစ်တဲ့ ကြိုက်တဲ့ ကောင်မလေးတွေတော့ရှိတယ်။ ဒါပေမယ့် ရည်းစားရယ်လို့ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ကောင်မလေးတွေက ပြန်မကြိုက်ဘူးပေါ့ဗျာ။ ( တစ်ခါမှမတွေ့ဖူးပဲနဲ့ online ကနေတော့ ၆ လလောက် ရည်းစားရဖူးတယ်။ ဒါပေမယ့် သူလေးလဲ အပြင်မှာတကယ်တွေ့တဲ့ရည်းစားရတော့ ကျနော့ကို ထားသွားတယ်ပေါ့။ အဟတ်ဟတ်)
ပထမဆုံး ချစ်သူ — ပထမဆုံးချစ်တာဆိုရင် ၈ တန်းတုန်းက တစ်ယောက်ပေါ့။ အချစ်ဦးလို့ပြောလို့ရတယ်။ ရည်းစားတော့ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် သူ့ကို အတော်ချစ်ခဲ့တာ။ ခုချိန်ပြန်စဉ်းစား၊ ပြန်ပြောရင် အရမ်းရယ်ရတယ်။ ၈ တန်းလေးရှိသေးတာလေ။။ ဟားဟား
ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — ရွှေသွေး၊ မိုးသောက်ပန်း။
ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — ဇော်ဝင်းထွဋ်ရဲ့ ဆေးဆိုးပန်းရိုက်မျက်နှာ နဲ့ မျိုးကျော့မြိုင်ရဲ့ ကမ္ဘာကြီးအပြင်ဖက်။
ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — မမှတ်မိတော့ဘူး။ ၂၀၀၀ မှာတက်ရတာတော့သိတယ်။
ပထမဆုံး ရဖူးတဲ့လက်ဆောင် — အဖွား မြိတ်ကနေ ပြင်ဦးလွင်ထိ ပို့လိုက်တဲ့ ပုဆိုးလေးတစ်ထည်။ ကျန်တာတွေရှိပေမယ့် အဲဒိ ပုဆိုးလောက်ဘယ်ဟာမှ တန်ဖိုးမရှိသလိုပဲ ခံစားရတယ်။ ကျနော်က အဖိုးအဖွားတွေနဲ့ မနေခဲ့ရဘူးလေ။ ကျနော်လူမှန်းသိတတ်တဲ့အချိန် နောက်ပိုင်းသိပ်မကြာဘူး။ အကုန်ဆုံးကုန်ကြတယ်။ :( ၀မ်းနည်းလို့မဆုံးဘူး။ ဒါကြောင့် အဖေနဲ့ အမေ့ကို အသက်ရှည်ရှည်နေလို့ ပြောထားတယ်။ မြေးတွေနဲ့ ကြာကြာနေရအောင်။ :D
ပထမဆုံး အလုပ် — Project Supervisor, KMD (လခ ၅၀၀၀ ရတယ်။ အဲဒါ သူငယ်ချင်းက အိမ်မှာ တံမြတ်စီးလာလှည်းပါလားတဲ့ ၅၀၀၀ ပေးမယ်တဲ့။ ခနဲ့တယ်လေ)
ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ၅ တန်းတုံးက ရွှေဘို။ ၀က်လက် ဖက်ကို ဦးလေးနဲ့ သွားပီး။ ပြန်တော့ တစ်ယောက်ထဲ ပြင်ဦးလွင်ထိ ပြန်လာတယ်။ အဲဒိနောက်ပိုင်း ငါလုပ်နိုင်တယ်ဆိုတဲ့ confident အရမ်းတက်လာတယ်။
ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — ဆေးလိပ်က ၁၀ တန်းနှစ် မြို့ထဲမှာ ကြူရှင်တက်တော့ ကော်ဖီသောက်ရင်း ပဲများပီးသောက်ဖူးတာ။ MildSeven ၂ ကျပ်ပေးရတယ်။ မှတ်မိနေတယ်။ အဖြူရောင်ဆေးလိပ်လေးကို ဟန်ပါပါဖွာရင်း ကျောင်းသွားရတာ ကိုယ့်ကိုယ်ကို ဆရာကြီးစိတ်ဝင်နေတာပေါ့။ အရက်ကတော့ ပထမနှစ်လောက်မှာ သောက်ဖူးတယ် သင်္ကြန်တွင်းပေါ့။ ဒါပေမယ့် မကြိုက်ဘူး။ ခုထိ အရက် မသောက်ဖြစ်ဘူး။ ဆေးလိပ်တော့ ခုထိသောက်တယ်။
ပထမဆုံး တက်ဖူးသော ဆေးရုံ — မပြောကောင်းမဆိုကောင်း ခုထိတော့ မတက်ဖူးသေးဘူး။
ပထမဆုံး ဘလော့ပို့စ် — စတင်မိတ်ဆက်ခြင်း ပေါ့လို့ အဟိ။
ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မမီ (မယ်လိုဒီမောင်)၊ ပင့်ဂိုးနဲ့အရင်သိတာ ဒါပေမယ့် သူ့ကို ဘလော်ဂါအနေနဲ့မဟုတ်ဘူး။
ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — ပထမဦးဆုံးရတဲ့ လခကို သူငယ်ချင်းတွေကို ကန်တော့လိုက်တယ်။ အဲလေ .. အဲဒိလက ကျနော့်မွေးနေ့ဆိုတော့ သူတို့ကိုကျွေးလိုက်တယ်။ သူတို့ကို လခအကုန်ပေးလိုက်ရုံပါပဲ။ သူတို့လုပ်ပေးတာက လခထက်ပိုပါတယ်။ အမှတ်တရပဲ။ love you guys!
ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ငယ်ငယ်က ခဏခဏ ရန်ဖြစ်တာပဲ။ ဖြစ်တိုင်းလဲ ငိုပြီး ခံလာတာပါပဲ။ ဟာဟ။ (အမှန်တော့ bully အလုပ်ခံရတာပါ)။ ကိုယ်နိုင်တဲ့ ပွဲကတော့ ၅ တန်းတုန်းက သူငယ်ချင်းတစ်ယာက်နဲ့ဖြစ်တာ။ လာစတော့ အရမ်းစိတ်ဆိုးပြီး၊ (ကြောက်ရမ်းရမ်းပြီး )ဆွဲထိုးထားလိုက်တာလေ။ "မင်းကြောက်ပီလားလို့ အသားကုန်အော်မေးတာ" အေးအေး ကြောက်ပါပြီးကွာ ဆိုပီး ဖူးရောင်နေတဲ့ မျက်နှာနဲ့ အောက်က သူငယ်ချင်းက ပြောရင်း ပြုံးပြတယ်။ (သူက ကတယ့်ကို ချစ်လို့စတာပါတဲ့ နောက်မှ ပြန်ပြောတယ် .. :D အထိုးခံရာတလဲ စိတ်မဆိုးရှာဘူး။ ) အဲဒိမှာ သူနဲ့ အရမ်းခင်သွားတာ။ ညဏ်ဝင်းသိန်းလို့ခေါ်တယ်။ ဆရာဝန်ဖြစ်နေဘီ။ ပြင်ဦးလွင်က အနီးစခန်း ဖက်ရောက်ရင် ဒေါက်တာညဏ်ဝင်းသိန်းဆို မသိတဲ့လူ ရှားနေပါပြီး။ အရမ်း စိတ်သဘောကောင်းတာပါ။
ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) — မထိုးဖူးဘူး။ စိတ်လဲမပါဘူး။ ပေါက်လဲပေါက်မှာမဟုတ်ဖူး။
ပထမဆုံး ရင်ခုန်ဖူးခြင်း — KMD မှာအလုပ်ဝင်နေတုန်း ကြိုက်ခဲ့တဲ့ ကရင်မလေးနဲ့ စပြီး မျက်လုံးချင်းဆုံတဲ့အချိန်။ (သူနဲ့လဲ မကြိုက်ခဲ့ပါဘူး)
ပထမဆုံး တီးဖူးတဲ့ဂစ်တာ — ၈ တန်းတုန်းက အမေနဲ့ သွားဝယ်ပြီးတီးတာ။ အဟား။ တီးလဲမတီးတတ်ပဲနဲ့။ သင်လဲမသင်ပဲနဲ့။ တဂွမ်ဂွမ်ပေါ့။
ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — Singapore (လွန်ခဲ့တဲ့ ၃ နှစ်က)
နှင်းပွင့်ဖြူလေး နင်ရေးတာလဲ ဖတ်ချင်တယ်။ လုပ်ဦး။
ယွန်းယွန်း (မင်းယွန်းသစ်) လေးလဲ ရေးချင်မယ်ထင်တယ်။ ဖတ်ချင်သဗျာ။
2 comments:
မိုးဝေကို ရေးသလိုဘဲ ရေးလိုက်မယ်
ကောင်းပါဒယ် ကောင်းပါဒယ်
အိုင်ဒီယာက လတ်ဆတ်တယ်
ဂွတ်တယ်ထင်ရင် ဒူးသားဒူး
အိုင်တို့ ရှိတယ်
ပင်လယ်က tuas နားမှာ
မြစ်က မရှိလို့ new water သောက်နေရတယ် :P
ိ
့hahaha! လုပ်ပီ
Post a Comment