လူထဲက လူတစ်ယောက်အတိုင်းပဲ အချစ်၊ အတ္တ၊ မာန၊ ဒေါသ တွေနဲ့ နေ့စဉ်ရှင်သန်ရင်း ဗုဒ္ဓရဲ့ အဆုံးအမနဲ့ အညီနေထိုင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အားလပ်ချိန်လေးရတဲ့အခါ blog ရေးရင်း ကိုယ့်ခံစားချက်လေးတွေ မျှဝေဖြစ်တာပါ။

Kerli [Music]

  • Posted: 10/21/2008
  • |
  • Author: ကိုဇေယျာ



ကျနော် ပထမဦးဆုံး
Kerli ကိုစသိတာ၊ တိုက်ဆိုင်လို့ဆိုပါတော့။ softarchive.net မှာ သီချင်းတွေရှာရင်း သူ့ရဲ့ Album ကိုသွားတွေ့ပါတယ်။ ဘာရယ်မဟုတ်ဘူး စမ်းကြည့်မယ်ဆိုပီး google လိုက်ပါတယ်။ အဲဒိမှာ စတွေ့တော့တာပါပဲ။

YouTube မှာ သူ့ရဲ့
Love is Dead Video ကိုကြည့်လိုက်တဲ့အခါ လုံးဝခိုက်သွားတယ် (below)။ သူ့အသံက Evanescence နဲ့ Avril Lavigne ရောစပ်ထားသလိုပဲ။ MTV ရိုက်ထားတဲ့ အထာလေးကိုလဲ အတော်ကြိုက်တယ်။ ဒါနဲ့ သူ့ site ကိုသွားကြည့်ပီး သူ့ရဲ့ နောက် MTV တစ်ခုထပ်ကြည့်ဖြစ်တယ်။ Walking On Air ပေါ့။

ကြိုက်မိတဲ့ သီချင်းလေးတွေက .. လောလောဆယ်ထိ .

1. Love is Dead
2. Walking on Air
3. Beautiful Day
4. Butterfly Cry နဲ့
5. Creepshow တို့ပါပဲ။

သယ်ရင်းတို့လဲ ကြိုက်လိမ့်မယ် ထင်ပါတယ်။ find out more at here and here



Subscribe via Email-

Enter your email address: